သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2016-09-07
ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေး ကော်မရှင်ကို ပြည်တွင်းပညာရှင်တွေနဲ့ ပြင်ဆင်ဖွဲ့စည်းပေးဖို့ တိုက်တွန်းတဲ့ အရေးကြီး အဆိုကို ဒီနေ့ ပြည်သူ့လွှတ်တော် မှာ ဆွေးနွေးပြီးနောက် မဲခွဲဆုံးဖြတ်ရာမှာ ကန့်ကွက်သူများတဲ့အတွက် အဆိုရှုံးနိမ့် သွားပါတယ်။
2016-09-06
စစ်ကိုင်းတိုင်းဒေသကြီး ကနီမြို့နယ် ချင်းတွင်းမြစ် အနီးက ညောင်ပင်ဝန်းကျေးရွာမှာ ပေတစ်ထောင်ကျော် အရှည်ရှိတဲ့ မြေအက်ကွဲကြောင်းကြီး မနေ့က စတင်ဖြစ်ပေါ်နေပြီး ဒေသခံတွေက စိုးရိမ်နေကြ ပါတယ်။
2016-09-06
ယဉ်ကျေးမှုကိုသာမက လူ့ကျင့်ဝတ် လူ့ဂုဏ်သိက္ခာ ကိုပါ ထိန်းထားတဲ့ ရသစာပေအားနည်းတဲ့အခါ နှလုံးသားမာကျော သွားတတ်တဲ့သဘောရှိတာတွေ ကို RFA အဖွဲ့သူ ဒေါ်စမ်းစမ်းတင်က တင်ပြထား ပါတယ်။
2016-09-06
မြန်မာနိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ အမေရိကန်သမ္မတ အိုဘားမားနဲ့ လာမယ့် စက်တင်ဘာလ ၁၄ ရက်နေ့ အိမ်ဖြူတော်မှာ တွေ့ဆုံမှာဖြစ်တယ်လို့ အမေရိ ကန်အစိုးရ ဒုတိယ အမျိုးသားလုံခြုံရေး အကြံပေးအရာရှိ Ben Rhodes ဘင်ရို့ဒ်စ် က ပြောကြားလိုက်ပါတယ်။
2016-09-06
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုင်ရာ ဥပဒေမှာ ကော်မရှင်ဖွဲ့စည်းခွင့် မပါတဲ့ အတွက် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင် ကို နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာနက ဖွဲ့စည်းတာဟာ ဥပဒေရဲ့အပေါ်ကို ရောက်နေကြောင်း ရခိုင်အမျိုးသား ပါတီ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဦးလှစော က ပြည်သူ့လွှတ်တော်မှာ ဆွေးနွေးခဲ့ပါတယ်။
2016-09-06
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင် ဆန်းစုကြည်ဟာ ၂၈ ကြိမ်မြောက်နဲ့ ၂၉ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးတွေနဲ့ ဆက်စပ်ထိပ်သီးအစည်းအဝေးပွဲတွေ တက်ရောက်ဖို့ ဒီကနေ့ လာအိုနိုင်ငံ၊ ဗီယင်ကျန်းမြို့ကို ရောက်ရှိနေပါတယ်။
2016-09-06
စစ်ကိုင်းတိုင်းဒေသကြီး ကနီမြို့နယ် ချင်းတွင်းမြစ်အနီးက ညောင်ပင်ဝန်းကျေး ရွာမှာ ပေတထောင်ကျော် အရှည်ရှိ တဲ့ မြေအက်ကွဲကြောင်းကြီးဖြစ်ပေါ်နေပြီး လူနေအိမ်လေး လုံးနဲ့ နွားစာထားတဲ့တဲတစ်လုံး ပြောင်းရွှေ့ရမှာ ဖြစ်ပါတယ်။
2016-09-06
ပြီးခဲ့တဲ့နှစ် ရွေးကောက်ပွဲ မဲဆွယ်စည်း ရုံးရေးကာလမှာ လက်ရှိ ရန်ကုန်တိုင်း လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်း သာကေတ မြို့နယ်မှာ မဲဆွယ်စည်းရုံးစဉ် ဓါးနဲ့ဝင်ခုတ်ခဲ့သူ ၃ ဦးကို သာကေတမြို့နယ် တရားရုံးက ဒီနေ့ အလုပ်နဲ့ထောင်ဒဏ် အသီးသီး ချမှတ်လိုက်ပါတယ်။
