သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2017-10-30
ရခိုင်ပြည်နယ်၊ မောင်တောဒေသမှာ ပိုင်ရှင်မဲ့ဖြစ်နေတဲ့ စပါးခင်းတွေနဲ့ ပိုင်ရှင်ရှိပြီး ရိတ်သိမ်းဖို့ အခက်အခဲဖြစ်နေတဲ့ စပါးခင်းတွေကို ရိတ်သိမ်းနိုင်ရေးအတွက် ရခိုင်ပြည်နယ်အစိုးရအဖွဲ့နဲ့ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်တို့ ညှိနှိုင်းဆွေးနွေးနေပါတယ်။
2017-10-30
၂၆၆ ဦးမြောက် ပုပ်ရဟန်းမင်းကြီး Francis ဟာ မြန်မာနိုင်ငံကို နိုဝင်ဘာလထဲ ရောက်လာပါမယ်။
2017-10-29
နိုင်ငံတကာက တပ်မတော်ခေါင်းဆောင်တွေကို ပစ်မှတ်ထား ပိတ်ဆို့ အရေးယူမှုတွေ ပြုလုပ်ဖို့ ဆုံးဖြတ်လိုက်ထားတဲ့အပေါ် နိုင်ငံတော်သမ္မတ အနေနဲ့ ကန့်ကွက်ပေးဖို့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးလှဆွေ က ဒီနေ့ တောင်းဆိုခဲ့ပါတယ်။
2017-10-29
ကချင်ပြည်နယ် ဖားကန့်မြို့နယ်အတွင်း ချွန်ထက်တဲ့လက်နက်ကိရိယာတွေကို ကိုင်ဆောင် သွားလာခြင်းမပြုဖို့ ဖားကန့်မြို့နယ်အုပ်ချုပ်ရေးအဖွဲ့က မနေ့က သတိပေးချက် ထုတ်ပြန်လိုက်ပါတယ်။
2017-10-29
ရခိုင်ပြည်နယ်မှာ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ရေလုပ်ငန်း၊ စီးပွားရေးဇုန်၊ စက်မှုဇုန်တွေနဲ့ ဟိုတယ်ဇုန် ကဏ္ဍတွေမှာ ဖွံ့ဖြိုးရေးအတွက် ရင်းနှီးမြှုပ်နှံလို့ရနိုင်မယ့် အခြေအနေတွေနဲ့ ပတ်သက်ပြီး ပြည် တွင်းပြည်ပနဲ့ ဒေသတွင်းက လုပ်ငန်းရှင်တွေကို ဖိတ်ခေါ်ပြီး ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံးမှာ ဒီနေ့ရှင်းပြခဲ့ပါတယ်။
2017-10-29
ရခိုင်ပြည်နယ်၊ မောင်တောဒေသမှာ အကြမ်းဖက်မှုတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးနေကြတဲ့ အတွက် ရိတ်သိမ်းသူမရှိဖြစ်နေတဲ့ ပိုင်ရှင်မဲ့ စပါးဧကပေါင်း ၃ သောင်းခွဲခန့်ရှိပြီး အဲဒီစပါးတွေကို ရိတ်သိမ်းနိုင်ရေးအတွက် ရခိုင်ပြည်နယ်အစိုးရအဖွဲ့က စီစဉ်ဆောင်ရွက်နေတယ်လို့ ပြည်နယ် စည်ပင်သာယာရေးဝန်ကြီး ဦးမင်းအောင် ကပြောပါတယ်။
2017-10-29
ရခိုင်ပြည်နယ် မြေပုံမြို့နယ်က မွတ်စလင်ဒုက္ခသည်စခန်းကို ကျန်းမာရေး စောင့်ရှောက်မှုပေးဖို့ သွားတဲ့ အပြည်ပြည်ဆိုင်ရာ ကယ်ဆယ်ရေးအဖွဲ့ Relief International ကို တားမြစ်ရာမှာ ပါဝင်ခဲ့တဲ့ ရခိုင် အမျိုးသမီး ကွန်ယက် အဖွဲ့ဝင်နှစ်ယောက်နဲ့ မြို့မိမြို့ဖ တစ်ယောက်ကို ငြိမ်းချမ်းစွာ စုဝေးခွင့်နဲ့ စီတန်းလှည့်လည်ခွင့် ဥပဒေ ပုဒ်မ ၁၉ နဲ့ မြေပုံမြို့နယ်ရဲစခန်းမှာ အမှုဖွင့်ထားပါတယ်။
2017-10-29
