သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2014-08-29
ပြည်ထောင်စုလွှတ်တော်က အတည်ပြုထားတဲ့ အမျိုးသားပညာရေးဥပဒေမူကြမ်းကို မုံရွာ တက္ကသိုလ်၊ မုံရွာ စီးပွားရေးတက္ကသိုလ်နဲ့ မုံရွာနည်းပညာတက္ကသိုလ်တို့က ဒီနေ့ ကန့်ကွက် ဆန္ဒပြမှာဖြစ်ပါတယ်။ လွန်ခဲ့တဲ့အပတ်ကလည်း ဆန္ဒပြခဲ့ပြီးဖြစ်ပါတယ်။
2014-08-28
မြန်မာနိုင်ငံအတွက် ဗြိတိန်အစိုးရရဲ့ ဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာ ထောက်ပံ့ငွေကို တိုးမြှင့်မယ်လို့ သိရပါတယ်။
2014-08-28
ရန်ကုန်မြို့သစ်စီမံကိန်း လုပ်ကိုင်ခွင့် တင်ဒါတွေကို ပွင့်လင်းမြင်သာမှုရှိရှိ ဆောင် ရွက်သွားမယ်လို့ ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့က မနေ့က သတင်းထုတ်ပြန်ပါတယ်။
2014-08-28
မြန်မာနိုင်ငံထဲက တရားစီရင်ရေးပိုင်းတွေမှာ အုပ်ချုပ်ရေးအာဏာပိုင်တွေရဲ့ ဝင်ရောက်စွက်ဖက်မှုတွေ ရှိနေပြီး တပ်ပိုင်းဆိုင်ရာအရာရှိတွေရဲ့ ဖိအားပေးမှုတွေလည်းရှိနေသေးတာ တွေ့နေရတယ်လို့ ပြည်သူ့လွှတ်တော် တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေးကော်မတီ အတွင်းရေးမှူးက ပြောပါတယ်။
2014-08-28
မြေဧက ၃သောင်းကျော်မှာ အကောင်အထည်ဖော်မယ့် ရန်ကုန်မြို့သစ်စီမံကိန်းနဲ့ပတ်သက်ပြီး ရန်ကုန်တိုင်းဒေသကြီးအစိုးရအနေနဲ့ တင်ဒါအသစ်ခေါ်ယူပေးဖို့ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာညိုညိုသင်းက မနေ့က ကျင်းပခဲ့တဲ့ ရန်ကုန်တိုင်း ဒေသကြီးလွှတ်တော်မှာ တင်ပြခဲ့ပါတယ်။
2014-08-28
မြန်မာနိုင်ငံ သဘင်ပညာရှင်များ အစည်းအရုံး ဥက္ကဋ္ဌ ဦးမြကြည်ကို ရာထူးကနေ နုတ်ထွက်ပေးဖို့ မန္တလေးမြို့က သဘင်ပညာသည်တွေ ဒီကနေ့ ဆန္ဒပြ တောင်းဆိုခဲ့ကြပါတယ်။
2014-08-28
လွှတ်တော်မှာ တင်သွင်းထားတဲ့ သတင်းမီဒီယာလွတ်လပ်ခွင့်နည်းဥပဒေနဲ့ ပတ်သက်ပြီး အမျိုးသား ဒီမိုကရေစီအဖဲ့ွချုပ်ရဲ့ လွှတ်တော်ရေးရာကော်မတီနဲ့ သတင်းမီဒီယာသမားတွေ NLD ရုံးချုပ်မှာ ဒီကနေ့ တွေ့ဆုံ ခဲ့ကြပါတယ်။
2014-08-28
လွတ်လပ်တဲ့အာရှအသံ RFA က ရုပ်မြင်သံကြား အစီအစဉ်တွေကို ကြည့်ရှုနေရတာပါ။ အခု ဆက်ပြီး… RFA ရေဒီယိုကနေ နှစ်ပတ်တကြိမ် ထုတ်လွှင့်နေတဲ့ “ဒီမိုကရေစီခရီးကြမ်းနဲ့ ဒေါ်အောင်ဆန်း စုကြည်” အစီအစဉ်ထဲက ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဖြေကြားချက်တချို့ကို ထုတ်လွှင့်ပေးမှာပါ။
2014-08-28
