သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2014-07-29
အခြေခံဥပဒပြင်ဆင်ခြင်း ပုဒ်မ ၄၃၆ ကိုပြည်သူတွေ ပိုပြီးသိရှိ နားလည်စေဖို့ အတွက် ဇာတ်လမ်းတွဲတွေ ရိုက်ကူးပြီး ပြည်သူတွေကို အခမဲ့ အသိပညာပေး ဖြန့်ဝေဖို့ စီစဉ်နေတယ်လို့ ဟာသသရုပ်ဆောင် ဇာဂနာ (ခ) ဒါရိုက်တာ ဦးသူရက ပြောပါတယ်။
2014-07-29
ထိုင်းမြန်မာနယ်စပ်မြို့ဖြစ်တဲ့ ရှမ်းပြည် အရှေ့ပိုင်း တာချီလိတ်မြို့မှာ မြန်မာ ကျပ်ငွေ သိန်းနှစ်သောင်း ကျော် တန်ဖိုးရှိတဲ့ ဘိန်းဖြူ ဘလောက်တုံးတွေနဲ့ လက်နက်ခဲယမ်းတွေကို ဇူလိုင်လ ၂၈ ရက်နေ့ မနက် ၁ဝ နာရီခွဲက လားဟူလူမျိုးနှစ်ဦးထံကနေ ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။
2014-07-29
အမေရိကန်အစိုးရက မနေ့က ထုတ်ပြန်ခဲ့ တဲ့ ၂ဝ၁၃ ခုနှစ် အတွက် နိုင်ငံတကာ ဘာသာရေး လွတ်လပ်မှု အစီရင်ခံစာမှာ မြန်မာနိုင်ငံဟာ CPC ခေါ် အထူးစိုးရိမ်ဖွယ်နိုင်ငံများစာရင်းမှာ ဆက်လက် ပါဝင်နေဆဲ ဖြစ်ပါတယ်။
2014-07-28
မြန်မာအစိုးအနေနဲ့ လက်ရှိတိုးတက်ပြောင်း လဲမှုတွေကနေ နောက်ပြန်ဆုတ်တဲ့ လုပ်ဆောင်မှုတွေကို ရှောင်ကျဉ်ဖို့ ကုလသမဂ္ဂမြန်မာနိုင်ငံ ဆိုင်ရာ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် ယန်ဟီလီက တိုက်တွန်းလိုက်ပါတယ်။
2014-07-28
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေးအထူး ကိုယ်စားလှယ် မစ္စ Yanghee Lee က… ရခိုင်ပြည်နယ်မှာ လက်ရှိဖြစ်ပေါ်နေတဲ့အခြေအနေတွေကြောင့် ဗုဒ္ဓဘာသာဝင်နဲ့ မွတ်စလင်တွေအကြား ရာသက်ပန် ခွဲခြားမှှု ဖြစ်ပေါ်လာမှာကို စိုးရိမ်ပူပန်မိကြောင်း ဇူလိုင်လ ၂၆ ရက် ပြီးခဲ့တဲ့ စနေနေ့ ညနေပိုင်းက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားလိုက်ပါတယ်။
2014-07-28
နယ်စည်းမခြား ဆရာဝန်များအဖွဲ့- MSF ကို ရခိုင်ပြည်နယ်အတွင်း ပြန်လည်ဝင်ရောက် အကူအညီ ပေးဖို့ ဖိတ်ခေါ်ရတာနဲ့ ပတ်သက်လို့ ပြည်ထောင်စုအစိုးရနဲ့ ပြည်နယ်အစိုးရတွေက စစ်တွေမြို့မှာ ရပ်မိရပ်ဖ တွေကို ရှင်းပြခဲ့ပါတယ်။
2014-07-28
၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် ဒီမိုကရေစီရေး လှုပ်ရှားတက်ကြွသူများ ကွန်ယက်အဖွဲ့ဝင် ၃ ရာကျော်လောက် ဇူလိုင်လ ၂၇ ရက်နေ့က ရန်ကုန်မြို့ မြေနီကုန်းပန်းခြံကနေ ဗဟန်းမြို့နယ်က ဗိုလ်စိန်မှန် ကွင်းကို လမ်းလျှောက်ဆန္ဒပြခဲ့ကြပါတယ်။
2014-07-28
သတင်းမီဒီယာတွေ စုစည်းကျင်းပတဲ့ ပထမဆုံးအကြိမ် မီဒီယာဖိုရမ်ကို ပြီးခဲ့တဲ့ ဇူလိုင်လ ၂၆ ရက်နေ့က ရန်ကုန် မြို့ ယုဇနဟိုတယ်မှာ ကျင်းပခဲ့ပါတယ်။
2014-07-28
