သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2021-04-29
မန္တလေးတိုင်း မိုးကုတ်နဲ့ မိတ္ထီလာမြို့က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ တာဝန်ရှိသူတွေကို စစ်ကောင်စီ တပ်တွေက ဧပြီလ ၂၈ ရက် မနေ့ညပိုင်းက လာရောက်ဖမ်းဆီးသွားတယ်လို့ မိသားစုနဲ့နီးစပ်သူတွေက ပြောပါတယ်။
2021-04-29
မန္တလေး၊ မဟာမြိုင် အပိုင်း (၁)၊ ၄၂ လမ်း၊ ၆၆ နဲ့ ၆၇ လမ်းကြားက ဈေးမှာ မနေ့က ဧပြီလ ၂၈ ရက်နေ့က ဈေးခွန်လာကောက်တဲ့ စည်ပင်ဝန်ထမ်းတွေကို ဈေးသည်တွေ အချက်နှစ်ချက် တောင်းဆိုရာကနေ အဆင်မပြေဖြစ်တဲ့နောက် စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေက လိုက်လံပစ်ခတ်လို့ ဈေးသူဈေးသားအချို့ ထွက်ပြေးခဲ့ကြရတယ် လို့ ဈေးသည်တွေက ပြော ပါတယ်။
2021-04-29
ဧပြီလ ၂၈ ရက်နေ့ မနေ့ညက ဖားကန့်မြို့နယ် တာမခန်မြို့သစ်မှာ နွေဦးတော်လှန်ရေးတွင် ကျဆုံးသူအားလုံးအတွက် ရည်စူးပြီး " ရှေ့ဆက်တိုက်မည် လက်တွဲညီ NUG " စာသားရေးဖော်ကာ ဖယောင်းတိုင်ထွန်းဆုတောင်းပြီး ညသပိတ်ပြုလုပ်ခဲ့ကြပါတယ်။
2021-04-29
ရခိုင်ပြည်နယ် ၀န်ကြီးချုပ်ဟောင်း ဦးညီပုရဲ့ယာဥ်မောင်း ဖြစ်သူ ဦးထွန်းလှိုင်ကို မနေ့ညက အရပ်၀တ်နဲ့ လူနှစ်ယောက်က ဖမ်းဆီးသွားတယ်လို့ မိသားစု၀င်က RFA ကို ပြောပါတယ်။
2021-04-28
ဧပြီလ ၂၇ရက်နေ့က ကရင်ပြည်နယ်မြောက်ပိုင်း သံလွင်မြစ်နံဘေးက စစ်ကောင်စီရဲ့ စခန်းတခုကို KNU က သိမ်းယူလိုက်ပြီးနောက် စစ်ကောင်စီက KNU တပ်တွေ ရှိနေတဲ့ အနီးအနားရွာတွေကို စစ်လေယာဉ်နဲ့နှစ်ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။
2021-04-28
ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ဖမ်းဆီးခံထားရသူအားလုံးကို လွှတ်မပေးဘဲနဲ့ စစ်ကောင်စီ နဲ့ စေ့စပ်ဆွေးနွေးရေးက တစုံတရာအဓိပ္ပါယ်ရှိမှာ မဟုတ်ဘူးလို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောပါတယ်။
2021-04-28
ကရင်ငြိမ်းချမ်းရေးကောင်စီနဲ့ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA) က ခေါင်းဆောင်တွေနဲ့ အာဏာသိမ်းစစ်ကောင်စီက ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် ဦးဆောင်တဲ့အဖွဲ့တို့ ဧပြီလ ၂၆ ရက်နေ့က တွေ့ဆုံခဲ့ရာမှာ ကရင်ပြည်နယ်ဖွံ့ဖြိုးရေးအတွက် အကူအညီပေးဖို့ စစ်ကောင်စီဘက် ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ ဒီကိစ္စကြောင့် လက်ရှိ KNU ရဲ့ရပ်တည်ချက်နဲ့ ကရင်ပြည်နယ် ရောက်နေတဲ့ ဒီမိုကရေစီအင်အားစုတွေကို ထိခိုက်နိုင်ပါသလား...။
2021-04-28
