သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2019-04-11
တပ်မတော်က ထိန်းသိမ်းထားတဲ့ နာဂတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ NSCN-K ရဲ့ အဖွဲ့ဝင် ၁၀ ဦးထဲက ၅ ဦးကို ဧပြီလ ၅ ရက်နေ့မှာ ခံဝန်ချက်နဲ့ သူတို့နေအိမ်တွေဆီ ပြန်လွှတ်ပေးလိုက်ပါတယ်။
2019-04-10
ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာတွေကို လူမျိုးတုန်းသတ်ဖြတ်မှုတွေ ဆက်ဖြစ်ပွားနေပြီး နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့လည်း ပြည်တွင်းပြည်ပ ရိုဟင်ဂျာခေါင်းဆောင်တွေနဲ့ တွေ့ဆုံလိုတဲ့ ဆန္ဒမရှိဘူးလို့ မြန်မာရိုဟင်ဂျာများအသင်းဥက္ကဋ္ဌ ဦးထွန်းခင်က ပြောလိုက်ပါတယ်။
2019-04-10
ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ တရုတ်သမ္မတ ရှီကျင့်ပင်တို့ ဘေကျင်းမြို့ မှာ ဧပြီလ ၁ဝ ရက်-မနေ့က တွေ့ဆုံဆွေးနွေးချိန်အတွင်း စစ်ဘက်ပူးပေါင်းဆောင်ရွက်ရေးနဲ့ ပိုးလမ်းမစီမံကိန်းတွေမှာ တပ်မတော်က ပါဝင်မယ့်အကြောင်း စတာတွေကို ဆွေးနွေးသွား ပါတယ်။
2019-04-10
ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေကိုရပ်ဆိုင်းပြီး စားပွဲဝိုင်းမှာ ဆွေးနွေးအဖြေရှာကြဖို့ အမေရိကန်ပြည်ထောင်စုအနေနဲ့ မျှော်လင့်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး စကော့မာစီရယ်လ်က ဒီကနေ့ ပြောလိုက်ပါတယ်။
2019-04-10
တရုတ်ကုမ္ပဏီတစ်ခုနဲ့ မြန်မာနိုင်ငံသားတစ်ဦး ပူးပေါင်းပြီး အိမ်ထောင်စုလေးထောင်ကျော်ဆီကနေ မြန်မာငွေကျပ်သိန်းပေါင်း ၂၇ဝဝဝ (အမေရိကန်ဒေါ်လာ ၁၈ သန်းကျော်) လိမ်လည်သွားတယ်ဆိုပြီး အလိမ်ခံရသူတချို့က သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။
2019-04-10
ကချင်ပြည်နယ် မန်စီမြို့နဲ့ ရှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ်အကြားက လမ်းကြောင်းတွေကို မနေ့ကစပြီး တရုတ်ဘက်က ပိတ်ဆို့လိုက်တဲ့အတွက် ဒေသခံတောင်သူတွေက အခက်တွေ့နေကြပါတယ်။
2019-04-10
ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနဲ့ယဉ်ကျေးမှု UNESCO အဖွဲ့က ချီးမြှင့်တဲ့ Guillermo Cano သတင်း လွတ်လပ်ခွင့်ဆုကို ဒီနှစ်အတွက် မြန်မာနိုင်ငံက အကျဉ်းချခံနေရတဲ့ ရိုက်တာသတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ကို ချီးမြှင့်လိုက်ပါတယ်။
2019-04-10
ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် ပြင်ရှည်ကျေးရွာက အမျိုးသမီး ၁ ဦးကို တပ်မတော်သား စစ်သည် ၁ ဦးက ကာယိန္ဒြေ ပျက်ပြားအောင် ကျူးလွန်ခဲ့တဲ့ကိစ္စကို တပ်မတော်က စုံစမ်းစစ်ဆေးရေးခုံရုံး ဖွဲ့စည်း စစ်ဆေးဆောင်ရွက်နေကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ပါတယ်။
