မိုင်းလားမြို့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ သဘောတူညီချက် မရရှိ


2016.08.10
tarbhonekyaw-620.jpg PSLF/TNLA အဖွဲ့ အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးကြီး တာဖုံးကျော် ကို တွေ့ရစဉ်
Photo: RFA

မိုင်းလားမြို့မှာ မနေ့ကပြုလုပ်တဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ သုံးဖွဲ့နဲ့ အစိုးရရဲ့ငြိမ်းချမ်းရေး ကော်မရှင် တို့ တွေ့ဆုံပွဲမှာ လက်နက်စွန့်ခိုင်းတဲ့ အခြေခံအကြောင်းအချက်တွေပါဝင်တဲ့ ထုတ်ပြန်ကြေညာချက် ထုတ်ခိုင်းတာကြောင့် သဘောတူ ဆုံးဖြတ်ချက်မရရှိခဲ့ဘူးလို့ အစည်းအဝေး တက်ရောက်တဲ့ ပလောင် လွတ်မြောက်ရေးတပ်ဦးက ပြောပါတယ်။

ငြိမ်းချမ်းရေးကော်မရှင် ဒုတိယဥက္ကဌ ဦးသိန်းဇော် ဦးဆောင်တဲ့အဖွဲ့နဲ့ ပလောင်လွတ်မြောက်ရေးအဖွဲ့ PSLF /TNLA ၊ ရခိုင်တပ်မတော် AA နဲ့ MNDAA ကိုးကန့်အဖွဲ့ခေါင်းဆောင်တွေ မနေ့က တွေ့ဆုံခဲ့ကြတာဖြစ်ပြီး ငြိမ်းချမ်းရေးကော် မရှင်က တိုင်းရင်းသားအဖွဲ့သုံးဖွဲ့ကို ငြိမ်းချမ်းရေးအတွက် ကြေညာချက်ထုတ်ပြန်ခိုင်းတယ်လို့ ဆိုပါတယ်။  ထုတ်ပြန် ခိုင်းတဲ့ ကြေညာချက်မှာ လက်နက်စွန့်ခိုင်းတဲ့အချက်တွေ ပါဝင်နေတယ်လို့ PSLF/TNLA အဖွဲ့ အထွေထွေ အတွင်းရေးမှူး ဗိုလ်မှူးကြီး တာဖုံးကျော် က ပြောပါတယ်။

"ကျနော်တို့ ငြိမ်းချမ်းရေးဖြစ်စဉ်ထဲ လိုက်ပါနိုင်ဖို့  မြန်မာ့တပ်မတော် အဲ့ကိုယ်စားလှယ်က ထုတ်ခိုင်းတဲ့ ကြေညာချက်ထဲမှာ  စကားလုံးနှစ်လုံး သုံးလုံးလောက်က ကျနော်တို့အတွက်  တော်တော် လက်ခံနိုင်ဖို့ခက်နေလို့ ညှိနှိုင်းဖို့ အဖြေမထွက်တဲ့အတွက်ကြောင့်  ကြားထဲမှာဘာမှမရသေးဘူး"

ဆွေးနွေးပွဲမှာ သဘောတူညီချက် တစ်စုံတရာ မရရှိခဲ့ပေမဲ့ ငြိမ်းချမ်းရေးကော်မရှင်အနေနဲ့ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်နဲ့ ကာကွယ်ရေးဦးစီးချုပ်တို့ကို ဆက်တင်ပြပြီးနောက် ဆွေးနွေးမှုတွေ ဆက်လက်ပြုလုပ်နိုင်လိမ့်မယ်လို့ ယူဆတယ်လို့ ဗိုလ်မှူးကြီး တာဖုံးကျော် က ပြောပါတယ်။

ဒီဆွေးနွေးပွဲနဲ့ ပတ်သက်ပြီး ဗိုလ်မှူးကြီး တာဖုံးကျော် ကို  RFA အဖွဲ့သား ဦးတင်အောင်ခိုင်က ဆက်သွယ်မေးမြန်းထားတာကို နားဆင်နိင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။