သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2019-03-06
ရပ်တန့်နေတဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ ပြန်စတင်နိုင်ဖို့အတွက် အစိုးရငြိမ်းချမ်းရေးကော်မရှင်နဲ့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး NCA စာချုပ်လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် ၁ဝ ဖွဲ့က ခေါင်းဆောင်တွေဟာ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ပထမဆုံးအကြိမ် အလွတ်သဘော ပြန်လည်စတင် ဆွေးနွေးကြမယ်လို့ သိရပါတယ်။
2019-03-06
ဒီဇင်ဘာလကုန်ပိုင်းကပြီး ရခိုင်ပြည်နယ်မြောက်ပိုင်းကို မြန်မာ့တပ်မတော်က တပ်သားအင်အား ၈ ထောင် ကျော် စေလွှတ်ထားတယ်လို့ AA ရခိုင့်တပ်မတော်က မနေ့ကရက်စွဲနဲ့ သတင်းထုတ်ပြန်လိုက်ပါတယ်။
2019-03-06
လုံခြုံရေးကောင်စီ အလှည့်ကျဥက္ကဋ္ဌ ဖြစ်လာတဲ့ ပြစ်သစ်နိုင်ငံအနေနဲ့ မြန်မာ့လူ့အခွင့်အရေး အခြေအနေကို ICC နိုင်ငံတကာရာဇဝတ်ခုံရုံး တင်နိုင်အောင် ကြိုးပမ်းဖို့ မြန်မာ့အရေး ဆောင်ရွက်နေတဲ့ ပြည်ပအခြေစိုက် အရပ်ဘက်အဖွဲ့ ၈ဝ ကျော်က တောင်းဆိုလိုက်ပါတယ်။
2019-03-06
ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် အောက်သကန်ကျေးရွာအနီးမှာ တောထဲကို ထင်းသွားသယ်တဲ့ ဒေသခံ ၃ ဦး ဒီနေ့ နေ့လယ်က မြေမြှုပ်မိုင်းနင်းမိခဲ့တဲ့အတွက် တစ်ဦးသေဆုံးပြီး နှစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။
2019-03-06
နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ် ခရီးစဉ် လူထုတွေ့ဆုံပွဲပြုလုပ်ပွဲမှာ ကြိုဆိုနေတဲ့ ပြည်သူတွေက အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ တွေ့ဆုံခွင့်ရရှိဖို့ တောင်းဆို ဆန္ဒပြခဲ့ကြပါတယ်။
2019-03-06
ရခိုင်ပြည်နယ်မှာ ရက္ခိုင့်တပ်မတော် AA နဲ့ အစိုးရတပ်တွေ တိုက်ပွဲတွေကြောင့် စစ်ဘေးဒုက္ခသည် အရေအတွက်ဟာ တစ်သောင်းကျော် ရှိသွားပြီလို့ စစ်ဘေးဒုက္ခသည် စစ်တမ်းကောက်ယူနေတဲ့ ရခိုင်တိုင်းရင်းသားမျိုးနွယ်များ အစည်းအရုံးထံမှ သိရပါတယ်။
2019-03-06
ပြည်ထောင်စု လွှတ်တော် နာယကတွေကို ဖြုတ်ချရေးအတွက် လွှတ်တော်ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းရဲ့ သဘောထားလက်မှတ်တွေ ကောက်ခံမယ်လို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ USDP က ပြောဆိုချက်အပေါ် မှတ်ချက်ပေးစရာမရှိကြောင်း ပြည်ထောင်စုလွှတ်တော် ဒုတိယ နာယက ဦးထွန်းထွန်းဟိန်က ပြောပါတယ်။
2019-03-06
ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်မှာ မတရားအသင်းဆက်သွယ်မှုနဲ့ ဖမ်းဆီးခံနေကြရတဲ့ ကျေးရွာအုပ်ချုပ်ရေးမှူး ၄ ဦးကို ပြန်လွှတ်ပေးဖို့ နုတ်ထွက်ခွင့်တင်ပြထားတဲ့ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေက ဒီနေ့တောင်းဆိုလိုက်ပါတယ်။
2019-03-06
ကချင်ပြည်နယ်အတွင်းမှာရှိတဲ့ တစ်ရှူးငှက်ပျော စိုက်ပျိုးမှုတွေကြောင့် တိရိစ္ဆာန်တွေ ထိခိုက်သေဆုံးတာတွေ သဘာဝပတ်ဝန်းကျင်ပျက်စီးတာတွေ ရှိနေကြောင်း ဗန်းမော်နဲ့ ဝိုင်းမော်မြို့ဒေသခံတွေက ပြောပါတယ်။
2019-03-06
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နဲ့ ဟုမ္မလင်းဒေသခံတွေ တေ့ွဆုံပွဲမှာ ဝင်ခွင့်ကန့်သတ်တာတွေ ရှိနေတာကြောင့် ဝေဖန်မှုတွေ ရှိနေပါတယ်။
2019-03-05
ဖွဲ့စည်းပုံအခြေခံဥပဒေမှာ တိုင်းနဲ့ ပြည်နယ်ဝန်ကြီးချုပ်တွေ ခန့်အပ်မှုနဲ့ဆိုင်တဲ့ ပုဒ်မ ၂၆၁ ပြင်ဆင်ဖို့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက တင်သွင်းထားတဲ့ ဥပဒေကြမ်းကို ဘယ်ပုံစံနဲ့ဆွေးနွေးကြမလဲ ဆိုတာကို မကြာခင် ပြည်ထောင်စုလွှတ်တော်မှာ ကိုယ်စားလှယ်ဆွေးနွေးတော့မှာ ဖြစ်ပါတယ်။
2019-03-05
အပစ်ရပ် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ ဖွဲ့စည်းထားတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST မှာ ကရင်အမျိုးသားအစည်းအရုံး KNU နဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS အဖွဲ့က ခေါင်းဆောင်တွေ အပြောင်းအလဲလုပ်မယ်လို့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ဒီနေ့ကျင်းပတဲ့ PPST အစည်းအဝေးမှာ KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး မူတူးစေးဖိုးက ပြောလိုက်ပါတယ်။
2019-03-05
မန္တလေးတိုင်း ပုသိမ်ကြီးမြို့နယ် အောင်သပြေကျေးရွာမှာ ဘိလပ်မြေစက်ရုံက လမ်းတိုးချဲ့ဖောက်လုပ်ရာမှာ လမ်းနဲ့မလွတ်တဲ့ ကျေးရွာဆိုင်းဘုတ်ကို ဖျက်ဆီးခဲ့တဲ့အပေါ် မကျေနပ်တဲ့အတွက် ကုမ္ပဏီတာဝန်ရှိသူတွေကို အကျိုးဖျက်ဆီးမှုပုဒ်မ ၄၂၇ နဲ့ ဒေသခံရွာသားတွေက တရားစွဲထားတဲ့အမှုကို တရားရုံးက ဒီနေ့ တရားသေ လွှတ်ပေးလိုက်ပါတယ်။
2019-03-05
လက်ရှိ NCA အကောင်အထည်ဖော် ဆောင်ရွက်မှုတွေဟာ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုလမ်းကြောင်းကနေ သွေဖည်သွားပြီလို့ KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးက ပြောလိုက်ပါတယ်။
2019-03-05
ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက တင်သွင်းထားတဲ့ တိုင်းနဲ့ ပြည်နယ်ဝန်ကြီးချုပ်တွေကို ခန့်အပ်တဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၂၆၁ ပြင်ဆင်ရေးဥပဒေကြမ်းကိစ္စကို မကြာခင် ပြည်ထောင်စုလွှတ်တော်မှာ ဆွေးနွေးမှာဖြစ်ပါတယ်။