မန္တလေးမှာ ဈေးထဲပစ်ခတ်မှုကြောင့် ဈေးသည်တွေ တိမ်းရှောင်နေရ

2021.04.29
မန္တလေးမှာ ဈေးထဲပစ်ခတ်မှုကြောင့် ဈေးသည်တွေ တိမ်းရှောင်နေရ မန္တလေးမြို့ မဟာမြိုင် အပိုင်း (၁)၊ ၄၂ လမ်း၊ ၆၆ နဲ့ ၆၇ လမ်းကြားက ဈေးမှာ ၂၀၂၁ ဧပြီလ ၂၈ ရက်နေ့က စျေးခွန်လာကောက်တဲ့ စည်ပင်ဝန်ထမ်းတွေကို တွေ့ရစဉ်
Photo CJ

မန္တလေး၊ မဟာမြိုင် အပိုင်း (၁)၊ ၄၂ လမ်း၊ ၆၆ နဲ့ ၆၇ လမ်းကြားက ဈေးမှာ မနေ့က ဧပြီလ ၂၈ ရက်နေ့က ဈေးခွန်လာကောက်တဲ့ စည်ပင်ဝန်ထမ်းတွေကို ဈေးသည်တွေ အချက်နှစ်ချက် တောင်းဆိုရာကနေ အဆင် မပြေဖြစ်တဲ့နောက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက လိုက်လံပစ်ခတ်လို့ ဈေးသူဈေးသားအချို့ ထွက်ပြေးခဲ့ကြ ရတယ်လို့ ဈေးသည်တွေက ပြောပါတယ်။

အခွန်လာကောက်တဲ့ စည်ပင်ဝန်ထမ်းကို အခွန်ပြေစာပေးဖို့နဲ့ စည်ပင်ယူနီဖောင်းနဲ့ လာကောက်ဖို့ ပြောရာ ကနေ သေနတ်နဲ့ပစ်ခတ်တာတွေ လုပ်လာခဲ့တာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဈေးသည် တစ်ဦးက ပြောပါတယ်။

"မနေ့က စည်ပင်ဝန်ထမ်းကိုးယောက်လောက် ဈေးခွန်လာကောက်တော့ အခွန်ဆောင်တဲ့ပြေစာနဲ့ လာကောက်တဲ့သူတွေ စည်ပင်ယူနီဖောင်းဝတ်၊ နာ မည်ကတ်ပြားချိတ် ကောက်ပေးဖို့ တောင်းဆိုတော့ သူတို့က စစ်သားတွေ သွားခေါ်လာပြီး ကျနော်တို့ကို ဖမ်းခိုင်းတော့ ထွက်ပြေးတဲ့အခါ သေနတ်နဲ့ လိုက်ပစ်ပါတယ်။ အခုလည်း စုံစမ်းတာတွေလုပ်နေလို့ ဈေးမထွက်ဘဲ ရှောင်နေရတယ်။ လက်လုပ်လက်စားတွေဆိုတော့ အခုလိုလုပ်တာက အဆင်မပြေပါဘူး”

ပစ်ခတ်မှုကြောင့် ထိခိုက်ဒဏ်ရာရတာ မရှိခဲ့ဘူးလို့လည်း ဆိုပါတယ်။

ဒီကနေ့ ဧပြီလ ၂၉ ရက်နေ့မှာလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ စည်ပင်ဝန်ထမ်းတွေ ထပ်မံရောက်ရှိလာပြီး သူတို့ကို ဆန့်ကျင်ခဲ့တဲ့ ဈေးသည်အချို့ရဲ့ ပစ္စည်းတွေကို ကားနဲ့ သယ်ဆောင်သွားတယ်လို့ ဈေးသည်တွေက ပြောပါတယ်။

မန္တလေးမြို့မှာရှိတဲ့ ဈေးပေါင်း ၄၀ ကျော်ထဲက CDM လုပ်ဆောင်နေတဲ့ စည်ပင်ဝန်ထမ်း တစ်ရာကျော် အလုပ်က ရပ်နားခံထားရပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြတာတွေမှာ ပါဝင်ခဲ့ကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။