2016-09-06
မော်တော်ယာဉ်လုပ်ငန်းပေါင်းစုံ ထိန်းသိမ်းရေးကြီးကြပ်မှု (ဗဟို) ကော်မ တီအောက်က အဖွဲ့ ၇ ဖွဲ့မှာရှိတဲ့ ဝန်ထမ်း ၁၅၀၀ ကျော်ဟာ ရန်ကုန်တိုင်းဒေသကြီး အများပြည်သူ သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင် အဖွဲ့အောက်မှာ ပြောင်းရွှေ့ တာဝန်ထမ်းဆောင်ရမှာဖြစ် တယ်လို့ မထသ(ဗဟို) တာဝန်ရှိသူတွေက ပြောပါတယ်
2016-09-06
ပြီးခဲ့တဲ့ ဇန်နဝါရီလ ၉ ရက်နေ့က မီးလောင် ကျွမ်းခဲ့တဲ့ ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့် မြို့နယ်က မင်္ဂလာဈေးကို လာမယ့် ပွင့်လင်း ရာသီမှာ ဖြိုချပြီး အသစ်ပြန်လည်တည်ဆောက်ရေးကို စတင် လုပ်ဆောင်သွားမယ်လို့ ရန်ကုန်မြို့တော်စည်ပင်သာ ယာရေး ကော်မတီဝင် ဒေါ်သန်းမြင့်အောင် က ပြောပါတယ်။
2016-09-06
ရခိုင်ပြည်နယ် စစ်တွေမြို့ကို ဒီကနေ့ ရောက်ရှိ လာတဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း မစ္စတာ ကိုဖီအာနန်နဲ့ ရခိုင်ပြည်နယ် ကော်မရှင် အဖွဲ့ဝင်တွေကို ဒေသခံတွေက ကော်မရှင်ကို အလိုမရှိကြောင်း ၂ ကြိမ် ဆန္ဒပြခဲ့ကြပါတယ်။
2016-09-06
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း မစ္စတာ ကိုဖီအာနန် ဦးဆောင်တဲ့ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင် ဖွင့်ပွဲကို ဒီကနေ့ စက်တင်ဘာလ ၅ ရက်နေ့က တက်ရောက်ပြီး စကားပြောခဲ့ပါတယ်။
2016-09-06
၂၁ ရာစုပင်လုံ ငြိမ်းချမ်းရေးညီလာခံ ကြီး နေပြည်တော်မှာ ကျင်းပနေချိန်မှာ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်တွေမှာ စစ်ပွဲတွေကြောင့် နေရပ် စွန့်ခွာထွက်ပြေးသူ တသိန်းကျော်ဟာ အိမ်မပြန်နိုင်သေးဘဲ အကူအညီတွေ လိုအပ်နေဆဲဖြစ်သလို တိုက်ပွဲသံတွေလည်း ကြားနေရဆဲပဲလို့ ဒုက္ခသည်တွေက ပြောကြ ပါတယ်။
2016-09-06
ဒေသခံတွေကန့်ကွက်နေတာကြောင့် နှစ်ရှည်ပင် အများအပြား ခုတ်လဲှပြီး ရှမ်းပြည်နယ်လွှတ်တော် အဆောက်အအုံသစ် ကို မဆောက်လုပ်တော့ဘဲ လက်ရှိလွှတ်တော်ရုံး အဆောက်အအုံအရှေ့ မြေ ကွက်လပ်မှာ ဆောက်လုပ်ဖို့ စီစဉ်ထားကြောင်း ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ် က ပြောပါတယ်။
2016-09-06
ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ကို ဖျက်သိမ်းပေးဖို့အထိ ရခိုင်အမျိုးသားပါတီက တောင်းဆိုထားတဲ့ အကြောင်း ကော်မရှင် ဥက္ကဌ မစ္စတာ ကိုဖီအာနန်နဲ့ ဒီနေ့ ညနေက တွေ့ဆုံစဉ် ပြောကြားခဲ့တယ်လို့ ရခိုင်အမျိုးသား ပါတီ ဒုတိယဥက္ကဌ ဒေါ်အေးနုစိန် က ပြောပါတယ်။