သြင်္ကန်အကြို စစ်တွေမြို့
2014.04.11
စစ်တွေမြို့မှာ နိုင်ငံတကာ NGO အဖွဲ့ရုံးခန်းတွေကို တိုက်ခိုက်မှုတွေ ဖြစ်ပွားပြီးနောက်ပိုင်း ထုတ်ပြန်ထားတဲ့ ညနေ ၆ နာရီကနေ မနက် ၆ နာရီအထိ ညမထွက်ရအမိန့်ကို မနေ့ကစပြီး ည ၉ နာရီကနေ မနက် ၅ နာရီအထိ ပြောင်းလဲ သတ်မှတ်လိုက်ပါတယ်။ ပဋိပက္ခ အခြေအနေတွေ တည်ငြိမ်သွားပြီဖြစ်တဲ့
အတွက် ညမထွက်ရအမိန့်ကို အချိန်လျှော့ချပေးလိုက်တာလို့ စစ်တွေမြို့နယ်အုပ်ချုပ်ရေးမှူးက ပြောပါတယ်။ အခြေအနေတွေ တည်ငြိမ်သွားပြီ ဆိုပေမယ့် အခုနှစ်သြင်္ကန်အတွက် စစ်တွေမြို့မှာ ရခိုင်ရိုးရာ ရေကစားမဏ္ဍပ် တွေ ထည့်သွင်းကျင်းပနိုင်တော့မှာ မဟုတ်ဘူးလို့ သိရပါတယ်။ RFA သတင်းထောက် ကိုမင်းသိန်းအောင်က တင်ပြထားပါတယ်။