ပုပ္ပါးတောင်ရေရှည်တည်တံ့ခိုင်မြဲဖို့အတွက် တောင်ကလပ် လေးဘက်လေးတန်မှာ နေအိမ်ဆောက် လုပ်တာ၊ မြေဖို့တာတွေမလုပ်ဖို့ ဒေသန္တရအမိန့်ထုတ်ပြန်ပြီး ဧရိယာတွေ သတ်မှတ်လိုက်ပါတယ်။
2017-10-28
ဘူးသီးတောင်၊ မောင်တောဒေသမှာ အကြမ်းဖက် မှုတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးလာသူတွေ ခိုလှုံနေတဲ့ ရခိုင်ပြည်နယ်တွင်းက ဒုက္ခသည် စခန်းတွေကို နိုဝင်ဘာလ ၂ ရက်နေ့ကစပြီး ပိတ်သိမ်းတော့မယ်လို့ ပြည်နယ်အစိုးရက မနေ့က ထုတ်ပြန်လိုက်ပါတယ်။
2017-10-28
မန္တလေးတိုင်း ငါန်းဇွန်မြို့နယ်ပညာရေးမှူးနဲ့ ဒုတိယပညာရေးမှူး နှစ်ဦးကို ငွေအလွဲသုံးစားမှုမှာ ပါဝင်ပတ်သက်တယ်ဆိုပြီး အရေးယူထားတဲ့အပေါ် မကျေနပ်တဲ့ ငါန်းဇွန်မြို့နယ် ပညာရေးဝန်ထမ်းတွေ၊ ကျောင်းသား ကျောင်းသူတွေနဲ့ ကျောင်းသား မိဘတွေက ဒီနေ့ ဆန္ဒပြကြတာဖြစ်ပါတယ်။
2017-10-28
အောက်တိုဘာလ ၂၈ ရက်နေ့ည မေးပါရစေဦး အစီအစဉ်မှာ " လွတ်လပ်စွာ တရားစီရင်ခွင့် ရှိနေပြီလား" ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ဦးရောဘတ်စန်းအောင် (တရားလွှတ်တော်ရှေ့နေ ) နဲ့ ကိုနစ်ကီ (Fortify Rights) တို့က ပင်တိုင် ဆွေးနွေးမှာ ဖြစ်ပါတယ်။
2017-10-28
မန္တလေးတိုင်း ငါန်းဇွန်မြို့နယ် ပညာရေးမှူးနဲ့ ဒုတိယပညာရေးမှူး နှစ်ဦးကို ငွေအလွဲသုံးစားမှုမှာ ပါဝင်ပတ်သက်တယ်ဆိုပြီး ပညာရေးဝန်ကြီးဌာနက အရေးယူထားတဲ့အပေါ် မကျေနပ်တဲ့ ငါန်းဇွန်မြို့နယ် ပညာရေးဝန်ထမ်းတွေ၊ ကျောင်းသား ကျောင်းသူတွေနဲ့ ကျောင်းသားမိဘတွေ အောက်တိုဘာလ ၂၈ ရက်နေ့က ဆန္ဒပြခဲ့ကြပါတယ်။ RFA သတင်းထောက် ကိုဆက်ပိုင်တိုး ပေးပို့ပြီး မဝေမာထွန်းက တင်ပြထားပါတယ်။
2017-10-28
မန္တလေးမှာ ခရီးသည်တွေကို အုပ်စုဖွဲ့အနိုင်ကျင့်တာတွေ ငွေပိုတောင်းတာတွေကို မန္တလေးစည်ပင်သာယာရဲတပ်ဖွဲ့က စီမံချက်ချမှတ်အရေးယူနေတယ်လို့ သိရပါတယ်။
2017-10-28
ချင်းပြည်နယ် ဖလမ်းမြို့မှာရှိတဲ့ လိုင်ဇိုးကျေးရွာကို ဖျက်သိမ်းပြီး ဖလမ်းမြို့ပေါ်ရပ်ကွက်အဖြစ် သတ်မှတ်လိုက်တဲ့အပေါ် မကျေနပ်တဲ့ လိုင်ဇိုးမျိုးနွယ်စုဝင်တွေက မကျေနပ်တဲ့အတွက် ချင်းတိုင်းရင်းသား ဘာသာစကားနဲ့ ဆန္ဒပြမှာကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက တားမြစ်ထားတယ်လို့ သိရပါတယ်။
2017-10-28
ထိုင်းနိုင်ငံမှာ တစ်လကျော်ကြာတဲ့အထိ အလုပ်မရရှိတဲ့ MOU အလုပ်သမား ၄၅ ယောက်ကို ပို့ဆောင်ခဲ့တဲ့ အလုပ်သမားအကျိုးဆောင်ကုမ္ပဏီက ငွေကျပ် ၈သိန်းစီ လျော်ကြေးပေးတယ်လို့ သိရပါတယ်။