သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2013-11-30
အရပ်ဘက်လူမှုအဖွဲ့အစည်းတွေကို လွတ်လွတ်လပ်လပ် လုပ်ဆောင်ခွင့်ပေးထားပေမယ့် ထိလွယ်ရှလွယ်နိုင်တဲ့ကိစ္စရပ်တွေမှာ ထိပ်တိုက် ရင်ဆိုင်တာတွေ ရှောင်ဖို့လိုတယ်လို့ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က ဒီနေ့ သတိပေးပြောကြား လိုက်ပါတယ်။
2013-11-30
ဒီနှစ် ဧပြီလ ၁ ရက်နေ့ကစပြီး ပြန်ကြားရေးဝန်ကြီးဌာန က သတင်းစာ ၃၁ စောင်ထုတ်ဝေခွင့်ပြု ခဲ့ရာမှာ ဒီကနေ့ထိ ထုတ်ဝေခြင်းမပြုနိုင်တဲ့ သတင်းစာ ၁၅ စောင်ကို လာမဲ့ ဒီဇင်ဘာလ ၃၁ ရက်နေ့ နောက်ဆုံး ထားပြီး ထုတ်ဝေကြဖို့ အကြောင်းကြားမှာဖြစ်ပြီး မထုတ်ဝေရင် လိုင်စင်ရုပ်သိမ်းသွားမယ်လို့ သိရပါတယ်။
2013-11-30
ရှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသမှာရှိတဲ့ ကျေးရွာပေါင်း ၄၄၄ ရွာထဲက ထက်ဝက်ကျော်လောက်ဟာ လျှပ်စစ်မီးမရရှိရေးသေးတဲ့အတွက် ဒေသခံတွေက ကိုယ့်အားကိုယ့်ကိုးပြီး လျှပ်စစ်မီးရရှိဖို့ လုပ်ကိုင်နေကြရပါတယ်။ RFA သတင်းထောက် ကိုနေသွေးက တင်ပြထားပါတယ်။
2013-11-30
ပဲခူးတိုင်း စစ်တောင်းမြစ်ဝှမ်းမှာ အုပ်စုဖွဲ့ငါးဖမ်းကြတဲ့ တံငါသည်တွေဟာ ရာသီဥတုဆိုးဝါးတဲ့အတွက် အခုအခါ မွန်ပြည်နယ် သံလွင်မြစ်ဝကို ပြောင်းရွေ့လုပ်ကိုင်နေကြရပါတယ်။ ဒီအကြောင်း RFA သတင်းထောက် ကိုကျော်လွင်ဦးက တင်ဆက်ထားပါတယ်။
2013-11-30
လက်ပံတောင်းတောင် သပိတ်စခန်း အကြမ်းဖက်ဖြိုခွဲခံရမှု တနှစ်ပြည့် အထိမ်းအမှတ်အဖြစ် ဒီနေ့ညနေပိုင်းက ရန်ကုန်မြို့တော်ခန်းမရှေ့ကနေ တရုတ်သံရုံးရှေ့အထိ လမ်းလျှေုာက်ဆန္ဒပြခဲ့ကြပါတယ်။ အသေးစိတ်ကို RFA သတင်းထောက် ကိုကျော်ဇောဝင်းက တင်ပြထားပါတယ်။
2013-11-29
RFA ပရိသတ်များရှင်၊ ကျမတို့ လွတ်လပ်တဲ့အာရှအသံ RFA ရဲ့ ပထမဆုံး ပြည်တွင်းသတင်းထောက်ဖြစ်တဲ့ ကိုမိုးသူအောင် (ခေါ်) ကိုဝေဖြိုးဟန် အသက် (၂၄) နှစ်ဟာ နိုဝင်ဘာလ ၂၅ ရက်နေ့က ရန်ကုန်မြို့ ဝိတိုရိယဆေးရုံမှာ ကွယ်လွန်သွားခဲ့ပါတယ်။ ကိုမိုးသူအောင်ရဲ့ ရုပ်အလောင်းကို ရန်ကုန်မြို့ ရေဝေးသုဿာန်မှာ ဒီနေ့ ပို့ဆောင်မီးသြင်္ဂိုဟ်ခဲ့ပါတယ်။ RFA သတင်းထောက် ကိုကျော်ထွန်းနိုင်က စုစည်းတင်ပြထားပါတယ်။
2013-11-29
ပင်လုံညီလာခံလို အနှစ်သာရရှိတဲ့ ပြည်ထောင်စုညီလာခံ ကျင်းပနိုင်ဖို့အတွက် ကနဦးအလုပ်အဖွဲ့ကို လာမယ့်ဒီဇင်ဘာလထဲမှာ ဖွဲ့စည်းသွားမှာဖြစ်ကြောင်း ရှစ်လေးလုံး ငွေရတုကော်မတီ ဒီနေ့ ဆုံးဖြတ်လိုက်ပါတယ်။
2013-11-29
ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာ မြို့နယ်၊ ဝါးတစ်ရာစက်မှုဇုန်မှာရှိ တဲ့ တော်ဝင်သစ်အချောထည်စက်ရုံက အလုပ်သမား ၆ ယောက်ကို ဒီကနေ့ စမ်းချောင်းမြို့နယ် တရားရုံးက တရားမဝင်စီတန်း လှည့်လည်မှု ပုဒ်မ ၁၈ နဲ့ ဒဏ်ငွေ ၁ သောင်းစီ အမိန့်ချမှတ်လိုက်ပါတယ်။
2013-11-29
ပဲခူးမြို့နယ် တရားရုံးက လယ်သမားအရေးဆောင်ရွက်သူ ဦးဝင်းချိုနဲ့ လယ်သမား ၅ ယောက်ကို ဆူပူအောင်လှုံ့ဆော်မှု ပုဒ်မ ၅၀၅ (ခ) နဲ့ ထောင်ဒဏ် ၆ လ ၊ တရားမဝင် စီတန်းလှည့်လည်မှု ပုဒ်မ- ၁၈ နဲ့ ငွေဒဏ် ၁ သောင်းစီပေးဆောင်ဖို့ ဒီနေ့ အမိန့်ချမှတ်လိုက်ပါတယ်။
2013-11-29
မြန်မာနိုင်ငံမှာ အရှေ့တောင်အာရှ အားကစားပွဲတော် ဆီးဂိမ်းကို အိမ်ရှင်အဖြစ်လက်ခံကျင်းပဖို့ ရာနှုန်းပြည့် အဆင်သင့်ဖြစ်နေပြီလို့ အာကစားဝန်ကြီးဌာန အဆင့်မြင့်အရာရှိတစ်ဦးက ဒီကနေ့ ပြောကြားလိုက်ပါတယ်။
2013-11-29
ဒီနေ့ လက်ပံတောင်းတောင် ကြေးနီ စီမံကိန်း သပိတ်စခန်း အကြမ်းဖက်ဖြိုခွဲမှု ၁ နှစ်ပြည့် ဆန္ဒပြပွဲကို ပြီးခဲ့တဲ့ရက်ပိုင်းကပဲ အကျဉ်းထောင်ထဲက လွတ်မြောက်လာတဲ့ နော်အုန်းလှ အပါအဝင် ရန်ကုန် ပြည်သူ့အကျိုးဆောင်ကွန်ရက်က ကိုအောင်စိုးနဲ့ စုစုပေါင်း ၅၀ လောက် လမ်းလျှောက်ဆန္ဒပြ ခဲ့ကြပါတယ်။
2013-11-29
သြစတြေးလျနိုင်ငံမှာ ရောက်ရှိနေတဲ့ NLD အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ဟာ ကင်ဘာရာမြို့က ထိပ်တန်းတက္ကသိုလ်ကြီး တစ်ခုဖြစ်တဲ့ ANU သြစတြေးလျ အမျိုးသား တက္ကသိုလ်က ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ကို မနေ့က လက်ခံရယူခဲ့ပါတယ်။
2013-11-29
လွတ်လပ်တဲ့အာရှအသံ RFA ရဲ့ ပထမဆုံး ပြည်တွင်းသတင်းထောက်ဖြစ်တဲ့ ကိုမိုးသူအောင်ဟာ နိုဝင်ဘာလ ၂၅ ရက်နေ့က ရန်ကုန်မြို့ ဝိတိုရိယဆေးရုံမှာ ကွယ်လွန်သွားခဲ့ပါတယ်။ သတင်းထောက် ကိုမိုးသူအောင်အကြောင်း ကျမတို့ ဝိုင်းတော်သား ကိုကျော်ကျော်အောင်က တင်ပြထားပါတယ်။
2013-11-29
ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေကြောင့် လယ်ယာလုပ်ငန်းခွင်တွေထဲမှာ လုပ်သားရှားပါးမှု ပြဿနာတွေ ကြုံတွေ့နေရတယ်လို့ ဒေသခံတောင်သူတွေက ပြောပါတယ်။ ဒီအကြောင်း RFA သတင်းထောက် ကိုမင်းသိန်းအောင်က တင်ပြထားပါတယ်။
2013-11-29
အရင် စစ်အစိုးရလက်ထက်က ထောက်လှမ်းရေးညွှန်ကြားရေးမှူးဟောင်း၊ ဝန်ကြီးချုပ်ဟောင်း၊ ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွန့်ကို လျှပ်တစ်ပြက်ဂျာနယ် အယ်ဒီတာချုပ် ဦးမြတ်ခိုင်ရဲ့ တွေ့ဆုံမေးမြန်းချက်တွေ စုစည်းပြီး Quality Publishing House က စာအုပ်ထုတ်ဝေလိုက်ပါတယ်။ ဒီအကြောင်း RFA ဝိုင်းတော်သား ကိုကျော်မင်းထွန်းက တင်ပြထားပါတယ်။