သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2016-08-11
လွှတ်တော်မှာ ကိုယ်စားပြုနေတဲ့ တိုင်းရင်းသားပါတီ ၉ပါတီက ကိုယ်စားလှယ်တွေဟာ သြဂုတ်လ ၃၁ရက်နေ့မှာ စတင်ကျင်းပမယ့် ၂၁ ရာစုပင်လုံညီလာခံမှာ တက်ရောက်ခွင့်ရှိမှာ ဖြစ်ပါတယ်။
2016-08-11
အဂတိလိုက်စားမှု သိသိသာသာ ကျဆင်းရေးအတွက် ကိုင်တွယ်ဖြေရှင်းပေးဖို့ အစိုးရကို တိုက်တွန်းကြောင်းအဆိုကို ပြည်သူ့လွှတ်တော်မှာ ဒုတိယနေ့အဖြစ် ဆက်လက်ဆွေးနွေးကြပြီး လွှတ်တော်က အတည်ပြု လိုက်ပါတယ်။
2016-08-11
ရခိုင်ပြည်နယ် စစ်တွေမြို့ ဆတ်ရိုးကျရပ်ကွက်နဲ့ ကျေးတောကျေးရွာအုပ်စုတွေမှာ စစ်အစိုးရလက်ထက်က သိမ်းဆည်းခဲ့ပြီး စက်မှုဇုန် စီမံကိန်းအကောင်အထည် မဖော်ဖြစ်တဲ့ လယ်ယာမြေတွေကို ပြန်လည်ပေးအပ်ဖို့ မူလပိုင်ရှင် တောင်သူတွေက မနေ့က တောင်းဆိုလိုက်ပါတယ်။
2016-08-11
အမေရိကန်အစိုးရ နိုင်ငံခြားရေးဌာနက မနေ့က ထုတ်ပြန်ခဲ့တဲ့ ၂၀၁၅ ခုနှစ်အတွက် နိုင်ငံတကာဘာသာရေး လွတ်လပ်ခွင့်ဆိုင်ရာ အစီရင်ခံစာမှာ မြန်မာနိုင်ငံကို ဘာသာရေးထိန်းချုပ်မှု တင်းကြပ်တဲ့ နိုင်ငံများစာရင်းမှာ ဆက်လက်ထားရှိဖို့ ဖော်ပြထားတာနဲ့ ပတ်သက်ပြီး RFA အဖွဲ့သား ဦးသစ်ဆင်း ကောက်နှုတ်တင်ပြထားတာ နားဆင်နိုင်ပါတယ်။
2016-08-11
၂၁ ရာစု ပင်လုံညီလာခံကျင်းပနိုင်ရေးနဲ့အတူ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ပတ်သက်တဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ အစိုးရသစ်အနေနဲ့ ကြိုတင်ပြင်ဆင်မှု အားနည်းတယ်လို့ ရှမ်းတိုင်းရင်းသားခေါင်းဆောင် ဦးခွန်ထွန်ဦးက ဝေဖန်လိုက်ပါတယ်။
2016-08-10
အမေရိကန်အစိုးရ နိုင်ငံခြားရေးဌာနက ဗုဒ္ဓဟူးနေ့က ထုတ်ပြန်လိုက်တဲ့ ၂၀၁၅ ခုနှစ်အ တွက် နိုင်ငံတကာဘာသာရေး လွတ်လပ်ခွင့်ဆိုင်ရာ အစီရင်ခံစာမှာ မြန်မာနိုင်ငံကို ဘာသာရေးထိန်းချုပ်မှု တင်းကြပ်တဲ့ နိုင်ငံများစာရင်းမှာ ဆက်လက်ထားရှိ ဖို့ ဖော်ပြထားပါတယ်။
2016-08-10
မိုင်းလားမြို့မှာ မနေ့ကပြုလုပ်တဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ သုံးဖွဲ့နဲ့ အစိုးရရဲ့ငြိမ်းချမ်းရေး ကော်မရှင်တို့ တွေ့ဆုံပွဲမှာ လက်နက် စွန့်ခိုင်းတဲ့ အခြေခံအကြောင်းအချက်တွေပါဝင်တဲ့ ထုတ်ပြန်ကြေညာချက် ထုတ်ခိုင်းတာကြောင့် သဘောတူ ဆုံးဖြတ်ချက်မရရှိခဲ့ဘူးလို့ အစည်းအဝေး တက်ရောက်တဲ့ ပလောင်လွတ်မြောက်ရေးတပ်ဦးက ပြောပါတယ်။
