သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2019-06-26
ပုဏ္ဏားကျွန်းမြို့နယ် ဆင်သီရွာအနီး မြန်မာ့တပ်မတော်နဲ့ AA ရက္ခိုင့်တပ်တော်ရဲ့တိုက်ပွဲကြောင့် ရွာလုံးကျွတ်နီးပါးထွက်ပြေးသွားခဲ့ကြတယ်လို့ ဆင်သီကျေးရွာကျောင်းတိုက်က အနော်မာလမင်းဆရာတော်က RFA ကို မိန့်ပါတယ်။
2019-06-26
တပ်မတော်က အပစ်ရပ်ထားတဲ့ ခြောက်လတာကာလအတွင်း အပစ်ရပ်ဒေသတွေမှာရှိတဲ့ တိုင်းရင်းသားအဖွဲ့တွေထဲက တအာင်း လွတ်မြောက်ရေးတပ်မတော် TNLA နဲ့ ကလွဲပြီး ကျန်အဖွဲ့တွေနဲ့ တိုက်ပွဲတွေ လျှော့ချနိုင်ခဲ့တယ်လို့ တပ်မတော်နဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေက ပြောကြပါတယ်။
2019-06-26
ရေကာတာတွေကို ကမ္ဘာအရပ်ရပ်မှာ အရွယ်အစားစား ပုံစံအမျိုးမျိုး ဆောက်လုပ်ခဲ့ကြတာ မှန်ပါတယ်။ အဲဒီထဲက တချို့တွေက ကောင်းကျိုးထက် ဆိုးကျိုး ပိုပြီးပေးခဲ့တာ သာဓကတွေ ရှိပါတယ်။
2019-06-26
လက်ကြီးသမားလို့ခေါ်တဲ့ ပမာဏများတဲ့ မူးယစ်ဆေးဝါးထုတ်လုပ်ဖြန့်ဖြူး ရောင်းဝယ်ဖောက်ကားမှုတွေနဲ့ပတ်သက်လို့ သတင်းပေးတိုင်ကြားကြဖို့ နိုင်ငံတော် သမ္မတ ဦးဝင်းမြင့် က ဒီကနေ့ တိုက်တွန်းလိုက်ပါတယ်။
2019-06-26
လက်နက်ကိုင်ပဋိပက္ခတွေဖြစ်နေတဲ့ ရခိုင်ပြည်နယ်ထဲက မြို့နယ် ရှစ်ခုမှာ ယာယီဖြတ်တောက် ထားတဲ့ မိုဘိုင်းဖုန်း အင်တာနက် အသုံးပြုခွင့်ပြန်ပေးဖို့ တိုက်တွန်းကြောင်း အရေးကြီးအဆိုကို ဒီနေ့ ရခိုင်ပြည်နယ်လွှတ်တော်မှာ ကန့်ကွက်သူမရှိ အတည်ပြုလိုက်ပါတယ်။
2019-06-26
လက်ကြီးသမား လို့ခေါ်တဲ့ ပမာဏများတဲ့ မူးယစ်ဆေးဝါး ထုတ်လုပ်ဖြန့်ဖြူး ရောင်းဝယ် ဖောက်ကားမှုတွေနဲ့ ပတ်သက်လို့ သတင်းပေးတိုင်ကြားကြဖို့ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် က ဒီကနေ့ တိုက်တွန်းလိုက်ပါတယ်။
2019-06-26
AA အဖွဲ့ဝင်ဆိုတဲ့ သံသယနဲ့ ဖမ်းဆီးခံထားရတဲ့ တင်းထိန်ကန်ကျေးရွာက လူငယ်နှစ်ဦးဟာ တပ်မတော်က စစ်ဆေးစဉ်မှာ ညှဉ်းပန်းနှိပ်စက်ခဲ့ကြောင်း မနေ့က ကျောက်တော်မြို့နယ် တရားရုံးမှာ ထွက်ဆိုခဲ့တယ်လို့ RFA ကို ပြောပါတယ်။
2019-06-26
ရှမ်းပြည်နယ် အရှေ့ပိုင်း မိုင်းလား အထူးဒေသ (၄) မှာ တစ်နှစ်အတွင်း ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါးတွေကို ဒီနေ့ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနေ့အထိမ်းအမှတ်နဲ့ မီးရှို့ဖျက်ဆီးခဲ့ပါတယ်။
