ဗဟန်းမြို့နယ် ကြားတောရလမ်း ရန်ကုန်တိုင်း သံဃာ့ မဟာနာယက အဖွဲ့ရံုံးမှာ ဒီကနေ့ ပြုလုပ်တဲ့ ကြားနာပွဲမှာ ဆုံးဖြတ်ချက်ကို ဖတ်ပြခဲ့တာ ဖြစ်တယ်လို့ ရွှေညဝါ ဆရာတော်ကြီး ဦးပညာသီဟက
အာအက်ဖ်အေကို မိန့်ကြားပါတယ်။
“ဒီကျောင်းတိုက်အတွင်းကနေ တစ်လအတွင်း ထွက်ပေးရမယ်လေ။ အဲဒါ ဆုံးဖြတ်ချက်ပဲ။ တိုင်းသံဃာ့နာယကအဖွဲ့က ဗဟိုက မဟာနာယကအဖွဲ့ရဲ့ဆုံးဖြတ်ချက်ကို ဖတ်ပြပြီးတော့
ဆရာ့တော့် သဘောကို မေးတာပါ။ ဘုန်းကြီးကလည်း အဲဒါကို သဘောတူ လက်ခံလိုက်ပါတယ်”
သာဓုကျောင်းတိုက်က ထွက်ခွာပြီး ဘယ်ကျောင်းတိုက်မှာ ပြောင်းရွှေ့သီတင်းသုံးမလဲ ဆိုတာ လောလောဆယ် မဆုံးဖြတ်ရသေးဘူး လို့လည်း ရွှေညဝါ ဆရာတော်ကြီးက မိန့်ကြားပါတယ်။
ဒီကနေ့မှာတော့ သာဓု ကျောင်းတိုက်မှာ စာနယ်ဇင်းသမား အပါအဝင် ပြည်သူ ၆၀၀ လောက် စုဝေးခဲ့ကြတယ်လို့ သိရပါတယ်။
တရားဟောခွင့် ပိတ်ပင်ခံထားရတဲ့ ရွှေညဝါ ဆရာတော်ဟာ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလ အတွင်း မန္တလေးတိုင်း အန်အယ်လ်ဒီ ရုံးချုပ်ရဲ့ ဆွမ်းကပ်လှူပွဲမှာ “ပင်ဝါးရုံ”ဆိုတဲ့ သြဝါဒတရား
ချီးမြှင့်ခဲ့တာကြောင့် သံဃာ့ မဟာနာယက အဖွဲ့က အခုလို အရေးယူ ဆောင်ရွက်ခဲ့တာပါ်။
ရွှေညဝါ ဆရာတော်ကို အာအက်ဖ်အေ အဖွဲ့သား ကိုကျော်ကျော်အောင်က ဆက်သွယ် လျှောက်ကြား မေးမြန်းထားပါတယ်။
သံဃာ့မဟာ နာယကအဖွဲ့က ဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီး တခြား သံဃာတွေရဲ့အမြင်များကို မအင်ကြင်းနိုင်က စုစည်းတင်ပြပါတယ်။