သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2012-01-19
ဇန်နဝါရီလ ၁၉ ရက်နေ့ ည ၈ နာရီခွဲမှာ RFA ရုပ်မြင်သံကြား အစီအစဉ်ကို မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ နှုတ်ခွန်းဆက် စကားနဲ့ အတူ ပထမဆုံးတင်ဆက်လိုက်ပါပြီ။
2012-01-19
အစိုးရ အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့နဲ့ KIO အဖွဲတို့ တရုတ်ပြည် ရွှေလီမြို့မှာ ဇန်နဝါရီ ၁၈ ရက်နဲ့ ၁၉ ရက်တွေမှာ ကျင်းပခဲ့တဲ့ ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို ရလဒ်တစုံတရာ မရဘဲ ဒီကနေ့ ရပ်နားလိုက်ပါတယ်။
2012-01-19
ရန်ကုန် ကြည့်မြင်တိုင်မြို့နယ် သာဓုကျောင်းတိုက်မှာ သီတင်းသုံးနေတဲ့ ရွှေညဝါ ဆရာတော်ကို ကျောင်းသင်္ခမ်းက တစ်လအတွင်း ဖယ်ရှားဖို့ နိုင်ငံတော် သံဃာ့ မဟာနာယက အဖွဲ့က ဒီကနေ့ ညွှန်ကြားလိုက်ပါတယ်။
2012-01-19
မျက်မှောက် မြန်မာ့နိုင်ငံရေးနဲ့ နိုင်ငံရေးဝေါဟာရများကို ကိုကျော်မင်းထွန်းက စုစည်းတင်ပြထားတာ ဖြစ်ပါတယ်။
2012-01-18
CRPP ပြည်သူ့လွှတ်တော် ကိုယ်စားပြု ကော်မတီဝင် ဦးအေးသာအောင်နဲ့ ကြေးမုံ ဦးသာဘန်းတို့ ဦးဆောင်တဲ့ ရခိုင် ဒီမိုကရေစီ အဖွဲ့ချုပ်ကို နောက်လထဲမှာ ပါတီ မှတ်ပုံပြန်တင်ဖို့ ဆုံးဖြတ်လိုက်ကြတယ်လို့ သတင်းရရှိပါတယ်။
2012-01-18
၂၀၁၀ ရွေးကောက်ပွဲမှာ ဒုတိယ အင်အား အများဆုံး ဝင်ပြိုင်ခဲ့တဲ့ တစည ခေါ် တိုင်းရင်းသား စည်းလုံး ညီညွှတ်ရေး ပါတီဟာ ဧပြီ ၁ ရက် ကျင်းပမယ့် ကြားဖြတ် ရွေးကောက်ပွဲမှာ ကိုယ်စားလှယ် နေရာ ၂၀ ခန့် ဝင်ပြိုင်မယ်လို့ သိရပါတယ်။
2012-01-18
မြန်မာနိုင်ငံက ပြုပြင် ပြောင်းလဲမှုတွေကို အားပေးတဲ့ အနေနဲ့ ဥရောပသမဂ္ဂ အီးယူက မြန်မာနိုင်ငံ အပေါ် ချမှတ်ထားတဲ့ စီးပွားရေး ပိတ်ဆို့ အရေးယူထားတာကို လာမယ့် ဖေဖေါ်ဝါရီလမှာ ပြန်လည် ရုပ်သိမ်းဖွယ် ရှိတယ်လို့ အီးယူ သံတမန် အသိုင်းအဝန်းက ပြောပါတယ်။
2012-01-18
ကချင် လွတ်မြောက်ရေးအဖွဲ့ KIO နဲ့ အဆင့်မြင့် အစိုးရ ကိုယ်စားလှယ် အဖွဲ့တို့ ပြည်ထောင်စု အဆင့် နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲမှာ ဒီကနေ့ သဘောတူ လက်မှတ် ရေးထိုးနိုင်ခြင်း မရှိသေးဘဲ မနက်ဖြန် ဆက်ပြီး ဆွေးနွေးဖို့ ရှိတယ်လို့ စုံစမ်း သိရှိရပါတယ်။
