ရှမ်းပြည်နယ်လွှတ်တော် အဆောက်အအုံသစ် ဆောက်လုပ်မယ့်အကြောင်း မေးမြန်းချက်
2016.09.06
ဒေသခံတွေကန့်ကွက်နေတာကြောင့် နှစ်ရှည်ပင်အများအပြား ခုတ်လဲှပြီး ရှမ်းပြည်နယ်လွှတ်တော်အဆောက်အအုံသစ်ကို မဆောက်လုပ်တော့ဘဲ လက်ရှိလွှတ်တော်ရုံး အဆောက်အအုံအရှေ့ မြေကွက်လပ်မှာ ဆောက်လုပ်ဖို့ စီစဉ်ထားကြောင်း ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က ပြောပါတယ်။
လွှတ်တော်အဆောက်အအုံသစ်ဆောက်လုပ်မယ့် မြေနေရာနဲ့ ပတ်သက်ပြီး အရပ်ဖက်အဖွဲ့တွေ၊ ဒေသခံတွေနဲ့ သတင်းမီဒီယာတွေကို ဒီနေ့ အစိုးရရုံးမှာခေါ်ယူတွေ့ဆုံပြီး ပြောခဲ့တာဖြစ်ပါတယ်။
ဒီနေ့တွေ့ဆုံပွဲကို တက်ရောက်ခဲ့တဲ့ တောင်ကြီးမြို့ခံ ဦးအောင်ကျော်နိုင်ကို RFA သတင်းထောက် မဝေမာထွန်း ဆက်သွယ်မေးမြန်းထားပါတယ်။