သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2010-10-28
ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့မှာ အောက်တိုဘာ ၂၈ ရက် ဒီကနေ့ ကျင်းပတဲ့ အာဆီယံနိုင်ငံများအဖွဲ့ ထိပ်သီးညီလာခံမှာ မြန်မာရွေးကောက်ပွဲ ကိစ္စဟာ အဓိက အရိပ်ထိုးနေပြီး ရွေးကောက်ပွဲ ဝင်ရောက် လေ့လာခွင့်ရရေး၊ လွတ်လပ် တရားမျှတရေး၊ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး ကိစ္စတွေကို အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေက ပြောဆိုဆွေးနွေးကြတယ်လို့ သိရ ပါတယ်။
2010-10-28
မြန်မာနိုင်ငံမှာ စစ်အစိုးရက ကျူးလွန်နေတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေအပေါ် လွတ်လပ်တဲ့ စုံစမ်းရေး ကော်မရှင်တရပ် ဖွဲ့စည်းဖို့ဆိုတဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် မစ္စတာ ကင်တားနား ရဲ့ အဆိုပြုချက်နဲ့ ပတ်သက်ပြီး ဒီလုပ်ရပ်ဟာ ဘာများ အသုံးဝင်မှာမို့လဲလို့ အိန္ဒိယ နိုင်ငံက မေးခွန်းထုတ်လိုက်ပါတယ်။
2010-10-28
အမေရိကန် အထက်လွှတ်တော်အမတ် မစ္စတာ ဂျင်ဝက်ဘ်က မြန်မာနိုင်ငံကို တရုတ်နိုင်ငံရဲ့ လက်အောက်ခံ တိုင်းပြည်အဖြစ် ဖြစ်မသွားအောင် အမေရိကန်အစိုးရ အနေနဲ့ မြန်မာစစ်အစိုးရနဲ့ ပိုပြီး ထိတွေ့ဆက်ဆံဖို့ လိုအပ်ကြောင်း ပြောလိုက်ပါတယ်။
2010-10-27
စစ်အစိုးရအဖွဲ့ဝင် ဗိုလ်ချုပ်ကြီးဟောင်းတွေ ဦးဆောင်တဲ့ ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီရဲ့ ပထမဆုံး အကြိမ် သတင်းစာရှင်းလင်းပွဲကို ရန်ကုန်မြို့ ကုက္ကိုင်းမှာ ရှိတဲ့ ပါတီဌာချုပ်မှာ ဒီကနေ့ အောက်တိုဘာ ၂၇ ရက်မှာ ပြုလုပ်ခဲ့ပါတယ်။
2010-10-27
ဗိုလ်ချုပ်အောင်ဆန်းရဲ့ သက်တော်စောင့် တာဝန်ယူခဲ့ဖူးသူ ဗိုလ်ကြီးဟောင်း ဦးထွန်းစိန်ဟာ နိုဝင်ဘာ ၇ ရက်နေ့ ကျင်းပမဲ့ ရွေးကောက်ပွဲမှာ အသက်အကြီးဆုံး လွှတ်တော် ကိုယ်စားလှယ်လောင်း အဖြစ် NDF အမျိုးသားဒီမိုကရေစီ အင်အားစု ပါတီကို ကိုယ်စားပြုပြီး မန္တလေးတိုင်း စဉ့်ကိုင်မြို့နယ် ကနေ ပါဝင် ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။
2010-10-27
အမျိုးသား ပြန်လည် သင့်မြတ်ရေးအတွက် မရှိမဖြစ် အရေးပါတဲ့ ဒုတိယပင်လုံ ညီလာခံခေါ်ယူရေး၊ ကလေးမြို့ ဆုံးဖြတ်ချက် ကြေညာစာတမ်းကို အပြည့်အဝ ထောက်ခံကြောင်း ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့က ဒီကနေ့ အောက်တိုဘာ ၂၇ ရက်မှာ သဘောထား ထုတ်ပြန်ပါတယ်။
2010-10-27
အမျိုးသား ဒီမိုကရစီအဖွဲ့ချုပ် NLD ခေါင်းဆောင်တွေနဲ့ အနောက်တိုင်း သံတမန်တွေ အောက်တိုဘာ ၂၇ ရက် ဒီကနေ့ တွေ့ဆုံကြတယ်လို့ သိရပါတယ်။
2010-10-27
ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ် အဖြစ် တောင်ငူမြို့နယ်ကနေ အရွေးခံမဲ့ တောင်ပိုင်းတိုင်း တိုင်းမှူးရာထူးက နုတ်ထွက်ခဲ့သူ ဗိုလ်ချုပ်ဟောင်း ဦးအောင်မင်းက တောင်ငူမြို့နယ်မှာ ကြံ့ခိုင်ရေး ပါတီ အနိုင်ရခဲ့ရင် လက်ရှိ ဖွင့်ထားတဲ့ ဗလီတွေကို ပြန်လည် ပြင်ဆင်ခွင့် ပြုမဲ့အပြင် ပိတ်ထားတဲ့ ဗလီတွေကိုပါ ပြန်ဖွင့်ပေးမယ်လို့ ပြောဆိုစည်းရုံးခဲ့ကြောင်း သိရပါတယ်။
2010-10-27
ရခိုင်ပြည်နယ်က ဂီရိဆိုင်ကလုန်း မုန်တိုင်းသင့်ဒုက္ခသည် ပြည်သူတွေအတွက် ဝမ်းနည်းသဝဏ်လွှာကို သမတ အိုဘားမားနဲ့ အမေရိကန်ပြည်သူတွေ ကိုယ်စား နိုင်ငံခြားရေးဝန်ကြီး မစ္စ် ဟီလာရီ ကလင်တန်က ထုတ်ပြန်လိုက်ပါတယ်။
2010-10-26
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် နဲ့ ထိုင်းဝန်ကြီးချုပ် တို့က မြန်မာအရေးနဲ့ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲမှာ ရှင်းလင်း ဖြေကြားသွားပါတယ်။
2010-10-26
ဂီရိမုန်တိုင်းဘေးကြောင့် လောလောဆယ်အထိ သေဆုံးသူ ၇၄ ဦး ရှိပြီလို့ ဒေသတွင်း ကူညီ ကယ်ဆယ်ရေး လုပ်ငန်းတွေ လုပ်နေတဲ့ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ (RNDP) က RFA ကို ပြောပါတယ်။
2010-10-26
အငြိမ်းစား စစ်ဗိုလ်ချုပ်တွေ ဦးဆောင်နေတဲ့ မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ်ပါတီ တဖြစ်လဲ တစည ခေါ် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီဟာ စစ်အစိုးရရဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီနဲ့ အတူတူပဲလို့ အများပြည်သူတွေအကြား ထင်မြင်ယူဆနေတာဟာ နားလည်မှု လွဲမှားခြင်းသာ ဖြစ်တယ်လို့ ပါတီ ခေါင်းဆောင်တဦးဖြစ်သူ အငြိမ်းစား တပ်မတော် ဒုတိယ ကာကွယ်ရေးဦးစီးချုပ် (ရေ) ဦးချစ်လှိုင်က ပြောပါတယ်။
2010-10-26
မြန်မာနိုင်ငံက ရွေးကောက်ပွဲမတိုင်ခင် ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးပြီး အများပါဝင်နိုင်တဲ့ ရွေးကောက်ပွဲတရပ်ကျင်းပဖို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းက အောက်တိုဘာ ၂၆ ရက် ဒီကနေ့ တောင်းဆိုလိုက်ပါတယ်။
2010-10-26
ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်မဲ့ အမျိုးသား ဒီမိုကရေစီအင်အားစု NDF ပါတီအနေနဲ့ NLD ပါတီနဲ့ ဒေါ်အောင်ဆန်းစုကြည် အမည်သုံးပြီး မဲဆွယ် စည်းရုံးနေမှုတွေနဲ့ ပတ်သက်ပြီး ကန့်ကွက် ရှုတ်ချကြောင်း NLD က အောက်တိုဘာ ၂၆ ရက် ဒီကနေ့ နောက်ထပ် ကြေညာချက် တစောင်ကိုလည်း ထုတ်ပြန်ပါတယ်။
2010-10-26
မဲဆန္ဒရှင်ပြည်သူတွေအနေနဲ့ ကိုယ်ရင်ဆိုင်ရမဲ့ ရွေးကောက်ပွဲဟာ ဘယ်လို ရွေးကောက်ပွဲလဲ၊ ဘာအတွက် ဆန္ဒမဲ ထည့်မှာလဲ ဆိုတဲ့ မေးခွန်းနှစ်ခုကို ကိုယ့်ကိုကိုယ်ပြန်လည် ဆန်းစစ်မေးမြန်းဖို့ လိုအပ်တယ်လို့ ရွေးကောက်ပွဲ ၁၁ ရက်ပဲ လိုတော့တဲ့အချိန်မှာ ဒေါ်အောင်ဆန်းစုကြည်က မဲဆန္ဒရှင် ပြည်သူတွေကို အထူးမှာကြားလိုက်တယ်လို့ အောက်တိုဘာ ၂၆ ရက် ဒီကနေ့ တွေ့ခွင့်ရခဲ့တဲ့ ရှေ့နေတွေက RFA ကို ပြောပါတယ်။