ဖမ်းဆီးခံရသူတွေကို လွှတ်မပေးဘဲ စစ်ကောင်စီနဲ့ ဆွေးနွေးရေး အဓိပ္ပါယ်မရှိဘူးလို့ ဦးကျော်မိုးထွန်း ပြော
ခင်ခင်အိ(ဝါရှင်တန်ဒီစီ)
2021.04.28
2021.04.28
ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ဖမ်းဆီးခံထားရသူအားလုံးကို လွှတ်မပေးဘဲနဲ့ စစ်ကောင်စီ နဲ့ စေ့စပ်ဆွေးနွေးရေးက တစုံတရာအဓိပ္ပါယ်ရှိမှာ မဟုတ်ဘူးလို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောပါတယ်။ လက်ရှိမြန်မာနိုင်ငံအရေးနဲ့ ပတ်သက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ NUG က စစ်ကောင်စီနဲ့ တွေ့ဆုံဖို့ အလားအလာအပေါ် ခုလိုပြောကြားတာပါ။
ဦးကျော်မိုးထွန်းရဲ့ လက်ရှိကုလသမဂ္ဂ သံအမတ်အဖြစ် တာဝန်ထမ်းဆောင်နေတဲ့ အခြေအနေ၊ NUG က ကုလသမဂ္ဂအပါအဝင် အာဆီယံနိုင်ငံ အစိုးရတွေ၊ နိုင်ငံတကာအစိုးရတွေနဲ့ ဆက်သွယ်ဆောင်ရွက်မှုတွေနဲ့ပတ်သက်ပြီး RFA အဖွဲ့သူ မခင်ခင်အိက ဆက်သွယ်မေးမြန်းထားပါတယ်။