2012-01-18
ရန်ကုန် ကြည့်မြင်တိုင်မှာ သီတင်းသုံးနေတဲ့ ရွှေညဝါ ဆရာတော်ကို အရေးယူဖို့ မနက်ဖြန်မှာ နိုင်ငံတော် သံဃာ့မဟာနာယက အဖွဲ့က ကြားနာမယ့်ကိစ္စကို ပြေပြေလည်လည် ဖြစ်စေချင်ကြောင်း ၈၈ မျိုးဆက် ကျောင်းသားအဖွဲ့က ဒီကနေ့ ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။
2012-01-18
၁၉၉၀ ပြည့် ရွေးကောက်ပွဲတုန်းက လွှတ်တော် ကိုယ်စားလှယ် ဒုတိယ အများဆုံး ရခဲ့တဲ့ SNLD ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီပါတီက ပါတီ မှတ်ပုံပြန်တင်ရေးနဲ့ ရွေးကောက်ပွဲဝင်ရေး ကိစ္စတွေကို ဒီရက်ပိုင်း အတွင်း ဆုံးဖြတ်မယ်လို့ SNLD ပါတီက ပြောပါတယ်။
2012-01-18
မြန်မာနိုင်ငံ အစိုးရသစ်ဟာ အပြောင်းအလဲ လုပ်ဆောင်ရေးမှာ အမှန်တကယ် အလေးအနက် ရှိကြောင်း အမေရိကန် အထက်လွှတ်တော် ရီပတ်ဘလီကင်ပါတီ အမတ် မစ္စတာ Mitch McConnell က ပြောကြားလိုက်ပါတယ်။
2012-01-18
ဧပြီ ၁ ရက်မှာ ကျင်းပမယ့် ကြားဖြတ် ရွေးကောက်ပွဲမှာ ရန်ကုန်တိုင်း ကော့မှူးမြို့နယ် မဲဆန္ဒ နယ်မြေကနေ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် အဖြစ် ဝင်ပြိုင်ဖို့ ဒီကနေ့ ရွေးကောက်ပွဲ ကော်မရှင်ရုံးကို ဒေါ်အောင်ဆန်းစုကြည် သွားခဲ့ပါတယ်။
2012-01-18
မြန်မာနိုင်ငံမှာ နိုင်ငံရေး ပြုပြင် ပြောင်းလဲမှုတွေ ပေါ်ပေါက်နေပြီ ဖြစ်တဲ့ အတွက် နိုင်ငံတကာ စီးပွားရေး ပိတ်ဆို့ အရေးယူထားတာတွေကို ပြန်ရုပ်သိမ်းသင့်ပြီလို့ ဖိလစ်ပိုင်အစိုးရက ပြောကြားလိုက်ပါတယ်။
2012-01-17
ဧပြီလ ၁ ရက်မှာကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲ အတွက် ကော့မှူးမြို့နယ် အတွင်း လွန်ခဲ့တဲ့ တစ်လလောက်က စပြီး ကြံ့ခိုင်ဖွံဖြိုးရေး ပါတီက မဲဆွယ် စည်းရုံးရာမှာ ဒေါ်အောင်ဆန်းစုကြည်ကို ပုတ်ခတ် ပြောဆိုတာတွေ ရှိတယ်လို့ ဒေသခံတွေက အာရ်အက်ဖ်အေကို ပြောပါတယ်။
2012-01-17
ရန်ကုန် ကြည့်မြင်တိုင်မြို့နယ် သာဓုကျောင်းတိုက်မှာ သီတင်းသုံးနေတဲ့ ရွှေညဝါဆရာတော်ကို ကျောင်းသင်္ခမ်းက ဖယ်ရှား အရေးယူ ဖို့အတွက် ဇန္နဝါရီ ၁၉ ရက် လာမယ့်ကြာသပတေးနေ့မှာ နိုင်ငံတော် သံဃာ့မဟာနာယကအဖွဲ့ ဆရာတော်တွေက ကြားနာမယ်လို့ သတင်းရရှိပါတယ်။