သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2014-04-11
စစ်တွေမြို့မှာ နိုင်ငံတကာ NGO အဖွဲ့ရုံးခန်းတွေကို တိုက်ခိုက်မှုတွေ ဖြစ်ပွားပြီးနောက်ပိုင်း ထုတ်ပြန်ထားတဲ့ ညနေ ၆ နာရီကနေ မနက် ၆ နာရီအထိ ညမထွက်ရအမိန့်ကို မနေ့ကစပြီး ည ၉ နာရီကနေ မနက် ၅ နာရီအထိ ပြောင်းလဲ သတ်မှတ်လိုက်ပါတယ်။ ပဋိပက္ခ အခြေအနေတွေ တည်ငြိမ်သွားပြီဖြစ်တဲ့ အတွက် ညမထွက်ရအမိန့်ကို အချိန်လျှော့ချပေးလိုက်တာလို့ စစ်တွေမြို့နယ်အုပ်ချုပ်ရေးမှူးက ပြောပါတယ်။ အခြေအနေတွေ တည်ငြိမ်သွားပြီ ဆိုပေမယ့် အခုနှစ်သြင်္ကန်အတွက် စစ်တွေမြို့မှာ ရခိုင်ရိုးရာ ရေကစားမဏ္ဍပ် တွေ ထည့်သွင်းကျင်းပနိုင်တော့မှာ မဟုတ်ဘူးလို့ သိရပါတယ်။ RFA သတင်းထောက် ကိုမင်းသိန်းအောင်က တင်ပြထားပါတယ်။
2014-04-11
မကွေးတိုင်းပညာရေးမှူးရုံးမှာ သတင်းယူဖို့ သွားရောက်မေးမြန်းရာကနေ ပိုင်နက်ကျူးလွန်မှု၊ ဝတ္တရား နှောက်ယှက်မှုတွေနဲ့ ထောင်ဒဏ်တနှစ် ချမှတ်ခံခဲ့ရတဲ့ ဒီမိုကရက်တစ် မြန်မာ့အသံ DVB သတင်းထောက် ကိုဇော်ဖေ ပြန်လည်လွတ်မြောက်ရေးအတွက် ရန်ကုန်မြို့ ဆူးလေဘုရားမှာ သတင်းထောက် တွေ ဒီကနေ့ ဆုတောင်းခဲ့ကြပါတယ်။ RFA သတင်းထောက် မသင်းသင်းထက်က တင်ပြထားပါတယ်။
2014-04-11
မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံရေး စီမံကိန်းတွေနဲ့ ပတ်သက်လို့ အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီမြို့က ကမ္ဘာ့ဘဏ်ရုံးမှာ ဧပြီလ ၉ ရက်နေ့က ဆွေးနွေးပွဲကျင်းပခဲ့ပါတယ်။ အဲဒီဆွေးနွေးပွဲကို မြန်မာနိုင်ငံက ကချင်ငြိမ်းချမ်းရေးကွန်ရက်အဖွဲ့က မခွန်ဂျာ၊ မေတ္တာဖွံ့ဖြိုးရေးဖောင်ဒေးရှင်းက ဆိုင်းဆမ်ခမ်းနဲ့ နိုင်ငံတကာ ငွေကြေးစီးဆင်းမှု စောင့်ကြည့်ရေးအဖွဲ့ IFI က ဒေါ်လစ်ဇ်လှိုင်တို့ တက်ရောက်ခဲ့ပါတယ်။
2014-04-11
ရန်ကုန်မြို့က သမိုင်းဝင် ရှေးဟောင်းအဆောက်အဦးတွေကို ထိန်းသိမ်းကြဖို့အတွက် Yangon Heritage Trust အဖွဲ့နဲ့ ရန်ကုန်မြို့တော် စည်ပင်သာယာအဖွဲ့က ကြိုးပမ်းနေပါတယ်။ RFA သတင်းထောက် မစန်းမော်အောင်က စုစည်းတင်ပြထားပါတယ်။
2014-04-11
မန္တလေးသြင်္ကန်ကို နောက်ခံထားပြီး ရိုက်ကူးခဲ့တဲ့ "သြင်္ကန်မိုး" ရုပ်ရှင်ဇာတ်ကားကို ဒီနေ့အချိန်ထိ လူအများ နှစ်သက် လက်ခံနေကြဆဲဖြစ်ပါတယ်။ "သြင်္ကန်မိုး" ရုပ်ရှင် ဇာတ်ကားဟာ အဖြူအမည်းကနေ ဆေးရောင်စုံခေတ် အကူးအပြောင်းမှာ ရိုက်ကူးခဲ့တာ ဖြစ်သလို ဇာတ်ကားရိုက်ကူးခွင့်ရဖို့အတွက် ဆင်ဆာ ဖြတ်တောက်ခံခဲ့ရတာလည်း ရှိခဲ့ပါတယ်။ "သြင်္ကန်မိုး" ရုပ်ရှင်ဇာတ်ကားကို ဖန်တီးခဲ့ကြသူတွေ ပြန်ပြောပြတဲ့ "သြင်္ကန်မိုး" ရုပ်ရှင် အကြောင်း အပိုင်း (၂) ကို RFA သတင်းထောက် ကိုမျိုးဇော်ကို က တင်ပြထားပါတယ်။
2014-04-11
မြန်မာနိုင်ငံဟာ ပြည်တွင်း ပဋိပက္ခအမျိုးမျိုး ကို ကျော်လွှားနိုင်မယ်လို့ မျှော်လင့်ကြောင်း ဂျာမနီနိုင်ငံ ဘာလင်မြို့ကို ရောက်ရှိနေတဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက် ပါတယ်။
2014-04-10
