သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2010-09-26
ရန်ကုန်တိုင်း တောင်ဒဂုံမြို့နယ်မှာ ရှိတဲ့ လူ့အခွင့်အရေး လှုပ်ရှားဆောင်ရွက်သူ ဒေါ်ခင်အေး နေအိမ်မှာ ၂၀၀၇ ခုနှစ် စက်တင်ဘာလ ရွှေဝါရောင် သံဃာ့လှုပ်ရှားမှု အတွင်း ကျဆုံးခဲ့တဲ့ သံဃာတော်တွေကို ရည်စူးပြီး သံဃာတော် ၅ ပါးကို ဒီနေ့မနက် ၆ နာရီက အရုဏ်ဆွမ်း ကပ်လှူ ရေစက်ချ အမျှပေးဝေခဲ့တယ်လို့ သတင်းရရှိပါတယ်။
2010-09-26
စက်တင်ဘာ ရွှေဝါရောင် သံဃာ့ အရေးအခင်း ၃ နှစ်ပြည့် ဝမ်းနည်းခြင်း အထိမ်းအမှတ် အနေနဲ့ စစ်အစိုးရ အာဏာပိုင်တွေရဲ့ ရိုက်နှက်ခံရပြီး သွေးမြေကျခဲ့တဲ့ နေရာတွေနဲ့ ပျံလွန်တော်မူခဲ့တဲ့ နေရာတွေမှာ မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့ တပ်ပေါင်းစုအဖွဲ့က သံဃာတော်တွေ ဦးဆောင် သွားရောက်ပြီး ပန်းခွေ ချခဲ့ကြတယ်လို့ သိရပါတယ်။
2010-09-26
အခုတပတ် ဦးခင်မောင်စိုး စီစဉ်တင်ဆက်တဲ့ တနင်္ဂနွေစကားဝိုင်း အစီအစဉ်မှာ ရွေးကောက်ပွဲဝင်မယ့် နိုင်ငံရေးပါတီတွေရဲ့ မဲဆွယ်မိန့်ခွန်းတွေကို ပိတ်ပင်ဖြတ်တောက်မှုနဲ့ ရွေးကောက်ပွဲလွန်ကာလ အခြေအနေ သုံးသပ်ချက်တွေကို နားဆင်ရမှာ ဖြစ်ပါတယ်။
2010-09-26
မြန်မာနိုင်ငံကို စစ်မှန်တဲ့ ဒီမိုကရေစီလမ်းကြောင်း ပေါ် ရောက်ရှိအောင် ဆောင်ရွက်ရာမှာ မိမိကို ကူညီကြဖို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းက အာဆီယံ ခေါင်းဆောင်တွေကို ပန်ကြား ပြောဆိုလိုက်ပါတယ်။
2010-09-25
မြန်မာနိုင်ငံ ဒီမိုကရေစီ ပြောင်းလဲရေး ကိစ္စမှာ ဥရောပသမဂ္ဂ နိုင်ငံတွေရဲ့ မြန်မာပြည် ရွေးကောက်ပွဲပေါ် ရှုမြင်ပုံတွေ ပြောင်းလဲလာရေးအတွက် ဂရိနိုင်ငံမှာ ဒီကနေ့ ဆွေးနွေးပွဲတခု ကျင်းပနေပါတယ်။
2010-09-25
အမေရိကန်အစိုးရက မြန်မာ စစ်အစိုးရနဲ့ အနီးကပ်ဆက်ဆံရေး မူဝါဒ ကျင့်သုံးနေတာကို အာဆီယံ ခေါင်းဆောင်တွေက ကြိုဆိုလိုက်ပါတယ်။
2010-09-25
ဧရာဝတီတိုင်း ဟင်္သာတတက္ကသိုလ် ဘီသုံးလုံး အမျိုးသမီး အဆောင်အနီးမှာ စက်တင်ဘာလ ၂၄ ရက်နေ့ ညသန်းခေါင်ကျော် အချိန်လောက်မှာ ကျောင်းသားတွေပါတဲ့ အုပ်စုနှစ်စု အချင်းများရာက ဓားထိုးမှု ဖြစ်ပွားတဲ့အတွက် ဘူမိဗေဒ ပထမနှစ် ကျောင်းသားတဦး သေဆုံးပြီး နှစ်ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
2010-09-25
ယုဇနကုမ္ပဏီက သိမ်းပိုက်ထားတဲ့ မြေတွေနဲ့ပတ်သက်လို့ မူလ လုပ်ကိုင် စားသောက်နေတဲ့ မြေပိုင်ရှင်တွေက လျော်ကြေးငွေပြန်ရဖို့ ကချင်ပြည်နယ် မြစ်ကြီးနား တရားရုံးမှာ မကြာသေးခင် ရက်ပိုင်းက တရားစွဲဆို ထားတယ်လို့ သိရပါတယ်။