2016-08-10
မန္တလေးတိုင်း ရမည်းသင်းမြို့နယ်က NLD ပါတီ ဒုတိယ ဥက္ကဌနဲ့ အမှုဆောင် ၁၁ ဦးကို ပါတီကနေ ရာသက်ပန် ထုတ်ပယ်လိုက်ပါတယ်။
2016-08-10
ဘင်္ဂလားပင်လယ်အော်မှာ ဖြစ်ပေါ်နေတဲ့ မုန်တိုင်းအရှိန်ကြောင့် ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်တွေမှာ မိုးကြီးနိုင်တယ် လို့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက သတင်း ထုတ်ပြန်ပါတယ်။
2016-08-10
ပြီးခဲ့တဲ့ရွေးကောက်ပွဲမှာ အနိုင်မရခဲ့ တဲ့ နိုင်ငံရေးပါတီ ၇၀ ကို ကိုယ်စားပြုတဲ့ ကိုယ်စားလှယ် ၅ ဦးကို ၂၁ ရာစု ပင်လုံညီလာခံမှာ တက်ရောက်ခွင့်ပြုမယ်လို့ ညီလာခံအကြိုပြင်ဆင်ရေးကော် မတီအဖွဲ့ဝင် ဦးခက်ထိန်နန် က ပြောပါတယ်။
2016-08-10
နိုင်ငံတဝန်းလုံးမှာ အဂတိလိုက်စား မှုတွေကို ထိထိရောက်ရောက် တိုက်ဖျက်နိုင်ဖို့အတွက် အစိုးရကို တိုက်တွန်းရုံနဲ့ မလုံလောက်ဘဲ ခိုင်လုံတဲ့ အထောက် အထားတွေနဲ့ တိုင်ကြားဖို့ လိုအပ်ကြောင်း ပြည်သူ့ လွှတ်တော် ဥက္ကဌ ဦးဝင်းမြင့် က ပြောပါတယ်။
2016-08-10
၂၁ ရာစုပင်လုံညီလာခံမှာ အစိုးရ၊ လွှတ်တော်၊ တပ်မတော်နဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ကိုယ်စားလှယ် စုစုပေါင်း ၇၀၀ တက်ရောက်ခွင့်ပြုမှာဖြစ်ပြီး ဖိတ်ကြားမယ့် ပုဂ္ဂိုလ်စာရင်း ကို ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ UPDJC အစည်းအဝေးမှာ အတည်ပြုသွားမယ်လို့ နိုင်ငံတော် အတိုင်ပင်ခံရုံးဝန်ကြီး ဦးကျော်တင့်ဆွေ က ပြောပါတယ်။
2016-08-10
၁၉၈၈ သြဂုတ်လ ၈ ရက်နေ့ ညသန်းခေါင်ယံ အချိန်လောက်မှာ ရန်ကုန်မြို့ ဆူးလေဘုရားအနီးမှာ ဆန္ဒပြသူတွေကို ပစ်ခတ်ခဲ့ပါတယ်။
2016-08-10
ရှစ်လေးလုံး အရေးတော်ပုံအတွင်း ၁၉၈၈ ခုနှစ် သြဂုတ်လ ၉ ရက်နေ့က စစ်ကိုင်းမြို့ ဖြိုခွင်းမှုမှာ ကျဆုံးခဲ့သူတွေ အတွက် အောက်မေ့ဖွယ် ဂုဏ်ပြုအခမ်းအနားကို ဒီနေ့ ကျင်းပခဲ့ပါတယ်။
2016-08-10
အဂတိလိုက်စားမှုတွေ ကျဆင်းရေးအတွက် ထိထိရောက်ရောက် ကိုင်တွယ်ဖြေရှင်း ဆောင်ရွက် ပေးဖို့ အစိုးရကိုတိုက်တွန်းကြောင်း အဆိုကို ပြည်သူ့ လွှတ်တော်မှာ သြဂုတ်လ (၉) ရက် ဒီကနေ့ ကိုယ်စားလှယ် ၁၃ ဦးက ထောက်ခံဆွေးနွေးခဲ့ကြပါတယ်။