သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2012-01-03
ဧရာဝတီတိုင်း ဖျာပုံမြို့မှာ ကျင်းပနေတဲ့ လွတ်လပ်ရေးနေ့ ပွဲတော်မှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဖျာပုံမြို့နယ် အဖွဲ့ဝင်တွေက ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့ ပုံတွေနဲ့ တီရှပ်တွေ၊ သော့ချိတ်တွေ ရောင်းတာကို တိုင်းဝန်ကြီးချုပ်အမိန့်နဲ့ မနေ့ညက တားမြစ်လိုက်ပါတယ်။
2012-01-02
အိန္ဒိယနိုင်ငံ မဏိပူပြည်နယ် အင်ဖားမြို့တော်နဲ့ မန္တလေးမြို့အကြား ခရီးသည်တင် ဘတ်စ်ကား ပြေးဆွဲမယ့် အစီအစဉ်ကို ရှေ့လ ဖေဖော်ဝါရီလ အတွင်းမှာ စတင်နိုင်ဖွယ် ရှိတယ်လို့ အိန္ဒိယ အစိုးရက ပြောပါတယ်။
2012-01-02
ဧပြီလ ၁ ရက်မှာ ကျင်းပမယ့် ကြားဖြတ် ရွေးကောက်ပွဲအတွက် ပြည်နယ်တိုင်း အသီးသီးက အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ကိုယ်စားလှယ်လောင်း အမည်စာရင်းတွေကို ပါတီ ဗဟို ရွေးကောက်ပွဲ အောင်နိုင်ရေးအဖွဲ့ဆီ ဒီလ ၁၁ ရက် နောက်ဆုံးထားပြီး ပေးပို့ဖို့ ဒီကနေ့ ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။
2012-01-02
၆၄ နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုတဲ့ အနေနဲ့ သမ္မတ ဦးသိန်းစိန်ရဲ့ လွတ်ငြိမ်းချမ်းသာခွင့် အမိန့်ကို နိုင်ငံပိုင် ရုပ်သံလိုင်းနဲ့ ရေဒီယိုတွေက ဒီကနေ့ ညနေ ၄ နာရီမှာ ကြေညာသွားခဲ့ပါတယ်။
2012-01-02
၂ဝ၁၂ ခုနှစ်အတွက် အာအက်ဖ်အေရဲ့ အစီအစဉ်သစ်မှာ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် က သူ့ရဲ့ ဘဝ အတွေ့အကြုံတွေနဲ့ ဒီမိုကရေစီရေး သဘောထားတွေ အတွေးအခေါ်တွေ အကြောင်းကို ထုတ်ဖော် ပြောကြားသွားပါတယ်။
2012-01-01
မြန်မာစာပေလောကမှာ ထင်ရှားတဲ့ ကွယ်လွန်သူ သတင်းစာဆရာ၊ စာရေးဆရာ ဂျာနယ်ကျော် ဦးချစ်မောင် နှစ်တရာပြည့် မွေးနေ့ အထိမ်းအမှတ်ပွဲတွေကို ရန်ကုန်မြို့ ကုန်သည်လမ်း၊ စာပေဗိမာန် အဆောက်အဦနဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ခန်းမမှာ ဒီကနေ့ ကျင်းပခဲ့ပါတယ်။
2012-01-01
နိုင်ငံကျော် အကယ်ဒမီရုပ်ရှင်မင်းသား ဦးကျော်သူ ဦးစီးတဲ့ နာရေးကူညီမှု အသင်း ထူထောင်ခဲ့တာ ဒီကနေ့ ၁၁ နှစ် ပြည့်မြောက်ခဲ့ပါပြီ။
2012-01-01
လာမယ့် ဇန်နဝါရီလ ၄ ရက်၊ လွတ်လပ်ရေးနေ့မှာ နိုင်ငံရေး အကျဉ်းသားတွေ ပြန်လွတ်လာမယ် ဆိုတဲ့သတင်းတွေ ထွက်ပေါ်နေတဲ့ အတွက် နိုင်ငံရေး အကျဉ်းသားတွေရဲ့ မိသားစုဝင် တချို့ ဆိုင်ရာအကျဉ်းထောင်တွေကို ကြိုတင် သွားရောက် စောင့်ဆိုင်းဖို့ ထွက်ခွာသွားခဲ့ကြပါတယ်။
2012-01-01
အခုတပတ် ဦးခင်မောင်ညိန်း စီစဉ် တင်ဆက်တဲ့ တနင်္ဂနွေစကားဝိုင်း အစီအစဉ်မှာ- ကုန်လွန်သွားတဲ့ ၂ဝ၁၁ ခုနှစ်အတွင်း မြန်မာနိုင်ငံမှာ ဖြစ်ပေါ်ခဲ့တဲ့ ကိစ္စတွေနဲ့ လာမယ့် ၂ဝ၁၂ ခုနှစ်မှာ လုပ်ဆောင်ကြရမယ့်၊ မျှော်လင့်နိုင်ကြမယ့် ကိစ္စရပ်တွေကို ဆွေးနွေးထားကြပါတယ်။