ကလေးသူငယ်အခွင့်အရေး အပြည့်အဝရရှိဖို့ ဆောင်ရွက်တာလို့ ဝန်ကြီးပြော


2019.06.25
theinswe-minister-622.jpg အလုပ်သမား၊ လူဝန်မှု ကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ ကို ၂၀၁၉၊ ဇွန် ၂၅ ရက်နေ့ နေပြည်တော်၊ သင်္ဂဟဟိုတယ်မှာကျင်းပတဲ့ အလုပ်ရုံဆွေးနွေးပွဲမှာ တွေ့ရစဉ်
Photo: Thiha Tun/ RFA

ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ဥပဒေဟာ ကလေးသူငယ်တွေရဲ့ အခွင့်အရေး အပြည့်အဝရရှိစေဖို့ ဆောင်ရွက် တာဖြစ်ပြီး နိုင်ငံသားဖြစ်မှုကိစ္စကတော့ နိုင်ငံသား ဥပဒေနဲ့သာ ကိုင်တွယ်မှာဖြစ်တဲ့အတွက် စိုးရိမ်စရာမရှိဘူးလို့ အလုပ်သမား၊ လူဝန်မှု ကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ပြောပါတယ်။

ဒီနေ့ နေပြည်တော်က သင်္ဂဟဟိုတယ်မှာကျင်းပတဲ့ ၂၀၁၉ ခုနှစ် ကြားဖြတ် လူဦးရေ သန်းခေါင်စာရင်းကောက် ယူရေးနဲ့ ပတ်သက်တဲ့ အလုပ်ရုံဆွေးနွေးပွဲမှာ ပြည်ထောင်စုဝန်ကြီးက သတင်းထောက်တွေရဲ့ မေးမြန်းချက်ကို အဲဒီလို ဖြေကြားခဲ့တာပါ။

ဇွန်လ ၇ ရက်နေ့က ပြည်ထောင်စုလွှတ်တော်က အတည်ပြုလိုက်တဲ့ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ဥပဒေကို ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ဦးဆောင်ပြီး ဇွန်လ ၂၂ ရက်နေ့က ကန့်ကွက်ဆန္ဒပြခဲ့တာဖြစ်ပါတယ်။

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက နိုင်ငံသားဖြစ်မှုကိစ္စဟာ ၁၉၈၂ နိုင်ငံသားဥပဒေနဲ့ ကိုင်တွယ်မှာဖြစ်တဲ့အတွက် စိုးရိမ်စရာမရှိဘူးလို့ ပြောပါတယ်။အလုပ်သမား၊ လူဝန်မှု ကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ

"ဥပဒေနဲ့အညီဆိုရင်တော့ ဥပဒေအတိုင်းပဲ ဆောင်ရွက်ရမှာဖြစ် ပါတယ်။ ကလေးသူငယ်ဥပဒေကို ဆောင်ရွက်ခြင်းဟာ ကလေး သူငယ်များရဲ့ အခွင့်အရေးကို နိုင်ငံတကာစံချိန်စံညွှန်းနဲ့အညီ ကိုယ့်ဒေသက ကလေးသူငယ်တွေရဲ့ အခွင့်အရေး အပြည့်အဝရဖို့ ဆောင်ရွက်တာဖြစ်ပါတယ်။ နိုင်ငံသားဖြစ်မှု မဖြစ်မှုဆိုတာကလည်း နိုင်ငံသားဥပဒေနဲ့ ချိန်ထိုးဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ဥပဒေနဲ့ အညီ ဆောင်ရွက်တယ်ဆိုရင်တော့ တိုင်းပြည်အန္တရာယ်ရှိတယ်လို့ ပြောလို့မရပါဘူး။ နိုင်ငံတကာမှာလည်း ဆောင်ရွက်နေတယ်။ အခု လည်းဆောင်ရွက်နေတယ်။ case တခုချင်းအလိုက် သက်ဆိုင်ရာ ဥပဒေတွေနဲ့အညီ စစ်ဆေးဆောင်ရွက်သွားမှာဖြစ်လို့ စိုးရိမ်စရာ မရှိပါဘူး။"

နိုင်ငံတကာစံချိန်စံညွှန်းနဲ့အညီ ကိုယ့်ဒေသက ကလေးသူငယ်တွေရဲ့ အခွင့်အရေး အပြည့်အဝရဖို့ ဆောင်ရွက် တာဖြစ်ပါတယ်။

ကြံ့ခိုင်ဖံ့ွဖြိုးရေးပါတီနဲ့ အမျိုးသားရေးလှုပ်ရှားသူတချို့က အဲဒီကလေးသူငယ်ဆိုင်ရာ အခွင့်အရေး ကာကွယ်ရေးဥပဒေမှာ ပါဝင်တဲ့ ကလေးမွေးစားခွင့်၊ အမွေဆက်ခံခွင့်၊ မွေးစာ ရင်းကောက်ယူတဲ့ကိစ္စ စတဲ့အချက်တွေနဲ့ပတ်သက်လို့ ရခိုင်ပြည် နယ် မြောက်ပိုင်းက မွတ်ဆလင်ကလေးငယ်တွေကို မွေးစား ခဲ့မယ်ဆိုရင် နောက်ပိုင်းမှာ နိုင်ငံသားဖြစ်ဖို့ အခွင့်အလမ်းရှိသွား မှာကို စိုးရိမ်တဲ့အတွက် ကန့်ကွက်ရတာဖြစ်ကြောင်း ဝေဖန် ပြောဆိုထားပါတယ်။

ဒီလိုဝေဖန်မှုတွေနဲ့ပတ်သက်လို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်သူ့အင်အား ဦးစီးဌာန ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးဝင်းဇော်အောင် ကို မေးမြန်းရာမှာ အခုလိုရှင်းပြပါတယ်။အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်သူ့အင်အားဦးစီးဌာန ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးဝင်းဇော်အောင်

