မြေနီကုန်းမှာ ဆန္ဒပြသူတွေကို ရဲတပ်ဖွဲ့ရိုက်နှက်ဖမ်းဆီး

2021.02.26

ရန်ကုန်မြို့၊ မြေနီကုန်းတံတားအောက်မှာ စစ်ကောင်စီကို ကန့်ကွက်ရှုတ်ချတဲ့ ဆန္ဒပြပြည်သူတွေကို လူစုခွဲဖို့ ရဲတပ်ဖွဲ့က ကြေညာပြီးနောက် အကြမ်းဖက် ဖြိုခွင်းမှုတွေလုပ်ဆောင်ခဲ့ပြီး ပြည်သူတချို့ ဖမ်းဆီးခံထား ရပါတယ်။

သတင်းသမားတစ်ဦးလည်း ဖမ်းဆီးခံရတဲ့အထဲမှာ ပါသွားတယ်လို့ ပြောပါတယ်။

လက်ရှိမှာတော့ မြေနီကုန်းတံတားအောက်မှာ ရဲနဲ့စစ်တပ်က နေရာယူထား လိုက်ပါတယ်။အကြမ်းဖက် ဖြိုခွင်းလို့ ပြေးနေသူတွေကို လိုက်လံရိုက်နှက် ဖမ်းဆီးခဲ့တာလို့ ကိုယ်တိုင်မြင်တွေ့ခဲ့ရသူ တစ်ဦးက ပြောပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။