သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2024-02-28
စေတုတ္တရာမြို့နယ်၊ လုံးကြီးရွာကို စစ်ကောင်စီတပ်နဲ့ ပျူစောထီးတွေ ဝင်ရောက်မီးရှို့ခဲ့တာကြောင့် ရွာလုံးကျွတ်မီးလောင်ပျက်စီးခဲ့ပြီး ဒေသခံ ၄၅၀ ခန့်လည်း ဘေးလွတ်ရာ ထွက်ပြေးနေရပါတယ်။
2024-02-28
ကျုံပျော်မြို့မှာရှိတဲ့ ရွာသုံးရွာက ဒေသခံလူငယ်ဆယ်ဦးကျော်ကို နိုင်ငံရေးလုပ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖေဖော်ဝါရီ ၂၅ ရက်မှာ စစ်ကောင်စီတပ်သားတွေ ဖမ်းဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
2024-02-28
မိုးမိတ်မြို့နယ်မှာ တစ်လကျော်အတွင်း အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု နှစ်ခု အပါအဝင် လက်နက်ကြီးနဲ့ လေကြောင်းကြောင့် အရပ်သား ၂၇ ဦး သေဆုံးခဲ့တယ်လို့ ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်အဖွဲ့က ထုတ်ပြန်ပါတယ်။
2024-02-28
မကွေးတိုင်း ဂန့်ဂေါ၊ ထီးလင်း၊ ပခုက္ကူနဲ့ ရေစကြိုမြို့နယ်တွေမှာ စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးအဖွဲ့ဝင်တွေကြောင့် သေဆုံးတဲ့အရပ်သား ၂၇ ဦးရှိပြီး အဆောက်အအုံ နှစ်ရာဝန်းကျင် မီးရှို့ခံရပါတယ်။
2024-02-28
မတ္တရာမြို့နယ်မှာ စစ်ကောင်စီတပ်က ပစ်ခတ်လို့ ဒေသခံ နှစ်ဦးသေဆုံးပြီး နေအိမ်ဆယ်လုံးခန့်ပါ မီးရှို့ခံရပါတယ်။
2024-02-27
ကျောက်တစ်လုံး မွတ်စလင် ဒုက္ခသည်စခန်းကို ဖေဖော်ဝါရီ ၂၇ ရက်မှာ စစ်ကောင်စီတပ်သားတွေ ရောက်လာပြီး ဒုက္ခသည်တစ်ရာကျော်ကို စစ်မှုထမ်းဖို့ ပြောဆိုခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
2024-02-27
ရိုဟင်ဂျာတွေကို ဖိနှိပ်မှုတွေ ပိုတိုးလာတဲ့လုပ်ရပ်တွေအတွက် ကုလသမဂ္ဂ လုံခြုံရေးကောင်စီက အရေးယူရမယ်လို့ နိုင်ငံတကာမှာရှိတဲ့ ရိုဟင်ဂျာ ၂၆ ဖွဲ့က ဖေဖော်ဝါရီ ၂၈ ရက်နေ့ ဒီနေ့မှာ တောင်းဆိုလိုက်ပါတယ်။
2024-02-27
မန္တလေး၊ နေပြည်တော်၊ ပုသိမ်နဲ့ ပဲခူးမြို့တို့မှာ နိုင်ငံကူးလက်မှတ် လျှောက်ထားမှုကို အွန်လိုင်းစနစ်နဲ့ ဖေဖော်ဝါရီလ ၂၆ ရက်နေ့ကစလို့ ဆောင်ရွက်နိုင်ပြီလို့ စစ်ကောင်စီရဲ့ မြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံးက ကြေညာထားပါတယ်။
2024-02-27
စစ်ခေါင်းဆောင်ဟာ ရွေးကောက်ပွဲကို ထွက်ပေါက်အဖြစ်အသုံးပြုလိမ့်မယ်လို့ လေ့လာသူတွေက ယူဆပါတယ်။
2024-02-27
အမှုမဖွင့်ရသေးတာနဲ့ တရားမစွဲရသေးဘဲ ဥပဒေမဲ့ ချုပ်နှောင်ခံရသူ အယောက် နှစ်ရာခန့်ရှိပြီး အဲဒီအထဲက တချို့ဆိုရင် တစ်နှစ်ခန့်ရှိပြီလို့လည်း ဆိုပါတယ်။
2024-02-27
တိုက်ပွဲတွေကြောင့် ကလေးမြို့ပေါ်က ဒေသခံ ငါးထောင်ခန့် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ စစ်ဘေးဒုက္ခသည်အရေး ကူညီနေသူတွေက ပြောပါတယ်။
2024-02-27
မင်းပြားမြို့အခြေစိုက် စစ်ကောင်စီ ခြေမြန်တပ်ရင်းသုံးရင်းကိုလည်း AA က ဖေဖော်ဝါရီလ ၆ ရက်နေ့ကစပြီး သိမ်းပိုက်ခဲ့ပါတယ်။
2024-02-27
သံတွဲမြို့နယ်က ရွာအချို့မှာ ပြည်သူ့စစ်တပ်ဖွဲ့ ဖွဲ့ဖို့ဆိုပြီး စစ်ကောင်စီတပ်က အုပ်ချုပ်ရေမှူးတွေကတစ်ဆင့် လူစုဆောင်းပေးဖို့ ပြောဆိုခဲ့တယ်လို့ ရွာသားတွေက ပြောပါတယ်။
2024-02-27
ဖားကန့်မြို့နယ် တာမခန်ရွာက စစ်ကောင်စီတပ်စခန်းကို (KIA)၊(PDF) ပူးပေါင်းတပ်တွေ တိုက်ခိုက်နေတာကြောင့် တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ်က ပစ်လိုက်တဲ့လက်နက်ကြီးကြောင့် ဒေသခံနှစ်ဦး သေဆုံးခဲ့ပါတယ်။
2024-02-27
တနင်္သာရီတိုင်း မြိတ်ကျွန်းစုနဲ့ ဧရာဝတီတိုင်း ပုသိမ်အနောက်ဘက်ကမ်းခြေအလွန်ကျွန်းတွေမှာ ကျင်လည်ကျက်စားတဲ့ ဇီဝဇိုးငှက်လေးတွေကို ရန်ကုန်မြို့မှာ စီးပွားဖြစ်မွေးမြူလာကြပါပြီ။