ပြီးခဲ့တဲ့ သြဂုတ်လ ၂၆ ရက်နေ့က ရခိုင်ပြည်နယ် မြေပုံမြို့ တောင်ပေါ်ဒုက္ခသည်စခန်းကနေ ပေါက်တောမြို့နယ်ကို ထွက်ပြေးလာတဲ့ မွတ်စလင်ဒုက္ခသည် ၁၀၀ကျော်ကို ပေါက်တောမြို့နယ် မှာရှိတဲ့ ရေတပ်က မနေ့က ဖမ်းဆီးလိုက်ပြီး မြေပုံမြို့တောင်ပေါ် ဒုက္ခသည်စခန်းကို ပြန်လည် ပို့ဆောင်လိုက်ပါတယ်။
2014-08-28
မြန်မာနိုင်ငံမှာ နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေး စက်ရုံ ၂ ရုံ တည်ဆောက်ဖို့ အတွက် အမေရိကန်နဲ့ မြန်မာ သဘောတူလက်မှတ် ရေးထိုး လိုက်ပါတယ်။
2014-08-28
ပြည်သူ့လွှတ်တော်က ဖွဲ့စည်းထား တဲ့ မြန်မာနိုင်ငံနဲ့သင့်တော်မယ့် ရွေးကောက်ပွဲစနစ် လေ့လာရေး ကော်မရှင်အဖွဲ့ဝင်တွေဟာ လက်ရှိကျင့်သုံးနေ တဲ့ရွေးကောက်ပွဲစနစ်နဲ့ အချိုးကျကိုယ်စားပြုစနစ်တို့ရဲ့ အားသာချက်၊ အားနည်းချက်တွေကို ဒီနေ့ ဆွေးနွေး ခဲ့ကြပါတယ်။
2014-08-28
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဖွဲ့စည်း ထားတဲ့ လွှတ်တော်ရေးရာကော်မတီ အဖွဲ့ဝင်တွေ၊ မြန်မာနိုင်ငံ စာနယ်ဇင်းကောင် စီ(ယာယီ) အဖွဲ့ဝင်တွေနဲ့ သတင်းသမားတွေဟာ သတင်း မီဒီယာ လွတ်လပ်ခွင့် ဥပဒေနဲ့ပတ်သက်တဲ့ အကြံပြုဆွေးနွေး ပွဲဆိုတဲ့ ခေါင်းစဉ်နဲ့ဆွေးနွေးပွဲတစ်ခုကို ကျောက်တံတားမြို့ နယ်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် စွမ်းရည်မြှင့် သင်တန်းကျောင်းမှာ ဒီနေ့ ကျင်းပခဲ့ပါတယ်။
2014-08-28
ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ကျင်းပနေတဲ့ ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC အဖွဲ့ရဲ့ ပထမဆုံးအကြိမ် ညီလာခံမှာ အဖွဲ့တွင်းဖွဲ့စည်းပုံ ကိုဆွေးနွေးရာ သဘောထားကွဲလွဲနေတဲ့အတွက် ဆုံးဖြတ် ချက်မချနိုင်ဘဲ ညီလာခံကို ဒီကနေ့ ရပ်နားလိုက်ပြီး ပြည် တွင်းက တိုင်းရင်းသားအဖွဲ့အစည်းနဲ့ နိုင်ငံရေးအင်အား စုတွေ ကို တွေ့ဆုံဆွေးနွေးပြီးမှ ဒီကိစ္စ ဆက်ဆွေးနွေးကြဖို့ ဒီကနေ့ သဘောတူ ဆုံးဖြတ်ခဲ့ကြတယ်လို့ သိရပါတယ်။
2014-08-28
မြန်မာပြည်မြောက်ပိုင်းမှာ အခြေစိုက်ထား တဲ့ UWSA ဝပြည်သွေးစည်းညီညွတ်ရေး တပ်မတော်နဲ့ ရှမ်းပြည်နယ်အရှေ့ပိုင်း အခြေစိုက် NDAA မိုင်းလား ခေါ် အမျိုးသားဒီမိုကရေစီ မဟာမိတ်တပ်ဖွဲ့ တို့ဟာ အနာဂါတ်မှာပြုလုပ်မယ့် နိုင်ငံရေးဆွေးနွေးပွဲမှာပါဝင်မယ်လို့သိရပါတယ်။
2014-08-28
PR ခေါ် အချိုးကျကိုယ်စားပြု ရွေးကောက်ပွဲ စနစ်ကို ကန့်ကွက်တဲ့ လက်မှတ်တွေကို မြို့နယ်အသီးသီးမှာ ဒီနေ့ကစပြီး ၁၅ရက် ကြာ ကောက်ခံသွားမှာဖြစ်တယ်လို့ ဒီနေ့ သင်္ဃန်းကျွန်း မြို့နယ် "စိတ်တိုင်းကျ"ခန်းမက PR စနစ်ဟောပြောပွဲနဲ့ လက်မှတ်ကောက်ခံပွဲမှာ ပြည်သူ့လှုပ်ရှားမှု မြှင့်တင်ရေး ကွန်ရက် တာဝန်ရှိသူတွေက ပြောပါတယ်။