သတင်းမီဒီယာတွေကို ဖိနှိပ်မှုတွေ ရပ်ဆိုင်းဖို့အတွက် တောင်တွင်းကြီးမြို့မှာ ပြီးခဲ့တဲ့ဇူလိုင်လ ၂၆ ရက်နေ့က ဆန္ဒပြခဲ့ကြပါတယ်။ RFA သတင်းထောက် ကိုဇော်တူးက တင်ပြထားပါတယ်။
2014-07-28
လာမယ့်ရွေးကောက်ပွဲတွေမှာ ပီအာ ခေါ် အချိုးကျ ကိုယ်စားပြုစနစ် ကျင့်သုံးပြီး တိုင်းဒေသကြီးတွေ မှာ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တွေ ရွေးချယ် ဖို့အဆိုကို ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖံ့ွဖြိုးရေး ပါတီဝင် တိုင်းရင်းသားလွှတ်တော် ကိုယ်စားလှယ် ၇ ဦးက ထောက်ခံဆွေးနွေးခဲ့ပြီး အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် လွှတ်တော်ကိုယ်စားလှယ် ၈ ဦးက ကန့်ကွက်ခဲ့ပါတယ်။
2014-07-28
ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် မန်ပူးကျေးရွာမှာ တပ်မတော်နဲ့ တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် TNLA တို့ နှစ်ဘက်တပ်တွေအကြား တိုက်ပွဲတွေ ဖြစ်ပွားနေတာကြောင့် ဒေသခံ ၈၀၀ ကျော်လောက်ဟာ နမ့်ခမ်းမြို့မှာ "မန်ပူး ဘုံအိမ်" အမည်နဲ့ ယာယီစစ်ဘေးဒုက္ခသည်စခန်း ဖွင့်လှစ်ပြီး ခိုလှုံနေထိုင်နေကြပါတယ်။
2014-07-28
ကချင်ပြည်နယ် ဟိုပင်မြို့အရှေ့မြောက် ဘက် တစ်မိုင်လောက်ဝေးတဲ့ လယ်ကွက်တွေထဲမှာ မူးယစ်ဆေးဝါးရောင်းဝယ် သုံးစွဲ သူတွေကို တပ်မ ၆၆ လက်အောက်ခံတပ်တွေက ဒီနေ့ မနက်က ဝင်ရောက်ပစ်ခတ်ဖမ်းဆီးရာမှာ တစ်ဦးသေပြီး တစ်ဦးဒဏ်ရာရရှိသွားတယ်လို့ မြို့ခံတွေကပြောပါတယ်။
2014-07-28
ရခိုင်ပြည်နယ်မှာ ရောက်ရှိနေတဲ့ မြန် မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး Derek Mitchell နဲ့ ဗြိတိသျှ သံအမတ်ကြီး Andrew Patrick တို့ဟာ MSF ခေါ် နယ်စည်းမထား ဆရာဝန်များအဖွဲ့ကို အစိုးရက ပြန်လည်ဖိတ်ခေါ်ချက် အပေါ် ဒေသခံတွေကန့်ကွက်နေကြတာနဲ့ပတ်သက်ပြီး ရခိုင်အမျိုးသားပါတီ ခေါင်းဆောင်တွေနဲ့ စစ်တွေ မြို့ပါတီရုံးမှာ ဒီကနေ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
2014-07-28
မန္တလေးတိုင်းဒေသကြီးအတွင်းမှာ ထုတ်ပြန်ထားတဲ့ ည ၉ နာရီကနေ နံနက် ၃ နာရီအထိ ညမထွက်ရ ပုဒ်မ ၁၄၄ အမိန့်ကို သက်ဆိုင်ရာက ဒီကနေ့ အချိန်တစ်နာရီ ထပ်မံလျှော့ချလိုက် ပါတယ်။
2014-07-27
ဦးပိုင်နဲ့တရုတ်ဝမ်ပေါင်ကုမ္ပဏီဘက်က ရဲတပ် ဖွဲ့ဝင်တွေနဲ့လက်ပံတောင်းဒေသခံတွေဖြစ်တဲ့ပဋိပက္ခမှာ ရဲတပ်ဖွဲ့ဘက်ကဒဏ်ရာရသူရှိသလို ရွာသားတွေ ဘက်ကလဲ ဒဏ်ရာရသူတွေရှိတယ်လို့သိရပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်လို့ ရွာသားတစ်ဦးကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော်ဆက်သွယ်မေးမြန်း ထားတာ နားဆင်နိုင်ပါပြီ။