2019-06-25
CMEC ခေါ် တရုတ်- မြန်မာ စီးပွားရေးစြင်္ကန်လမ်းစီမံကိန်းတွေနဲ့ ပတ်သက်ပြီး နှစ်နိုင်ငံ ဆွေးနွေးခဲ့ကြရာမှာ တရုတ်နဲ့ ဆက်ဆံရေးက မြန်မာ့အကျိုးစီးပွားကို မကျော်လွန်ဖို့ လိုအပ်ကြောင်း ပြောဆိုတာတွေ ရှိခဲ့ပါတယ်။
2019-06-25
မြန်မာနိုင်ငံက လက်နက်ကိုင်ပဋိပက္ခတွေ ဖြစ်ပွားနေတဲ့ နေရာတွေမှာ အလုပ်သမား အခွင့်အရေးချိုးဖောက်မှုတွေ အဓမ္မလုပ်အားပေးစေခိုင်းတာတွေ ရှိနေတယ်လို့ အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ် ILO ရဲ့ စံနှုန်းတွေနဲ့ပတ်သက်ပြီး ကျွမ်းကျင်ကော်မတီက ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။
2019-06-25
ဝေဖန်မှုတွေ ရှိနေတဲ့ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ဥပဒေဟာ ကလေးသူငယ်တွေရဲ့ အခွင့်အရေးကို အပြည့်အဝရရှိစေဖို့ ဆောင်ရွက်တာဖြစ်ပြီး နိုင်ငံသားဖြစ်မှုကိစ္စကတော့ နိုင်ငံသားဥပဒေနဲ့သာ ကိုင်တွယ်မှာဖြစ်တဲ့အတွက် စိုးရိမ်စရာမရှိဘူးလို့ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ပြောလိုက်ပါတယ်။
2019-06-25
ရပ်နားထားတာကြာပြီဖြစ်တဲ့ မကွေးလေဆိပ်ကို ဒီကနေ့မနက်မှာပဲ မကွေး-ရန်ကုန်ခရီးစဉ် ပြေးဆွဲတာနဲ့ စတင်ဖွင့်လှစ်လိုက်ပါတယ်။
2019-06-25
တပ်မတော်က သတင်းစာရှင်းလင်းပွဲတွေ ကျင်းပနေတာဟာ မီဒီယာတွေလုပ်စားဖို့ မဟုတ်သလို တပ်မတော်က ဖော်ပြလိုတဲ့သတင်းတွေကို မီဒီယာတွေက မဖော်ပြဘဲချန်ထားတယ်ဆိုတဲ့ ဗိုလ်ချုပ်ထွန်းထွန်းညီရဲ့ ပြောဆိုမှုဟာ မီဒီယာတွေရဲ့ လုပ်ငန်းတာဝန်တွေကို တပ်မတော်ဘက်က နားမလည်တာကြောင့်လို့ သတင်းမီဒီယာသမားတွေက တုံ့ပြန်ပြောကြပါတယ်။
2019-06-25
ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ဥပဒေဟာ ကလေးတွေရဲ့ အခွင့်အရေး အပြည့်အဝရဖို့ ဆောင်ရွက်တာဖြစ်ပြီး နိုင်ငံသားဖြစ်မှုကိစ္စကတော့ နိုင်ငံသားဥပဒေနဲ့သာ ကိုင်တွယ်မှာဖြစ်တဲ့ အတွက် စိုးရိမ်စရာမရှိဘူးလို့ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ပြောပါတယ်။
2019-06-25
ရခိုင်နဲ့ ချင်းပြည်နယ်က မြို့နယ် ကိုးခုမှာ အစိုးရက အင်တာနက်အသုံးပြုခွင့် ယာယီ ပိတ်လိုက်တာဟာ တပ်မတော်ရဲ့လုပ်ရပ်တွေကို ဖုံးကွယ်ဖို့အတွက် ရည်ရွယ်ချက်ရှိရှိနဲ့ ကြိုတင်ပြုလုပ်ထားတာဖြစ်ကြောင်း AA က မနေ့က ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။