စစ်ကိုင်းတိုင်း၊ ကနီမြို့နယ် ချောင်းမကျေးရွာမှာ ဒေသခံနှစ်ဦးကို ဧပြီလ ၂၇ ရက်နေ့က စစ်ကောင်စီတပ်က ဖမ်းဆီးခေါ်ဆောင်သွားပြီး နောက်တရက်မှာ တဦးရဲ့အလောင်းကို လာရောက်ထုတ်ယူဖို့ အကြောင်းကြားခဲ့တယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။
2021-04-28
အမျိုးသားညီညွတ်ရေးအစိုးရ NUG ကို ကြိုဆိုတယ်လို့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPSTက ဧပြီလ ၂၇ရက်နေ့က ကြေညာခဲ့ပြီး နောက်တရက် အကြာမှာပဲ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH က PPSTရဲ့ ရပ်တည်ချက်ကို ထောက်ခံကြိုဆိုတယ်လို့ တုံ့ပြန်ခဲ့ပါတယ်။
2021-04-28
စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေမှာ အဓိက ဦးဆောင်ခဲ့တဲ့ Gen Z Burma အဖွဲ့ဝင်တချို့ ထိုင်း-မြန်မာနယ်စပ်ကို ရောက်ရှိနေပါတယ်။
2021-04-28
ထားဝယ်မြို့တောင်ပိုင်းကျေးရွာတွေပူးပေါင်းထားတဲ့ သပိတ်စစ်ကြောင်းဟာ ဒီနေ့မှာ ကျေးရွာတွေကို စစ်အာဏာရှင်ဆန့်ကျင်ရေး လှည့်လည်ဆန္ဒပြခဲ့ကြခဲ့ကြပါတယ်။ ထားဝယ်မြို့နယ်ဟာ သပိတ်စစ်ကြောင်းတွေနဲ့ နေ့စဉ်ဆိုသလို ဆန္ဒပြနေကြတဲ့ မြို့နယ်လည်းဖြစ်ပါတယ်။
2021-04-28
အာဆီယံအထူးအစည်းအဝေးကနေထွက်လာတဲ့ ဘုံသဘောတူညီချက် ငါးချက်ဟာ တရားမျှတမှု မရှိဘဲ စစ်ကောင်စီ သက်ဆိုးရှည်စေမယ့် သဘောတူညီချက်တွေသာ ဖြစ်တယ်လို့ နိုင်ငံရေးသမားတွေ၊ ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ လွှတ်တော်အမတ် တွေနဲ့ နိုင်ငံရေးသုံးသပ်သူတွေက ထောက်ပြဝေဖန်လိုက်ပါတယ်။
2021-04-28
ချင်းပြည်နယ်မင်းတပ်မြို့မှာ စစ်တပ်ဘက်က အကျအဆုံးများနေပြီး သူတို့ဖမ်းထားတဲ့ လူငယ် ခုနစ်ယောက်ကို လည်း ပြန်လွှတ်ပေးလိုက်ရပါတယ်။ စစ်ကိုင်းတိုင်း တမူးမြို့မှာ CDM လှုပ်ရှားမှုမှာ ပူးပေါင်းပါဝင်နေတဲ့ စစ်သားတစ်ယောက် သေဆုံးခဲ့ပြီး ချင်းပြည်နယ် တီးတိန်မှာ လူငယ်တစ်ယောက် သေဆုံးရပါတယ်။ အဖမ်းခံရတဲ့ သူတွေကတော့ မုံရွာမြို့မှာ ဆယ်ယောက်၊ တန့်ဆည်မြို့မှာ နှစ်ယောက်၊ မူဆယ်မြို့မှာ နှစ်ယောက်နဲ့ သာယာဝတီမြို့မှာ တစ်ယောက်ဖြစ်ပါတယ်။
2021-04-28
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP) ဟာ မမှန်ကန်တဲ့ ကိန်းဂဏန်း အချက်အလက်တွေကို ထုတ်ပြန်နေပြီး နိုင်ငံဝန်ထမ်းတွေနဲ့ အများ ပြည်သူတွေ စိုးရိမ်ကြောက်ရွံ့မှုဖြစ်အောင်၊ ဆူပူအကြမ်းဖက်မှုတွေဖြစ်အောင် လှုံ့ဆော်ရာရောက်နေတယ်လို့ အရေးယူမယ်ဆိုပြီး စစ်ကောင်စီရဲ့ ပြည်ထဲရေးဝန်ကြီးဌာနက ဧပြီ ၂၆ ရက် တနင်္လာနေ့က ကြေညာလိုက်ပါတယ်။
2021-04-28
မန္တလေးမြို့က ရတနာပုံ တက္ကသိုလ်ကျောင်းသားတွေ ဒီကနေ့ ဧပြီလ ၂၈ ရက်နေ့မှာ စစ်အာဏာရှင် အလိုမရှိကြောင်း ဆန္ဒပြနေချိန်မှာ စစ်ကောင်စီတပ်တွေ လာရောက် ဖြိုခွဲခဲ့ပြီး ကျောင်းသားခြောက်ယောက် အဖမ်းခံခဲ့ရပါတယ်။