PR ဆန့်ကျင်ရေး လက်မှတ်ရေးထိုးလှုပ်ရှားမှုစတင်


2014.08.28
pr-signature-305.jpg ပီအာစနစ် ကန့်ကွက်လက်မှတ်ရေးထိုးပွဲကို ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ်က စိတ်တိုင်းကျခန်းမမှာ သြဂုတ်လ ၂၈ ရက်နေ့က ပြုလုပ်စဉ်
Photo: Wai Yan Moe Myint, Yadanar Oo/RFA

PR ခေါ် အချိုးကျကိုယ်စားပြု ရွေးကောက်ပွဲစနစ်ကို ကန့်ကွက်တဲ့ လက်မှတ်တွေကို မြို့နယ် အသီးသီးမှာ ဒီနေ့ကစပြီး ၁၅ရက်ကြာ ကောက်ခံသွားမှာဖြစ်တယ်လို့ ဒီနေ့ သင်္ဃန်းကျွန်းမြို့နယ် "စိတ်တိုင်းကျ"ခန်းမက PR စနစ်ဟောပြောပွဲနဲ့ လက်မှတ်ကောက်ခံပွဲမှာ ပြည်သူ့ လှုပ်ရှားမှု မြှင့်တင်ရေးကွန်ရက် တာဝန်ရှိသူတွေ က ပြောပါတယ်။

မြို့နယ်အသီးသီးက တက်ကြွလှုပ်ရှားသူတွေကို အကူအညီတောင်းပြီး ကောက်ယူသွားမှာ ဖြစ်တယ် လို့ ပြည်သူ့လှုပ်ရှားမှု မြှင့်တင်ရေးကွန်ရက်က ကိုမြတ်ကျော်က  ပြောပါတယ်။

"ပီအာကို ကန့်ကွက်လက်မှတ်တွေ ရယူမယ်ဆိုတာဟာ မြို့နယ်အသီးသီးမှာ တက်ကြွလှုပ်ရှားသူတွေကို ကျနော်တို့ အကူအညီတောင်းခံပါမယ်၊ ပူးပေါင်းပါလို့ ဖိတ်ခေါ်ပါမယ်၊ တာဝန်သိစွာ ကောက်ခံလိမ့်မယ်လို့ မျှော်လင့်ပါတယ်၊ တစ်ယောက်လက်မှတ်ထိုးလည်း ပြည်သူ့ဆန္ဒပါ၊ နှစ်ယောက်လက်မှတ်ထိုးလည်း ပြည်သူ့ဆန္ဒပါ"

ပြည်သူ့လှုပ်ရှားမှုမြှင့်တင်ရေးကွန်ရက်အဖွဲ့ဝင်တွေနဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေက စိတ်တိုင်း ကျခန်းမမှာ ဒီနေ့ လက်မှတ်ရေးထိုးခဲ့ကြပြီး ၁၅ရက်ကြာ ကောက်ယူရရှိတဲ့လက်မှတ်တွေကို လွှတ်တော်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နဲ့ တိုင်းရင်းသားနိုင်ငံရေးပါတီတွေထံ ပေးပို့မှာဖြစ်ပါတယ်။

ပြီးခဲ့တဲ့လွှတ်တော်အစည်းအဝေးမှာ PR ခေါ် အချိုးကျကိုယ်စားပြုရွေးကောက်ပွဲစနစ်ကို အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်နဲ့ တိုင်းရင်းသားနိုင်ငံရေးပါတီတွေက ကန့်ကွက်ခဲ့ကြပေမဲ့ အမျိုးသားလွှတ်တော်က အတည်ပြုခဲ့ပါတယ်။

ပြည်သူ့လွှတ်တော်မှာ မြန်မာနိုင်ငံနဲ့ ကိုက်ညီမယ့် ရွေးကောက်ပွဲစနစ် အကောင်အထည်ဖေါ်ရေး ကော်မရှင်ကို ဖွဲ့စည်းခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။