သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2021-08-12
RFA က သီးသန့်ကောက်ယူထားတဲ့ စာရင်းတွေအရ မြန်မာနိုင်ငံမှာ ကိုဗစ် ကပ်ရောဂါကြောင့် သေဆုံးမှုတွေ မြင့်တက်လာတဲ့ ဇူလိုင် ၁ ရက်ကနေ သြဂုတ် ၁၀ ရက်နေ့အထိ တစ်လကျော်အတွင်း စာပေ၊ ရုပ်ရှင်၊ ဂီတ၊ ဇာတ်သဘင် စတဲ့နယ်ပယ်စုံက အနုပညာရှင် ၁၃၀ ကျော် ကွယ်လွန်ခဲ့ပါတယ်။ အနုပညာလောကသားတွေ အများအပြား ကွယ်လွန်နေတာဟာ နိုင်ငံအတွက် ကြီးမားတဲ့ ဆုံးရှုံးမှုတွေဖြစ်ပါတယ်။
2021-08-12
စစ်ကိုင်းတိုင်း ကနီမြို့နယ်မှာ ဧပြီလ ၁၁ ရက်ကနေ သြဂုတ်လ ၈ ရက်နေ့အထိ လေးလနီးပါးအတွင်း စစ်တပ်နဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အကြား တိုက်ပွဲပေါင်း ၃၅ ကြိမ် ဖြစ်ပွားခဲ့ပြီး၊ PDF တပ်ဖွဲ့ဝင်နဲ့ ဒေသခံ စုစုပေါင်း ၈၀ ကျော် သေဆုံးခဲ့တယ်လို့ ကနီမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။
2021-08-12
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကိုလက်ခံပြီး အာဏာသိမ်းစစ်ကောင်စီကို ငြင်းဆိုပါ (Accept NUG – Reject Military) ဆိုတဲ့ ဖေ့စ်ဘွတ်လူမှုကွန်ရက် ပရိုဖိုင် လှုပ်ရှားမှုမှာ အချိန်သုံးရက်အတွင်း ပါဝင်သူပေါင်း နှစ်သန်းကျော်ရှိနေပြီလို့ ဒီလှုပ်ရှားမှုကို ဦးဆောင်ပြုလုပ်နေတဲ့ အထွေထွေသပိတ်ပေါင်းစပ်ညှိနှိုင်းရေး အင်အားစု (General Strike Coordination Body - GSCB) ခေါင်းဆောင် တစ်ဦးက ပြောပါတယ်။
2021-08-12
မန္တလေးတိုင်း မြင်းခြံနယ်ထဲက တလုပ်မြို့တိုက်ပွဲမှာ ဖမ်းဆီးခံလိုက်ရတဲ့ ဗကသ ကျောင်းသားငါးယောက်ကို စစ်ကောင်စီက လူသတ်မှု၊ လက်နက်ကိုင်ဆောင်မှုတို့နဲ့ ဩဂုတ်လ ၁၀ ရက်နေ့မှာ အမှုထပ်တိုးဖွင့်ထားတယ်လို့ မြင်းခြံခရိုင်ကျောင်းသား သမဂ္ဂ (ဗကသများအဖွဲ့ချုပ်) က အမည်မဖော်လိုသူတစ်ယောက်က RFA ကို ဒီနေ့ ပြောပါတယ်။
2021-08-12
ရန်ကုန်တိုင်း ဗိုလ်တထောင်မြို့နယ်၊ ၄၄ လမ်းက တိုက်ခန်းတစ်ခုကို စစ်ကောင်စီက ဝင်ရောက်ပစ်ခတ် ဖမ်းဆီးချိန် တိုက်ပေါ်က ခုန်ချပြီး သေဆုံးသွားသူတွေထဲက မဝေဝေမြင့် (ခေါ်) ပန်းသီးရဲ့ ရုပ်လောင်းကို မင်္ဂလာဒုံက ကုတင် ၁၀၀၀ စစ်ဆေးရုံကနေတဆင့် ဩဂုတ်လ ၁၁ ရက် မနေ့ညနေပိုင်းက ရွှေပြည်သာမြို့နယ်က ကျူချောင်သုသာန်မှာ မီးသင်္ဂြိုဟ်ခဲ့ပါတယ်။
2021-08-12
ကယား (ကရင်နီ) ပြည်နယ် ဖရူဆိုမြို့နယ်အတွင်းမှာ စစ်ကောင်စီနဲ့ ကရင်နီ အမျိုးသားကာကွယ်ရေးတပ်(KNDF)၊ ကရင်နီတပ်မတော်(KA) ကရင်နီတပ်မတော် ပူးပေါင်းအဖွဲ့တို့ သြဂုတ်လ ၁၂ ရက် ဒီနေ့မှာ တိုက်ပွဲတစ်ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က ပစ်ခတ်တဲ့လက်နက်ကြီးကြောင့် ဒေသခံနှစ်ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ကရင်နီအမျိုးသား ကာကွယ်ရေးတပ် (KNDF) တာဝန်ရှိသူတစ်ဦးက RFA ကို ပြောပါတယ်။
2021-08-12
ချင်းပြည်နယ်မြောက်ပိုင်း ထန်တလန်မြို့မှာ သြဂုတ်လ ၁၁ ရက် မနေ့ညပိုင်းမှာ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ အမတ်ဟောင်း ဒေါက်တာမှုထန်ရဲ့နေအိမ်မှာ ဗုံးပေါက်ကွဲမှု ဖြစ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