"တိုင်းရင်းသားတွေရဲ့ သွင်ပြင်လက္ခဏာရုပ်ရည်နဲ့ နိုင်ငံခြားသားရဲ့ သွင်ပြင်လက္ခဏာရုပ်ရည် ကျနော်တို့ လဝက က ခွဲခြားလို့ သိပါ တယ်။ သာမန်ကြည့်ရုံနဲ့ တိုင်းရင်းသားလား၊ နိုင်ငံခြားသားလား ဆိုတာ။ ကြည့်လိုက်တာနဲ့ နိုင်ငံခြားသားဆိုရင် သိသာတဲ့ သွင်ပြင် လက္ခဏာရှိတယ်။ ကိုယ့်တိုင်းရင်းသား ကိုယ့်နိုင်ငံသားဆိုရင် ဒါ ရှမ်း၊ ဒါ ကရင်၊ ဒါ ကချင် ကြည့်လိုက်တာနဲ့ ခန့်မှန်းလို့ ရပါတယ်။ သိပ်တော့ စိုးရိမ်စရာမရှိဘူးထင်ပါတယ်။"

တဆက်တည်းမှာပဲ ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးဝင်းဇော်အောင် က ၁၉၈၂ ခုနှစ် နိုင်ငံသား ဥပဒေနဲ့ ဆောင်ရွက်မယ်ဆိုရင် အဲဒီအချက်တွေ အပေါ် စိုးရိမ်စရာမရှိဘူးလို့ ယူဆကြောင်းလည်း ပြောပါတယ်။

"ဒီကလေးမွေးတယ်ဆိုတာက နိုင်ငံခြားမှာ မွေးတာက ပုံစံအမျိုးမျိုး ရှိပါတယ်။ ကိုယ့်ဆီက သွားအလုပ်လုပ်တဲ့ အလုပ်သမားတွေက မွေးဖွားတာ ပုံစံတမျိုးရှိပါတယ်။ တရားဝင် သွားပြီး တာဝန်ထမ်းဆောင်ရင်း မွေးတဲ့ကလေးတွေလည်း ရှိတယ်။ ခုနပြောသလို အခြေအနေမျိုးမှာ မွေးတဲ့ ကလေးတွေလည်း ရှိတယ်။ ဒါတွေကတော့ ခွဲခြားပြီး ဆောင်ရွက်ဖို့လိုမယ်လို့ ထင်ပါတယ်။ ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေအတိုင်း လိုက်နာဆောင်ရွက်မယ်ဆိုရင် သိပ်ပြီးစိုးရိမ်စရာမရှိဘူးထင်ပါတယ်။"

တိုင်းပြည်အတွက် အန္တရာယ်ရှိတယ်ဆိုပြီး ကြံ့ခိုင်ဖံ့ွဖြိုးရေးပါတီက ဝေဖန်ကန့်ကွက်နေတဲ့ ကလေးသူငယ် အခွင့်အရေးဆိုင်ရာ ဥပဒေနဲ့ပတ်သက်လို့ အစိုးရရဲ့ တုံ့ပြန်ပြောဆိုချက်အပေါ် ကြံံ့ခိုင်ဖံ့ွဖြိုးရေးပါတီက ပြောရေးဆိုခွင့်ရှိသူ ဒေါ်ယဉ်မင်းမြင့်ဆွေ ကကြံံ့ခိုင်ဖံ့ွဖြိုးရေးပါတီက ပြောရေးဆိုခွင့်ရှိသူ ဒေါ်ယဉ်မင်းမြင့်ဆွေ

"၈၂ ဥပဒေရှိလို့ ကာဆီးထားတာမို့ စိုးရိမ်စရာမရှိဘူးဆိုပေမယ့် နိုင်ငံတကာ ဖိအားတွေရှိလာရင် ဘယ်လောက်ထိတွန်းလှန်နိုင် မှာလဲ ဆိုတဲ့အပေါ်မှာ မူတည်တယ်။ ဥပဒေအားနည်းချက်တွေရှိနေ တယ်။ စိုးရိမ်စရာမရှိဘူးဆိုရင် စကားလုံး စကားရပ်တွေကို တိတိ ကျကျ ရေးသားဖော်ပြစေချင်တယ်။ အခုဖော်ပြထားတဲ့ ဥပဒေမူကြမ်း အရကတော့ လိုအပ်ချက်တွေ အများကြီး ရှိနေတယ်ဆိုတာ ဒါကို ထောက်ပြဝေဖန်တာဖြစ်တယ်။"

ကိုဖီအာနန် ဦးဆောင်တဲ့ ရခိုင်အကြံပေးကော်မရှင်က အကြံပြုထားတဲ့ အချက် ၈ ချက်ထဲမှာ ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေကို ပြင်ဆင်ဖို့ ဆိုတဲ့အချက် ပါဝင်ပါတယ်။

ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ဒီအချက်ဟာ လက်ရှိ နိုင်ငံရေးအခြေအနေအရ ပြဿနာများစွာရှိတဲ့ကိစ္စဖြစ်ပြီး ချက်ချင်းအကောင်အထည်ဖော်လို့ မရနိုင်ဘူးလို့ ၂၀၁၈ ခုနှစ် ဇွန်လက ဒိန်းမတ်နိုင်ငံမှာ ပြုလုပ်တဲ့ ဆွေးနွေးပွဲတစ်ခုမှာ တုံ့ပြန်ပြောဆိုတာတွေ ရှိခဲ့ပါတယ်။

(RFA သတင်းထောက် ကိုသီဟထွန်း ပေးပို့သည်)

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။