ပိုင်နက်ကျူးလွန်မှု ၊ ဝတ္တရားနှောင့်ယှက် မှုတွေနဲ့ ထောင်ဒဏ် တစ်နှစ် ချခံခဲ့ရတဲ့ ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ) သတင်းထောက် ကိုဇော်ဖေ ပြန်လည်လွတ်မြောက်ဖို့အတွက် သတင်းထောက်တွေက ရန်ကုန်မြို့ ဆူးလေဘုရားမှာ ဒီကနေ့ ဆုတောင်းခဲ့ကြပါတယ်။
2014-04-10
ကချင်ပြည်နယ် ဗန်းမော်ခရိုင် မန်စီမြို့နယ် ပန်ခမ်းကျေးရွာအုပ်စု နားလုံနဲ့ လဂါတ်ဒေါ့ကျေးရွာကြားမှာ အစိုးရတပ် တပ်မ ၈၈ နဲ့ ကေအိုင်အေ တပ်မဟာ ၃ လက်အောက်ခံ တပ်ရင်း ၂၇ တို့အကြား ဒီနေ့ နေ့လယ်ပိုင်းက တိုက်ပွားဖြစ်ပွားခဲ့ပါတယ်။
2014-04-10
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင် နိုင်ရေးအတွက် နိုင်ငံတော် သမ္မတ၊ ပြည်ထောင်စု လွှတ်တော်နာယက၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ လေးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးဖို့ စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်မှာ ရာနဲ့ချီတဲ့ဒေသခံတွေက ဒီနေ့ ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။
2014-04-10
ရခိုင်ပြည်နယ် စစ်တွေမြို့မှာ နိုင်ငံတကာ လူမှုရေးအဖွဲ့အစည်းရုံးခန်းတွေနဲ့ လူနေအိမ်တွေကို တိုက်ခိုက်မှုတွေဖြစ်ပြီးနောက်ပိုင်း ညနေ ၆ နာရီကနေ မနက် ၆ နာရီအထိ ထုတ်ပြန်ထားတဲ့ ပုဒ်မ - ၁၄၄ ညမထွက်ရအမိန့်ကို မနေ့ကစပြီး ည ၉ နာရီကနေ မနက် ၅ နာရီအထိ ပြောင်းလဲသတ်မှတ်လိုက်ပါတယ်။
2014-04-10
လက်ပံတောင်းတောင် ကြေးနီစီမံကိန်း အကောင်အထည်ဖော်နေတဲ့ တရုတ်ဝမ်ပေါင်ကုမ္ပဏီမှာ သင်တန်းတက်နေသူ ဒေသခံဘွဲ့ရ ၂၃၃ ဦးက လစာတိုးရရှိရေးအတွက် ဒီကနေ့ မနက်ပိုင်းက ဝမ်ပေါင်ကုမ္ပဏီကို လမ်းလျှောက် ဆန္ဒဖေါ်ထုတ်ခဲ့ကြတယ်လို့ သိရပါတယ်။
2014-04-10
၂၀၁၄ ပြည်လုံးကျွတ် သန်းခေါင်စာရင်းကောက်ခံမှုမှာ ပြီးခဲ့တဲ့ ဧပြီ ၈ ရက်နေ့အထိ အိမ်ထောင်စုပေါင်း ၁၀ သန်းကျော် ကောက်ခံပြီးစီးခဲ့ပြီး သန်းခေါင်စာရင်း မပေးရသေးသူတွေအတွက် တိုက်ရိုက်ဆက်သွယ်နိုင် မယ့် ဖုန်းနံပါတ်ဖွင့်လှစ်ပေးထားကြောင်း လူဝင်မှု ကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဦးစီးဌာနက ပြော ပါတယ်။
2014-04-10
စစ်တွေမြို့က အကြမ်းဖက် တိုက်ခိုက်မှု ဖြစ်ရပ်ကြောင့် နိုင်ငံတကာအလယ်မှာ မြန်မာနိုင်ငံနဲ့ တိုင်းရင်းသားတွေရဲ့ ဂုဏ်သိက္ခာ ကျဆင်းခဲ့ရတယ်လို့ စုံစမ်းစစ်ဆေးရေးကော်မရှင် ဥက္ကဌ- ဗိုလ်ချုပ် မောင်မောင်အုန်းက ပြောလိုက်ပါတယ်။
2014-04-10
ကယားပြည်နယ် ဖရူဆိုမြို့နယ်အတွင်းမှာရှိတဲ့ ကျေးရွာတွေက တောင်သူတွေဟာ နယ်မြေခံ အစိုးရတပ်တွေ သိမ်းယူထားတဲ့ စိုက်ပျိုးမြေတွေ ပြန်လည်ရရှိဖို့အတွက် တောင်းဆိုနေကြပါတယ်။ RFA အဖွဲ့သား ကိုခင်မောင်စိုးမင်းက တင်ပြထားပါတယ်။
2014-04-10
တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ ဖွဲ့စည်းထားတဲ့ "တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းရေး အဖွဲ့" NCCT အဖွဲ့ဝင်တွေဟာ UNA (ခေါ်) ညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွ့ဲနဲ့ ဒီနေ့ ရန်ကုန်မြို့မှာ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ RFA သတင်းထောက် မရတနာဦးက တင်ပြထားပါတယ်။