ရွေးကောက်ပွဲမတိုင်မီ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့ ဘန်ကီမွန်းတိုက်တွန်း
2010.10.26

မြန်မာနိင်ငံမှာ အားလုံးပါဝင်နိုင်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်အောင် ဆောင်ရွက်နိုင်မဲ့ မျှော်လင့်ချက် မကုန်သေးကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ဒီကနေ့ ထိုင်းနိုင်ငံ ဗန်ကောက်မြို့မှာ ကျင်းပတဲ့ သတင်းစာရှင်းပွဲမှာ ထုတ်ဖော် ပြောဆိုပါတယ်။
မစ္စတာ ဘန်ကီမွန်းဟာ ဒီကနေ့ မနက် ၁၀နာရီခွဲက ဗန်ကောက်မြို့ကို ရောက်ရှိလာပြီး ထိုင်းဝန်ကြီးချုပ်နဲ့ တွေ့ဆုံဆွေးနွေးမှုတွေ လုပ်ခဲ့ပါတယ်။
မွန်းလွဲ၂နာရီမှာ ထိုင်းဝန်ကြီးချုပ် မစ္စတာ အဘီဆစ်နဲ့ အတူ သတင်းစာရှင်းပွဲ ပြုလုပ်ခဲ့တာပါ။
သတင်းစာရှင်းပွဲမှာ သတင်းထောက်တွေက မြန်မာနိုင်ငံက ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး အဓိကထား မေးမြန်းကြပါတယ်။ မြန်မာနိုင်ငံက ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး မစ္စတာဘန်ကီမွန်းက ခုလို ပြောပါတယ်။
ဒီရွေးကောက်ပွဲဟာ တရားမျှတသလို၊ အားလုံး ပါဝင်နိုင်မှာ ဖြစ်လာလိမ့်မယ်လို့ တကယ့်ကို မျှော်လင့်ထားပါကြောင်း ဒါ့အပြင် ခုချိန်မှာ နိုင်ငံရေးအရ ဖမ်းထားသူတွေကို လွှတ်ပေးဖို့ အချိန်ရှိသေးတယ် ဆိုတာကိုလည်း ပြောချင်ပါကြောင်း မစ္စတာဘန်ကီမွန်းက ပြောသွားပါတယ်။
မြန်မာနိုင်ငံအရေးနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂအနေနဲ့ အစွမ်းကုန် ဆောင်ရွက်နေကြောင်း ASEAN/ ASEM အဖွဲ့တွေနဲ့ ပူးပေါင်းဆောင်ရွက်မှု ရှိသလို၊ လာမဲ့ ၃၀ ရက်နေ့ ဗီယက်နမ်နိင်ငံ ဟနွိုင်းမှာ ကျင်းပမဲ့ အာဆီယံ ထိပ်သီးညီလာခံမှာ မြန်မာဝန်ကြီးချုပ်နဲ့ နှစ်ဦးချင်း ဆွေးနွေးဖို့ စီစဉ်ထားကြောင်း ပြောဆိုသွားပါတယ်။
ဒီသတင်းစာရှင်းပွဲနဲ့ ပတ်သက်ပြီး ကိုယ်တိုင် တက်ရောက် သတင်းယူခဲ့တဲ့ RFA က ဦးတင်အောင်ခိုင် အသေးစိတ် တင်ပြထားပါတယ်။
![]() |
ကုလအတွင်းရေးမှူးချုပ် သတင်းစာရှင်းလင်းပွဲ |
![]() |
အသံဖိုင်ယူရန် |