သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2021-09-01
မြန်မာနိုင်ငံမှာ အာဏာသိမ်းစစ်ကောင်စီ လက်အောက်ကနေ ရုန်းထွက်ဖို့ ဒေသအသီးသီးက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေဟာ တစ်ဖွဲ့ချင်းစီအလိုက် ပြောက်ကျားစနစ်နဲ့ရော တိုက်ပွဲအသွင်နဲ့ပါ တော်လှန်ရာကနေ တစ်ပြည်လုံး အတိုင်းအတာနဲ့ တော်လှန်နိုင်ဖို့ မဟာမိတ်တွေအဖြစ် ဖွဲ့စည်းလာကြပါတယ်။
2021-09-01
အာဏာသိမ်းစစ်ကောင်စီ ဒုဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ဦးဆောင်တဲ့ အဖွဲ့ဟာ ရှရှားနိုင်ငံမှာကျင်းပနေတဲ့ International Army Games - 2021 ပိတ်ပွဲအခမ်းအနားကိုတက်ရောက်ဖို့ စက်တင်ဘာလ ၁ ရက် ဒီနေ့မနက်ပိုင်း နေပြည်တော်လေဆိပ်ကနေ ထွက်ခွာသွားပါတယ်။
2021-09-01
မြန်မာနိုင်ငံက သက်ဆိုင်ရာ အဖွဲ့အစည်းအားလုံးအနေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ တရားဥပဒေဘောင်ထဲကနေပြီး နိုင်ငံရေးဆိုင်ရာ စေ့စပ်ဆွေးနွေးမှုမှတစ်ဆင့် ဆီလျော်တဲ့အဖြေတစ်ရပ်ကို ရှာဖွေကြဖို့ မျှော်လင့်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူ မစ္စတာ ဝမ်ဝင်ပင်း (Wang Wenbin) က မနေ့က ပြောလိုက်ပါတယ်။
2021-09-01
မန္တလေးတိုင်း၊ မြင်းခြံမြို့နယ် အမှတ် (၂၀) ရပ်ကွက် ချောင်းဒေါင်းရွာ အုပ်ချုပ်ရေး မှူးဟောင်း ဦးကိုနီရဲ့ နေအိမ်ကို သြဂုတ်လ ၃၁ ရက်နေ့ မနေ့ညက ဆိုင်ကယ်နဲ့ အရပ်ဝတ်လူတစ်စု ရောက်လာပြီး ပစ်ခတ်ခဲ့တာကြောင့် တစ်ဦး သေဆုံးပြီး တစ်ဦး ဒဏ်ရာရှိခဲ့တယ်လို့ မြင်းခြံမြို့ ဒေသခံတွေက RFA ကို ပြောပါတယ်။