သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2018-09-28
ဒီမိုကရေစီစနစ်ကို အကောင်ထည်ဖော်နေတယ်လို့ ပြောဆိုပြီး လုပ်ရပ်က ဆန့်ကျင်ဘက်ဖြစ်နေရင် သူ့အနေနဲ့ ဝေဖန်ထောက်ပြ ရေးသားပြောဆိုတာတွေ ဆက်ပြီး လုပ်ဆောင်နေမယ်လို့ အမရပူရမြို့နယ် မဟာဂန္ဓာရုံကျောင်းတိုက်က ဘဝအလင်းရောင်ဆရာတော် ဦးသောဘိတက RFA ကို မိန့်ကြားထားပါတယ်။
2018-09-28
မန္တလေး အမရပူရမြို့နယ် မဟာဂန္ဓာရုံကျောင်းတိုက်က ဆရာတော်ဦးသောဘိတ (အလကာၤကြယ်) ကို တပ်မတော်အရာရှိတစ်ဦးဖြစ်တဲ့ ဒုဗိုလ်မှူးကြီးမျိုးခိုင်ဝင်းက ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ) နဲ့ တရားစွဲဆိုထားရာမှာ အမရပူရမြို့မရဲစခန်းက ဒီနေ့ အာမ,ခံ ပေးလိုက်ပါတယ်။
2018-09-28
လက်ပံတန်းကျောင်းသားသပိတ်မှာ ဖမ်းဆီးခံရတဲ့ ကျောင်းသားတွေကို ဥပဒေအကျိုးဆောင်ပေးခဲ့တဲ့ ရှေ့နေဒေါ်ခင်ခင်ကျော်နဲ့ ဗကသကျောင်းသားဟောင်း ကိုသန်းထိုက်တို့ကို တရားရေးဝန်ထမ်းတွေကို နှောင့်ယှက်မှုနဲ့ မင်းလှမြို့နယ်တရားရုံးက ဒီနေ့ ထောင်ဒဏ်ခြောက်လ ချမှတ်လိုက်ပါတယ်။
2018-09-28
မြန်မာနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေမှာ တာဝန်ရှိသူတွေကို တရားစွဲဆိုနိုင်ဖို့အတွက် သက်သေအထောက်အထားတွေ လေ့လာစုဆောင်းမယ့် အဖွဲ့တဖွဲ့ဖွဲ့စည်းဖို့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ UNHRC က မနေ့က ဆုံးဖြတ်လိုက်ပါတယ်။
2018-09-28
လူမှုရေးလုပ်ငန်းတွေမှာ အနုပညာရှင်တွေ ပါဝင်လာတဲ့အတွက် အလှူငွေတွေ ပိုရလာသလို လိုအပ်တဲ့သူတွေကို အကူအညီပေးနိုင်တဲ့အတွက် ဒီအလုပ်ဟာ စိတ်ချမ်းမြေ့ရသလို ကုသိုလ်လည်းရတယ်လို့ အမေရိကန်နိုင်ငံကို ရောက်ရှိနေတဲ့ “မြန်မာ့လူမှုဘဝ တိုးတက်မြင့်မားရေးအသင်း” ဒု-ဥက္ကဋ္ဌ သရုပ်ဆောင် ကိုမေတ္တာက ပြောပါတယ်။
2018-09-28
ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နယ်၊ တောင်လေးလုံးကျေးရွာအုပ်စုက ကျားမင်းကြီး အရက်ချက် စက်ရုံကနေ အနံ့ဆိုးတွေ ထွက်နေတာတွေ၊ ရေဆိုးစွန့်ပစ်မှုတွေကြောင့် အနီးဝန်းကျင်ကျေးရွာတွေ လေထုညစ်ညမ်းမှုနဲ့ ကျန်းမာရေးပြဿနာတွေ ကြုံတွေ့နေရတယ်လို့ စက်ရုံကို ဒီနေ့ သွားစစ်ခဲ့တဲ့ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းလင်းမြတ်က ပြောပါတယ်။
2018-09-28
မြန်မာအစိုးရပိုင် မီဒီယာတွေဟာ ရခိုင်ပဋိပက္ခဖြစ်စဉ်နဲ့ ရိုက်တာသတင်းထောက် နှစ်ယောက် ကိစ္စလို သတင်းမျိုးတွေမှာ အစိုးရအမြင်ကိုသာဖော်ပြပြီး ပုဂ္ဂလိကပိုင်မီဒီယာနဲ့ နိုင်ငံတကာမီဒီ ယာတွေလောက် ရှုထောင့်စုံက ဖော်ပြခြင်းမရှိခဲ့ဘူးလို့ မြန်မာဒီမိုကရေစီသိပ္ပံလို့ တိုက်ရိုက် အဓိပ္ပာယ်ရတဲ့ MID က ဒီကနေ့ ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ရေးသားထားပါတယ်။
2018-09-28