2019-04-10
ဒီနှစ်သြင်္ကန်မှာ ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့က လက်ရှိ NLD အစိုးရရဲ့ သံချပ်စာသားတွေ ကြိုတင်စိစစ်ခွင့်ပြုချက် ရယူရမယ်ဆိုတဲ့အပေါ် လုံးဝကန့်ကွက်ပြီး အရင်နှစ်တွေအတိုင်း ဆင်ဆာမတင်ဘဲ လှည့်လည်ဖျော်ဖြေသွားမှာဖြစ်ပါတယ်။
2019-04-10
အမျိုးသားလွှတ်တော် ဒုတိယ ဥက္ကဋ္ဌ ဦးအေးသာအောင် ဦးဆောင်တဲ့ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး အထောက်အကူပြုကော်မတီဟာ ရခိုင်ပြည်နယ် စစ်တွေမြို့မှာ ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ ဒီနေ့ သီးခြားစီတွေဆုံခဲ့ပါတယ်။
2019-04-10
နယ်စပ်ဒေသလုံခြုံအေးချမ်းရေးအတွက် မြန်မာ့တပ်မတော်က အစွမ်းကုန်ကြိုးစား ဆောင်ရွက်နေပြီး ရခိုင် အရေးအပါအဝင် မြန်မာနိုင်ငံရဲ့ အခြေအနေ အရပ်ရပ်အပေါ် တရုတ်နိုင်ငံက ရပ်တည်ပေးခဲ့တာတွေကို ကျေးဇူးတင်တယ်လို့ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ပြောပါတယ်။
2019-04-10
ရက္ခိုင့်တပ်မတော် AA က အင်အား ၄၀၀ လောက်ဟာ ရခိုင်ပြည်နယ် မြောက်ဦးမြို့ အခြေစိုက်ရဲတပ်ရင်း ဌာနချုပ်ကို ဒီကနေ့ မနက်ပိုင်းက အလုံးအရင်းနဲ့ ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့တယ်လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေး အဖွဲ့က RFA ကို ပြောပါတယ်။
2019-04-10
အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးစင်တာ NRPC၊ တပ်မတော်ညှိနှိုင်းရေးအဖွဲ့တို့နဲ့ သီးခြားစီ တေ့ွဆုံဆွေးနွေးပွဲတွေကို ကရင်အမျိုးသားအစည်းအရုံး KNU ရဲ့ အထွေထွေ အတွင်းရေးမှူးချုပ် ပဒိုစောတာဒိုမူး ဦးဆောင်ပြီး တက်ရောက်မယ်လို့ KNU က သတင်းထုတ်ပြန်လိုက်ပါတယ်။
2019-04-09
လန်ဒန်မြို့အခြေစိုက် မြန်မာရိုဟင်ဂျာများအသင်း ဥက္ကဋ္ဌ ဦးထွန်းခင် က ရခိုင်ပြည်နယ် ပြဿနာကို တိုက်ပွဲနဲ့ ဖြေရှင်းတာ လက်မခံပေမယ့် ရခိုင်ပြည်သူတွေက သူတို့ရဲ့ နစ်နာဆုံးရှုံးမှုတွေ ရရှိရေးအတွက် လှုပ်ရှားမှုကိုတော့ ထောက်ခံအားပေးတယ်လို့ ဆိုပါတယ်။
2019-04-09
ကမ္ဘာ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဟာ ကုန်သွယ်ရေးဆိုင်ရာ စိုးရိမ်ပူပန်စရာတွေအပြင် ဥရောပ သမဂ္ဂက ဗြိတိန်နုတ်ထွက်တာတွေကြောင့် ၂၀၁၉ နှစ်အတွက် ကမ္ဘာ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု နှေးကွေးနေနိုင်တယ်လို့ IMF အပြည်ပြည်ဆိုင်ရာ ငွေကြေးရံပုံငွေအဖွဲ့က အင်္ဂါနေ့က အစီရင်ခံစာ တစောင် ထုတ်ပြန်လိုက်ပါတယ်။