သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2022-12-01
ရှမ်းပြည်နယ်တောင်ပိုင်း မိုးဗြဲ၊ ဖယ်ခုံမြို့နယ်နဲ့ ကယားပြည်နယ်အတွင်းမှာ စစ်တပ်က အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ကနေ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၃၀ ရက်နေ့အထိ ၂၂ လတာကာလအတွင်း အရပ်သား ၄၀၀ သေဆုံးခဲ့တယ်လို့ တိုးတက်သောကရင်နီပြည်သူ့ အင်အားစု PKPF က ဒီဇင်ဘာလ ၁ ရက်၊ ဒီနေ့သတင်း ထုတ်ပြန်ပါတယ်။
2022-12-01
ဝပြည် သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ထိန်းချုပ်ဒေသအတွင်း တရုတ်နိုင်ငံသားအများစု ပါဝင်ပတ်သက်နေတဲ့ ငွေလိမ်ဂိုဏ်းတွေ လှုပ်ရှားနေပါတယ်။ ကိုဗစ်ကပ်ရောဂါနဲ့ စစ်အာဏာသိမ်းမှုနောက်ပိုင်း ဒီလိုငွေလိမ်ဂိုဏ်းတွေ ၀ ဒေသအတွင်း ဝင်လာတာလို့ ဒေသခံတွေက ပြောပါတယ်။
2022-12-01
၂၀၁၉ ကိုဗစ်ကပ်ရောဂါဒဏ်ကို အပြင်းအထန် ခံစားခဲ့ရပြီး ၂၀၂၁ အာဏာသိမ်းမှုဒဏ်ကို အခုချိန်ထိ ခံစားနေရတဲ့ မြန်မာပြည်သူတွေဟာ စိတ်ပိုင်းဆိုင်ရာ ထိခိုက်နာကျင်မှု၊ စိုးရိမ်ကြောင့်ကြမှု၊ မလုံခြုံမှုနဲ့ အကြောက်တရားကြောင့် စိတ်ဒဏ်ရာတွေ ရလာကြတယ်လို့ ကိုယ်တွေ့ကြုံသူတွေနဲ့ ဆေးပညာ ကျွမ်းကျင်သူတွေက ပြောပါတယ်။
2022-12-01
ဧရာ၀တီတိုင်း၊ ဖျာပုံအကျဉ်းထောင်မှာ ဖမ်းဆီးခံထားရတဲ့ သတင်းထောက် ကိုမျိုးစံစိုးကို ဖျာပုံထောင်တွင်းတရားရုံးက နိုဝင်ဘာ ၃၀ ရက်၊ မနေ့က ထောင်ဒဏ် ၁၅ နှစ်ချမှတ်ပြီး ဒီဇင်ဘာလ ၁ ရက်၊ ဒီနေ့ မနက်မှာ ပုသိမ် အကျဉ်းထောင်ကို ရွှေ့ပြောင်းလိုက်တယ်လို့ ကိုမျိုးစံစိုးရဲ့ မိသားစုက RFA ကို ပြောပါတယ်။
2022-12-01
ဒဂုံတက္ကသိုလ်ကျောင်းသားခုနစ်ဦးကို နိုဝင်ဘာလ ၃၀ ရက် မနေ့က အင်းစိန်ထောင်တွင်း စစ်တရားရုံးကနေ ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၃၀၂ ၊ ပုဒ်မခွဲ (၁) (ခ) နဲ့ သေဒဏ်ချမှတ်လိုက်တယ်လို့ မိသားစုဝင်တွေနဲ့ ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂက အတည်ပြု ပြောဆိုပါတယ်။
2022-12-01
မကွေးတိုင်း၊ မကွေးမြို့ ဆေးတက္ကသိုလ်က ကျောင်းသားခေါင်းဆောင် ကိုကောင်းဆက်နိုင်ကို ကရင်ပြည်နယ် မြဝတီခရိုင်တရားရုံးက နိုဝင်ဘာ ၃၀ ရက် မနေ့က အကြမ်းဖက်မှုတိုက်ဖျက်ရေး ပုဒ်မ- ၄၉ (က) နဲ့ ထောင် ၁၅ နှစ် အမိန့်ချလိုက်တယ်လို့ ကိုကောင်းဆက်နိုင်ရဲ့ နိုင်ငံရေးလုပ်ဖော်ကိုင်ဖက်တစ်ဦးက RFA ကို ဒီနေ့ ပြောပါတယ်။
2022-12-01
စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်မှာ နိုဝင်ဘာ ၃၀ ရက်ကနေ ဒီဇင်ဘာလ ၁ ရက် ဒီနေ့မနက်ပိုင်းအထိ ကျေးရွာလေးရွာကို စစ်ကောင်စီတပ်ဖွဲ့တွေဝင်ရောက်လာပြီး နေအိမ်တွေမီးရှို့ခံနေရတာကြောင့် ဒေသခံ ငါးထောင်နီးပါး နေရပ်စွန့်ခွာထွက်ပြေးနေရတယ်လို့ ဆားလင်းကြီး ဒေသခံတွေက RFA ကို ပြောပါတယ်။
2022-12-01
စစ်ကောင်စီရုံးစိုက်ရာ နေပြည်တော်ကောင်စီနယ်မြေက လယ်ဝေးမြို့လယ်မှာ ဒီဇင်ဘာလ ၁ ရက် ဒီနေ့မနက်ပိုင်းက ဗုံးတစ်လုံး ပေါက်ကွဲခဲ့ပါတယ်။
2022-12-01
ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ချင်းရွှေဟော်မြို့နယ် နမ့်ဖာတောင်အနီးတစ်ဝိုက်မှာ နိုဝင်ဘာလ ၂၇ ရက် နေ့ကစပြီး စစ်ကောင်စီတပ်နဲ့ MNDAA ကိုးကန့်တပ်ဖွဲ့တို့အကြား သုံးရက်ကြာတိုက်ပွဲအတွင်း စစ်ကောင်စီဘက်က တပ်ရင်းမှူး ဒဏ်ရာရပြီး တပ်ခွဲမှူးနှစ်ဦး အပါအဝင် ဆယ်ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ MNDAA ကိုးကန့်တပ်ဖွဲ့က နိုဝင်ဘာလ ၃၀ ရက် မနေ့က သတင်းထုတ်ပြန်ပါတယ်။
2022-12-01
ရခိုင်ပြည်နယ်မှာ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ ယာယီအပစ်အခတ် ရပ်စဲလိုက်ပြီးနောက် နိုဝင်ဘာ ၂၈ ရက်နေ့က ပြန်ဖွင့်ပေးခဲ့တဲ့ ရေချမ်းပြင် - အငူမော် ဆိပ်ကမ်းကို စစ်ကောင်စီတပ်က ဒီနေ့မှာပဲ ပြန်ပိတ်လိုက်ပါတယ်။