ကျဆုံးသွားတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ဂုဏ်ပြုဖို့စီစဉ်


2013.11.21

၁၉၈၈ ခုနှစ်ကနေ အခုအချိန်ထိ စစ်ကြောရေးစခန်းတွေနဲ့ အကျဉ်းထောင်တွေထဲမှာ သေဆုံးသွားရတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ဂုဏ်ပြုမယ့်အစီအစဉ်တစ်ရပ်ကို ရန်ကုန်မြို့အခြေစိုက် နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့နဲ့ ထိုင်း-မြန်မာနယ်စပ် အခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP တို့ပေါင်းပြီး စီစဉ်နေတယ်လို့ သိရပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ ရန်ကုန်မြို့အခြေစိုက် နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့က ကိုသက်ဦးက RFA ကို အခုလိုပြောပါတယ်။

“စစ်ကြောရေးစခန်းတွေနဲ့ အကျဉ်းထောင်တွေထဲမှာ ကျဆုံးသွားတဲ့သူတွေကို သူတို့မိသားစုကိုဂုဏ်ပြုမယ့် အစီအစဉ်ပေါ့လေ၊ အဲဒီအစီအစဉ်မှာ ကျနော်တို့က AAPP အဖွဲ့နဲ့ ပူးပေါင်းဆောင်ရွက်တာဖြစ်တယ်”

သူတို့အဖွဲ့က လက်ရှိရထားတဲ့ အကျဉ်းထောင်အတွင်း သေဆုံးသူဦးရေ အယောက် ၄၀ လောက်ရှိပြီလို့ ဆိုပါတယ်။ AAPP အဖွဲ့ကလည်း ပြုစုထားတဲ့စာရင်းရှိနေပြီး လွန်ခဲ့တဲ့နှစ်ကာလတွေက အဲဒီသူတွေနဲ့ပတ်သက်လို့ စာအုပ်တစ်အုပ် ထုတ်ဝေထားပါတယ်။

ကိုသက်ဦးကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။