ICC နိုင်ငံတကာခုံရုံးမှာ တပ်မတော်ကို အရေးယူဖို့ ရန်ကုန်မြို့ မဟာဗန္ဓုလပန်းခြံအရှေ့မှာ ဒီနေ့ နေ့လည်ပိုင်းက တစ်ကိုယ်တော် ဆန္ဒပြခဲ့တဲ့ ဒီမိုကရေစီအရေး စဉ်ဆက်မပြတ်လှုပ်ရှားသူများ အင်အားစု (MDCF) က ဗဟိုကော်မတီဝင် ဦးတင်မောင်ကြည်ကို ရဲတပ်ဖွဲ့က အကြမ်းဖက် ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။
2018-09-28
လူမှုဝန်ထမ်းဦးစီးဌာနက အသက် ၆၀ နှစ်အထက် အသက်အရွယ်ရှိတဲ့သူတွေကိုပေးနေတဲ့ လူမှုရေးပင်စင်ကို လာမယ့် ၂၀၁၈- ၂၀၁၉ ဘဏ္ဍာနှစ်မှာ လက်ရှိပင်စင်ရရှိတဲ့ သက်ကြီးရွယ်အို လူဦးရေထက် လေးဆအထိ တိုးမြှင့်ပေးမယ်လို့ သိရပါတယ်။
2018-09-28
စစ်တွေမြို့နယ်တရားရုံးက ထောင်ဒဏ်ချမှတ်အပြီး ချုပ်ရက်နဲ့ ပြန်လွှတ်ပေးလိုက်တဲ့ မြောက်ဦး ကလူငယ် ၈ ဦးကို နိုင်ငံတော် အလံဥပဒေနဲ့ ရဲက ထပ်မံဖမ်းဆီးလိုက်တာနဲ့ ပတ်သက်ပြီး သူတို့ကို ပြန်လွှတ်ပေးဖို့ ရခိုင်အမျိုးသားပါတီ ANP က ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်တွေဟာ ရခိုင်ပြည်နယ်ဥပဒေချုပ်နဲ့ တွေ့ဆုံတိုက်တွန်းခဲ့တယ်လို့ သိရပါတယ်။
2018-09-28
လွှတ်တော်ထဲမှာ တပ်မတော်သား ကိုယ်စားလှယ်တွေ မရှိသင့်ဘူးလို့ဖြေဆိုတဲ့ သူ ၁၆ ရာခိုင်နှုန်းပဲရှိပြီး တိုးသင့်တယ်လို့ ဖြေဆိုသူ ၁၄ ရာခိုင်နှုန်းရှိတယ်လို့ ၂၀၁၈ခုနှစ် မေလထဲမှာကောက်ခံခဲ့ပြီး ဒီကနေ့ ထုတ်ပြန်လိုက်တဲ့ စစ်တမ်းအစီရင်ခံစာ တစ်စောင်မှာ ဖော်ပြထားပါတယ်။
2018-09-28
UWSA "ဝ" အထူးဒေသက ခရစ်ယာန် ဓမ္မဆရာ၊ ဆရာမ ၉၂ ဦးကို ဖမ်ဆီးထားပြီး ကျမ်းစာ တက်နေတဲ့ ကျောင်းသား ၄၁ ဦးကို "ဝ" အာဏာပိုင်တွေက စစ်မှုထမ်းခိုင်းထားကြောင်း လားဟူနှစ်ခြင်း ခရစ်ယာန်အသင်းတော်ရဲ့ ကြေညာချက်ပါ ဖော်ပြချက်နဲ့ ပတ်သက်လို့ UWSA က စုံစမ်းနေဆဲပဲလို့ RFA ကို ဒီနေ့ ပြောပါတယ်။
2018-09-28
လက်ပံတန်း ကျောင်းသားသပိတ်မှာ ဖမ်းဆီးခံရတဲ့ကျောင်းသားတွေကို ဥပဒေအကျိုးဆောင်ပေး ခဲ့တဲ့ ရှေ့နေ ဒေါ်ခင်ခင်ကျော်နဲ့ ဗကသ ကျောင်းသားဟောင်း ကိုသန်းထိုက် တို့ကို တရားရေး ဝန်ထမ်းတွေကို နှောင့်ယှက်မှုနဲ့ မင်းလှမြို့နယ် တရားရုံးက ဒီနေ့ ထောင်ဒဏ် ၆ လ အမိန့်ချ မှတ်လိုက်ပါတယ်။
2018-09-28
ကျေးရွာအုပ်ချုပ်ရေးမှူး ရွေးချယ်ရာမှာ ကျေးရွာလူထုရဲ့ ဆန္ဒမဲနဲ့ မဟုတ်ဘဲ ကံစမ်းမဲလိပ်နှိုက်သလို မဲပေါက်တဲ့သူကို ရွေးချယ်ခဲ့တဲ့အတွက် မကျေနပ်တဲ့ ဒေသခံတွေက ဒီနေ့ မနက်ပိုင်းက မကွေးမြို့ ကန်သာအေးစေတီဘုရားအနီးကနေ မြို့တော်ခန်းမအထိ ချီတက်ဆန္ဒပြခဲ့ပါတယ်။
2018-09-28
မန္တလေးမြို့၊ အမရပူရမြို့နယ် မဟာဂန္ဓာရုံကျောင်းတိုက်က ဆရာတော် ဦးသောဘိတ (အလကာၤကြယ်) ကို တပ်မတော် အရာရှိတစ်ဦးဖြစ်သူ ဒုဗိုလ်မှူးကြီး မျိုးခိုင်ဝင်းက ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ) နဲ့ တရားစွဲဆိုထားရာမှာ ဆရာတော်က ဒီနေ့ အမရပူရမြို့မ ရဲစခန်းမှာ သွားရောက်အစစ်ဆေးခံခဲ့ပြီး ရဲစခန်းက အာမခံနဲ့ ပြန်လွှတ်ပေးလိုက်ပါတယ်။