သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2021-02-26
အာဏာသိမ်းစစ်ကောင်စီကို ကန့်ကွက်ဆန္ဒပြနေကြတဲ့ ရန်ကုန်၊ လှိုင်မြို့နယ် အင်းစိန်လမ်းနဲ့ ဘူတာရုံလမ်းထောင့်က ပြည်သူတွေကို ရဲတပ်ဖွဲ့က ဖေဖော်ဝါရီလ ၂၆ ရက်နေ့ ဒီနေ့ နေ့လယ်ပိုင်းမှာ သေနတ်ပစ်ဖောက်ပြီး လူစုခွဲဖြိုခွင်းခဲ့တဲ့ ဗီဒီယိုမှတ်တမ်းဖြစ်ပါတယ်။
2021-02-26
ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသူတွေကို လူစုခွဲရင်း KNU ထိန်းချုပ်နယ်မြေထဲ ရောက်လာတဲ့ မြန်မာစစ်တပ်ကို ပစ်ခတ်ခဲ့တယ်လို့ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNU) က ဖေဖော်ဝါရီ ၂၆ ရက် ညနေပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။
2021-02-26
ကုလသမဂ္ဂ လုံခြုံရေးကောင်စီနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ မြန်မာနိုင်ငံက အာဏာသိမ်းစစ်တပ်ကို အပြင်းထန်ဆုံး အရေးယူဆောင်ရွက်ဖို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် ဦးကျော်မိုးထွန်းက ဖေဖော်ဝါရီ ၂၆ ရက် ဒီနေ့ တိုက်တွန်းလိုက်ပါတယ်။
2021-02-26
၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲရလဒ် ပျက်ပြယ်သွားပြီလို့ စစ်ကောင်စီကခန့်အပ်ထားတဲ့ ရွေးကောက်ပွဲ ကော်မရှင်အသစ်ဥက္ကဋ္ဌ ဦးသိန်းစိုးရဲ့ ပြောကြားချက်ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီက ပြင်းပြင်းထန်ထန် ကန့်ကွက်လိုက်ပါတယ်။
2021-02-26
အာဏာသိမ်းစစ်ကောင်စီဟာ ပြည်သူတွေကို အကာအကွယ်မပေးနိုင်တဲ့အပြင် တရားဥပဒေစိုးမိုးရေးကိုပါ နှောင့်ယှက်ဖျက်ဆီးနေတာကြောင့် ပြည်သူတွေအနေနဲ့ ကိုယ့်လုံခြုံရေးကိုယ်ယူဖို့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွေဖွဲ့ဖို့ CRPH က တိုက်တွန်းထားတာပါ။
2021-02-26
မန္တလေးမြို့က နိုင်ငံရေးတက်ကြွလှုပ်ရှားသူဖြစ်တဲ့ ကိုအောင်မှိုင်းဆန်းနဲ့ သူ့ဇနီးကို ၄၁ လမ်း ၈၅ လမ်းအနီးမှာ စစ်တပ်နဲ့ ရဲတပ်ဖွဲ့က ဒီကနေ့ ညနေမှာ ဖမ်းဆီးသွား ပါတယ်။
2021-02-26
ရန်ကုန် တာမွေမြို့နယ် ကျောက်မြောင်းရပ်ကွက်မှာ စစ်ကောင်စီက ခန့်အပ်တဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးအသစ်တွေကို မလိုလားကြောင်း ဖေဖော်ဝါရီ ၂၅ ရက် မနေ့ညနေပိုင်းက ကန့်ကွက်ဆန္ဒပြခဲ့လို့ စစ်တပ်နဲ့ရဲတွေက လမ်းတွေထဲ ရပ်ကွက် နေပြည်သူတွေကို ဝင်ဖမ်းပြီး သေနတ်နဲ့ပစ်ခတ်ခဲ့တာတွေဖြစ်ခဲ့ပါတယ်။ ဒီဖြစ်စဉ်မှာ ဖမ်းဆီးခံထားရသူ ၅၀ နီးပါးရှိခဲ့ပါတယ်။