2021-08-12
ရခိုင်ပြည်နယ်အတွင်းမှာ လူသားချင်းစာနာမှု အကူအညီတွေပေးနေတဲ့ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာ လူမှုအဖွဲ့အစည်းတွေရဲ့သွားလာမှုတွေကို အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်က သြဂုတ်လ ၅ ရက်နေ့က တင်းကျပ်ကန့်သတ်လိုက်ပါတယ်။
2021-08-12
မန္တလေးတိုင်း မိုးကုတ်မြို့မှာ သြဂုတ်လ ၁၂ ရက်နေ့ မနက်မှာ မိုးရွာသွန်းမှုများခဲ့တဲ့ အတွက် အနောက်ပိုင်း၊ ကျောက်ဖြူရပ်ကွက်က BOC ဆီဆိုင် အုတ်တံတိုင်း၊ နေအိမ် ပေါ် ပြိုကျခဲ့တဲ့အတွက် နေအိမ်အတွင်းက လေးနှစ်အရွယ်ကလေး တစ်ဦးနဲ့ အမျိုးသမီး နှစ်ဦး၊ စုစုပေါင်း သုံးဦး သေဆုံးသွားတယ်လို့ မိုးကုတ်မြို့ ပါရမီ လူမှုကူညီရေးအသင်းက ပြောပါတယ်။
2021-08-12
ဒေါ်အောင်ဆန်းစုကြည်ရဲ့အမှုတွေကို လိုက်ပါဆောင်ရွက်ပေးနေတဲ့ ရှေ့နေအဖွဲ့ထဲက တစ်ဦးကို စစ်ကောင်စီ ဘက်က မီဒီယာတွေကိုမဖြေဖို့ ဖိအားပေးကန့်သတ်တာတွေလုပ်ခဲ့ပေမယ့် အမှုတွေနဲ့ ပတ်သက်လို့ ပုံမှန်အတိုင်း သတင်းထုတ်ပြန်တာတွေ ဆက်လုပ်မယ်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေ ဦးခင်မောင်ဇော် က RFA ကို ဒီနေ့ ပြောပါတယ်။
2021-08-12
အာဏာသိမ်းစစ်ကောင်စီက ကိုရိုနာကပ်ရောဂါကို ထိန်းချုပ်နိုင်ဖို့အတွက် ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ မတိုင်ခင်အထိ ကြားနာစစ်ဆေးဆဲ ပြစ်မှုတွေကို ပိတ်သိမ်းပေးသွားမယ်လို့ ဩဂုတ်လ ၁၁ ရက် မနေ့က ထုတ်ပြန်ကြေညာလိုက် ပါတယ်။
2021-08-12
စစ်ကိုင်းတိုင်း မင်းကင်းမြို့နယ်မှာရှိတဲ့ ချင်းတွင်းမြစ်ဘေးက အိုးဘိုးရွာအနီးမှာ ပြီးခဲ့တဲ့ သြဂုတ်လ ၅ ရက်နေ့ က စစ်သားတွေနဲ့ ပျူစောထီးအဖွဲ့ဝင်တွေက သံပေါက်ကျေးရွာသား ငါးယောက်ကို ဖမ်းဆီးပြီး အဲဒီအထဲက အသက် ၂၆ နှစ်အရွယ် ကိုလှိုင်ဝေဦးကို ဖမ်းဆီး ခံရသူတွေရဲ့ရှေ့မှာပဲ သတ်ဖြတ်လိုက်တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မျက်မြင်ဒေသခံတစ်ဦးက RFA ကို ဒီနေ့ပြောပါတယ်။
2021-08-12
ရန်ကုန်မြို့ အင်းစိန် ဗဟိုအကျဉ်းထောင်အနီးမှာ ဩဂုတ်လ ၁၂ ရက် ဒီနေ့မနက် ၇ နာရီဝန်းကျင်မှာ ပေါက်ကွဲမှု နှစ်ကြိမ်ဖြစ်ခဲ့တယ်လို့ အင်းစိန်ထောင်အနီးမှာ နေထိုင်တဲ့ အမည်မဖော်လိုသူ ဒေသခံတစ်ဦးက ပြောပါတယ်။
2021-08-11
ကိုဗစ်ကပ်ရောဂါ တတိယလှိုင်းဒဏ်ခံနေရတဲ့ မြန်မာနိုင်ငံအတွက် လူသားချင်း စာနာမှုအကူအညီတွေ အမေရိကန် ဒေါ်လာ သန်း ၅၀ အထိ ပေးအပ်သွားမယ်လို့ အမေရိကန်အစိုးရက ထုတ်ပြန်ကြေညာထားပါတယ်။ ဒီအကူအညီ တွေကို အာဏာသိမ်း စစ်အစိုးရမပါဘဲ NGO အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေ ကတဆင့် ပေးအပ်မယ်လို့လည်း အမေရိကန် နိုင်ငံခြားရေးဌာန တာဝန်ရှိသူတွေက ပြောထားပါတယ်။
2021-08-11
ဘင်္ဂလားဒေ့ရှ်နိုင်ငံက ရိုဟင်ဂျာဒုက္ခသည်တွေကို ကိုဗစ်ကာကွယ်ဆေးထိုးပေး ပါတယ်။ ဒါပေမဲ့ ရခိုင်ပြည်နယ်အနောက်ပိုင်းက လူဦးရေထူထပ်တဲ့ ဒုက္ခသည် စခန်းတွေအတွင်းက ရိုဟင်ဂျာတွေကို ကိုဗစ်ကာကွယ်ဆေးထိုးနှံပေးဖို့ အစီအစဉ် မရှိသေးကြောင်း ဒေသအုပ်ချုပ်ရေးမှူးတစ်ဦးက ပြောပါတယ်။