အခင်းဖြစ်ပွားတဲ့ အခြေအနေနဲ့ ပတ်သက်လို့ ဟင်္သာတ တက္ကသိုလ် ကျောင်းသားတွေနဲ့ နီးစပ်တဲ့ ဒေသခံတဦးက အခုလို ပြောပြပါတယ်။
"၂၄ ရက်ည တနာရီ ဝန်းကျင်ပေါ။့ ဓားနဲ့ထိုးတဲ့ အဖွဲ့က ကောင်လေးတွေက တက္ကသိုလ်ဘက်က အဆောင်တခုမှာ ဂစ်တာ သွားတီးတယ်။ အထိုးခံရတဲ့ ကောင်လေးတွေ ဆိုင်ကယ်မောင်းသွားတာကို ဆဲတော့ ဟိုကောင်လေးတွေက ဘာလို့ဆဲတာလဲ၊ မင်းတို့ ဘာမှလည်း မလုပ်ဘဲနဲ့၊ ဆဲစရာမလိုဘူး ပြောတော့ သူတို့ ဝိုင်းထိုးတော့ ထွက်ပြေးတော့ ဘီသုံးလုံး အမျိုးသမီးအဆောင်ထဲအထိ လိုက်ထိုးတယ်။ အဲဒါ မောင်အောင်သူက ပွဲချင်းပြီး သေကျန်ရစ်ခဲ့တော့ အလောင်းကို ထိုးတဲ့ကောင်လေးတွေက ခြုံထဲ ထိုးပစ်ခဲ့တယ်။ ကျန်တဲ့ အူပွင့်သွားတဲ့ ကလေးရယ်၊ ဆေးရုံရောက်မှ လဲသွားမှသိတဲ့ ခါးမှာ ဓားဒဏ်ရာ နှစ်ချက်နဲ့ ကလေးရယ်က ပြေးလို့ လွတ်သွားတာပေါ့။ နှစ်ဖက်စလုံးမှာ ကျောင်းသားရော အရပ်သားရော ပါတယ်ဗျ"
ဒီကိစ္စနဲ့ ပတ်သက်လို့ အသေးစိတ် သိရှိနိုင်ဖို့ ဟင်္သာတမြို့နယ် အမှတ် (၁) ရဲစခန်းကို ဆက်သွယ် မေးမြန်းတဲ့အခါ တာဝန်ကျ ရဲဝန်ထမ်းက ဓားထိုးမှု ဖြစ်ခဲ့တာ မှန်ကန်ကြောင်းသာ ပြောဆိုပြီး အသေးစိတ် ပြောဆိုဖို့ ငြင်းဆိုပါတယ်။
သေဆုံးသွားတဲ့ မောင်အောင်သူတို့အဖွဲ့နဲ့၊ ဓားနဲ့ထိုးတဲ့ အဖွဲ့ကို ရဲက ဖမ်းဆီးထားပြီလို့ သိရပါတယ်။ တက္ကသိုလ်နယ်မြေကို ဒုစရိုက်နယ်မြေ မဖြစ်အောင် အခုအမှုကို စံပြအနေနဲ့ ဥပဒေအတိုင်း စီရင်ပေးဖို့ လိုကြောင်း ဒေသခံတွေက ပြောပါတယ်။
သေဆုံးသွားတဲ့ ဘူမိဗေဒ ပထမနှစ်ကျောင်းသား မောင်အောင်သူ အသက် (၂၁) နှစ်ဟာ အင်္ဂပူမြို့နယ် ညောင်ကျိုးကျေးရွာက ဖြစ်ပါတယ်။ မောင်အောင်သူရဲ့ အသုဘကို ဟင်္သာတ ဆေးရုံကြီးကနေ တင်းတိုး သင်္ချိုင်းမှာ စက်တင်ဘာလ (၂၅) ရက်နေ့ နေ့လယ် (၂) နာရီမှာ ဂူသွင်း သြင်္ဂိဲုလ်ခဲ့တယ်လို့သိရပါတယ်။ အဲလို အသုဘချရာမှာ သေသွားတဲ့ မောင်အောင်သူရဲ့ သူငယ်ချင်း ကျောင်းသားတွေ ဆူဆူပူပူဖြစ်မှာ စိုးရိမ်တဲ့အတွက် ဒေသအာဏာပိုင်တွေ တက္ကသိုလ်က တာဝန်ရှိသူနဲ့ ဆရာ၊ ဆရာမတွေ ကိုယ်တိုင် လုံခြုံရေးစောင့်ပြီး သြင်္ဂိဲုလ်ခဲ့တာ ဖြစ်ကြောင်း သိရပါတယ်။