2010-09-25
မြန်မာနိုင်ငံ နယ်စပ်ဒေသတွေမှာ ရှိတဲ့ တိုင်းရင်းသား လက်နက်ကိုင်ခေါင်းဆောင်တွေ၊ စစ်အစိုးရနဲ့ အပစ်အခတ် ရပ်စဲထားတဲ့ တိုင်းရင်းသား ခေါင်းဆောင်တွေဟာ ထိုင်းနိုင်ငံ မြောက်ပိုင်း ချင်းမိုင်မြို့မှာ နောက်ထပ်တကြိမ် လျှို့ဝှက်တွေ့ဆုံ ဆွေးနွေးနေကြတယ်လို့ သိရပါတယ်။
2010-09-25
မြန်မာ စစ်အစိုးရဟာ နိုဝင်ဘာလ ရွေးကောက်ပွဲအပြီး မြန်မာ့နိုင်ငံရေးမှာ ဒေါ်အောင်ဆန်းစုကြည် ပါဝင်လာ တာမျိုး ပိုပြီး ကျယ်ကျယ်ပြန့်ပြန့် ရှိတဲ့ နိုင်ငံရေးစနစ်တရပ်ကို ခွင့်ပြုရလိမ့်မယ်လို့ ထိုင်းဝန်ကြီးချုပ် အဘီဆစ်က ပြောဆိုလိုက်ပါတယ်။
2010-09-25
မြန်မာစစ်အစိုးရ အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို မဲပေးခွင့် ပြုရုံတင်မက နေအိမ်အကျယ်ချုပ်က လွှတ်ပေးပြီး စစ်မှန်တဲ့ ဆွေးနွေးမှု စတင်သင့်ပြီ ဖြစ်ကြောင်း အမေရိကန် နိုင်ငံခြားရေးဌာန ပြောခွင့်ရပုဂ္ဂိုလ် မစ္စတာ Mark Toner က မနေ့က ဝေဖန်ပြောဆိုလိုက်ပါတယ်။
2010-09-25
မြန်မာနိုင်ငံမှာ လာမယ့်ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတဖို့နဲ့ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသား အားလုံးကို ရွေးကောက်ပွဲ မတိုင်ခင် လွှတ်ပေးဖို့ အမေရိကန် သမ္မတ အိုဘားမားက တိုက်တွန်း တောင်းဆိုလိုက်ပါတယ်။
2010-09-24
စစ်အစိုးရပိုင် ရုပ်မြင်သံကြားနဲ့ ရေဒီယိုကတဆင့် နိုင်ငံရေးပါတီတွေ ဟောပြောမဲ့ မဲဆွယ် မိန့်ခွန်းတွေကို ရွေးကောက်ပွဲ ကော်မရှင်က စိစစ်နေရာမှာ ဦးသိန်းဌေး ဦးဆောင်တဲ့ UDP ပြည်ထောင်စု ဒီမိုကရေစီပါတီရော ၊ ဦးအေးလွင် ဦးဆောင်တဲ့ ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသား နိုင်ငံရေးအဖွဲ့ချုပ်နဲ့ ဦးရဲထွန်း ဦးဆောင်တဲ့ ၈၈ မျိုးဆက် ကျောင်းသားလူငယ်များ ပါတီတွေရဲ့ မဲဆွယ်မိန့်ခွန်းတွေ အပယ်ချခံရတယ်လို့ သိရပါတယ်။
2010-09-24
မန္တလေးမြို့ပေါ်က ကျောင်းဆရာဆရာမတွေကို ရွေးကောက်ပွဲကော်မရှင်က နိုဝင်ဘာမှာ ရွေးကောက်ပွဲ ပြုလုပ်တဲ့ အခါ မဲရုံတွေမှာ တာဝန်ပေးဖို့ ဆိုပြီး လတ်တလော သင်တန်းတွေ ပေးနေပါတယ်။
2010-09-24
ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ဒုတိယ ခေါင်းဆောင် နှစ်ဦးဟာ စစ်အစိုးရကျင်းပမဲ့ ၂၀၁၀ ရွေးကောက်ပွဲမှာ ဘယ်အကြောင်းကြောင့် မဲမပေးပဲ နေသင့်တယ်ဆိုတာ ရခိုင်ပြည်နယ်မှာ သွားရောက် ရှင်းလင်းပြောကြားပြီး ရန်ကုန်မြို့ကို ပြန်လည် ရောက်ရှိလာပါတယ်။