သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2023-10-02
မိုးမောက်မြို့နယ် လိုင်လွမ်အောင်ဂျာ တပ်စခန်းအနီးမှာ စစ်ကောင်စီတပ်နဲ့ KIA အကြား တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်က လေကြောင်းကနေ သုံးကြိမ်တိတိ ပစ်ခတ်တိုက်ခိုက်ခဲ့ရပါတယ်။
2023-10-02
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက် ဒီနေ့အထိ အရပ်သား ထိခိုက်သေဆုံးမှုတွေဟာ ရှိနေဆဲဖြစ်ပါတယ်။
2023-10-02
ကယားနဲ့ ရှမ်းပြည်နယ်တောင်ပိုင်းတွေမှာ အာဏာသိမ်းပြီးနောက် ၂၀၂၃ စက်တင်ဘာ ၃၀ ရက်အထိ ကလေးငယ်နဲ့ အမျိုးသမီး စုစုပေါင်း ၁၅၅ ဦး သေဆုံးခဲ့တယ်လို့ PKPF တာဝန်ရှိသူ အိုက်ကဖြူးက ပြောပါတယ်။
2023-10-02
ပေါက်မြို့နယ်မှာ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် စက်တင်ဘာ ၃၀ နဲ့ အောက်တိုဘာ ၁ ရက်နေ့တွေမှာ အရပ်သားခုနစ်ဦး ဒဏ်ရာ ရရှိခဲ့တယ်လို့ ပြောပါတယ်။
2023-10-02
လက်နက်ကိုင် ခုခံမှုတွေကို နှိမ်နင်းဖို့ စစ်ကောင်စီက တာဝန်ချထားတဲ့ တပ်သားတွေထဲက ခြောက်ဦးဟာ ချင်းဒေသ ကာကွယ်ရေးတပ်ဖွဲ့ (CDF) တွေဆီ ဘက်ပြောင်း ခိုလှုံခဲ့ပါတယ်။
2023-10-02
ထားဝယ်ထောင်က အကျဉ်းသားငါးဦးဟာ စက်တင်ဘာ ၃၀ ရက်က ထောင်အပြင်ထွက်ပြီး ရာဘာထင်းသယ်ချိန်မှာ လုံခြုံရေးဝန်ထမ်းနှစ်ဦးကိုသတ်ပြီး ထွက်ပြေးသွားတယ်လို့ ပြောပါတယ်။
2023-10-02
ရန်ကုန်မြို့မှာ ပြင်ပစားအုန်းဆီဈေးနှုန်းကြီးမြင့်မှုတွေကြောင့် သာမန်လက်လုပ်လက်စားတွေဟာ တရားဝင်သတ်မှတ်ဈေးနဲ့ရောင်းချတဲ့ ဆီဆိုင်တွေကိုရှာပြီး တန်းစီစနစ်နဲ့ ဝယ်ယူနေကြရပါတယ်။
2023-10-02
၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၁ ရက်နေ့အထိ မြန်မာနိုင်ငံရဲ့ လူဦးရေဟာ ၅၆ ဒဿမ၂ သန်းရှိတယ်လို့ အောက်တိုဘာ ၂ ရက်ထုတ် စစ်ကောင်စီအာဘော်သတင်းစာတွေကနေ ထုတ်ပြန်ပါတယ်။
2023-10-02
မန္တလေးမြို့ နန်းတော်နဲ့ ကျုံးတောင်ဘက် နေအိမ်တစ်လုံးပေါ်ကို လက်နက်ကြီးကျည်တစ်လုံး ကျရောက်ပေါက်ကွဲခဲ့လို့ နေအိမ် ထိခိုက်ပျက်စီးခဲ့ပါတယ်။
2023-10-02
ဖားကန့်မြို့ ရဲစခန်းကုန်း တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်က လူနေရပ်ကွက်တွေဘက်ကို လက်နက်ကြီးနဲ့ ပြန်လည်ပစ်ခတ်ခဲ့တာကြောင့် မိသားစုဝင် သုံးဦး ဒဏ်ရာရရှိခဲ့တယ်လို့ ပြောပါတယ်။
2023-10-01
အွန်လိုင်းရာဇဝတ်ဂိုဏ်းတွေဟာ အရှေ့တောင်အာရှက ကာစီနိုတွေနဲ့ အွန်လိုင်းလောင်းကစားက အစပျိုးလာတာလို့ ကုလသမဂ္ဂက ပြောပါတယ်။
2023-10-01
ရန်ကုန်တိုင်း၊ ကြည့်မြင်တိုင်မြို့နယ် ဗားကရာအနီးဝန်းကျင်မှာနေတဲ့သူတွေဟာ သီတင်းကျွတ်ခါနီးတိုင်း မီးပုံးလုပ်ငန်း လုပ်ကိုင်ကြပါတယ်။ မီးပုံးလုပ်ငန်းကို ခါတော်မီလုပ်ငန်းလို့လည်း ခေါ်ကြပါတယ်။
2023-10-01
၂ဝ၂ဝ-၂ဝ၂၁ ခုနှစ်က ကုန်သွယ်မှုဟာ အမေရိကန်ဒေါ်လာ ၁၅.၇ သန်းပဲရှိခဲ့ရာက ၂၀၂၃ မှာ အမေရိကန်ဒေါ်လာ သန်းလေးရာအထိ တိုးလာတာလို့ Russia Briefing သတင်းက ဖော်ပြပါတယ်။
2023-10-01
လူထုလှုပ်ရှားမှုတွေမှာ ပူးပေါင်းဆောင်ရွက်ဖို့ ဖွဲ့စည်းလိုက်တာလို့ မုံရွာလူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီဝင် ကိုခန့်ဝေဖြိုးက ပြောပါတယ်။
2023-10-01
MNDAA က တပ်ဖွဲ့ဝင် ၂၈ ဦး လက်နက်တွေနဲ့ ခိုလှုံလာတယ်ဆိုတဲ့ စစ်ကောင်စီရဲ့ထုတ်ပြန်ချက်ဟာ သတင်းမှားဖြစ်တယ်လို့ MNDAA က ငြင်းလိုက်ပါတယ်။