2021-02-26
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာနရဲ့ လူမှု ဖူလုံရေးအဖွဲ့က CDM လုပ်နေကြတဲ့ ဝန်ထမ်းတွေကို ခြိမ်းခြောက်တာတွေ ဖိအားပေးတာတွေရှိနေလို့ သူတို့ရဲ့လုံခြုံရေးစိုးရိမ်နေရတယ်လို့ ဝန်ထမ်းတွေက ပြောပါတယ်။
2021-02-26
ဆန္ဒပြပြည်သူတွေအပြင် သတင်းမီဒီယာသမားတွေကိုပါ ဖမ်းဖို့ပြောပြီး ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့တာပါ။
2021-02-26
ရခိုင်ပြည်နယ် တောင်ကုတ်မြို့မှာ ရက္ခိုင့်တပ်တော် (AA)နဲ့ ပတ်သက်တယ်ဆိုပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ-၅၂(က) နဲ့ စွပ်စွဲခံထားရတဲ့ ဦးဇေယျကျော်၊ ဦးစန်းငွေ၊ ဦးဝေသောင်း၊ ကိုစည်သူကျော်ဇံ(ခေါ်) ကျော်ဇော မိုက်ကယ် တို့ လေးဦးကို မြို့နယ်တရားရုံးက ဒီနေ့ စွဲချက်တင်လိုက်ပါတယ်။
2021-02-26
မျက်မြင်သက်သေတွေရဲ့ ပြောဆိုချက်အရ ခေါင်းကို နံပါတ်တုတ်နဲ့ရိုက် ဖမ်းဆီး ခံရပေမယ့် ခေါင်းမှာအကာအကွယ်ဦးထုပ် ဆောင်းထားတာကြောင့် ထိခိုက် ဒဏ်ရာရတာတော့မရှိခဲ့ဘူးလို့ Yuki Kitazumi နဲ့ အလုပ်အတူတွဲလုပ်တဲ့ ကိုလင်းဉာဏ်ထွန်းက သူ့ရဲ့ Facebook မှာရေးထားပါတယ်။
2021-02-26
ရန်ကုန်မြို့မှာ ဒီကနေ့ စစ်အာဏာရှင်ဆန့်ကျင်ဆန္ဒပြသူတွေဟာ စစ်သားတွေနဲ့ရဲတွေရဲ့ အင်အားသုံး ဖြိုခွဲတာကို ခံခဲ့ကြရပါတယ်။ လက်နက်ကိုင် လုံခြုံရေးတပ်ဖွဲ့တွေက ရေကားတွေ၊ သံဆူးကြိုးတွေ အထပ်ထပ်ချထားပြီး သေနတ်နဲ့ပစ်ခတ်တာ အပါအဝင် အကြမ်းဖက်လူစုခွဲခဲ့ပြီး သတင်းထောက်အချို့နဲ့ အတူ ဆန္ဒပြသူတွေ အဖမ်း ခံခဲ့ရပါတယ်။
2021-02-26
ရန်ကုန်မြို့၊ မြေနီကုန်းတံတားအောက်မှာ စစ်ကောင်စီကို ကန့်ကွက်ရှုတ်ချတဲ့ ဆန္ဒပြပြည်သူတွေကို လူစုခွဲဖို့ ရဲတပ်ဖွဲ့က ကြေညာပြီးနောက် အကြမ်းဖက် ဖြိုခွင်းမှုတွေလုပ်ဆောင်ခဲ့ပြီး ပြည်သူတချို့ ဖမ်းဆီးခံထားရပါတယ်။
2021-02-26
နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက တရားစွဲဆိုထားတဲ့ အမှုအတွက် လိုက်ပါဆောင်ရွက်ပေးမယ့် ရှေ့နေ ဦးခင်မောင်ဇော်ထံ ကိုယ်စားလှယ်လွှဲစာ မရသေးဘူးလို့ ရှေ့နေက ပြောပါတယ်။
2021-02-26
အာဏာသိမ်း စစ်ကောင်စီက နိုင်ငံတော်ရဲ့ အာဏာသုံးရပ်ကို ချုပ်ကိုင်ထားတဲ့အတွက်၊ အရင်ကရှိခဲ့တဲ့ လွှတ်တော်တွေနဲ့ ၂၀၂၀ ရွေးကောက်ပွဲရလဒ်ဟာ ပျက်ပြယ်သွားပြီလို့ ရွေးကောက်ပွဲကော်မရှင်သစ် ဥက္ကဋ္ဌ ဦးသိန်းစိုး က ဒီကနေ့ အစည်းအဝေးမှာ ပြောလိုက်ပါတယ်။