သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2014-09-14
စစ်ကိုင်းတိုင်းဒေသကြီး ချောင်းဦး မြို့နယ်က သိမ်းဆည်းခံထားရတဲ့ ယာမြေဧက သုံးထောင်ကျော် ကို ပြန်ပေးဖို့ ဒေသ ခံတောင်သူ၂၀၀ ကျော်က ဒီနေ့ ချောင်းဦးမြို့မှာ ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။
2014-09-14
အမျိုးသားပညာရေးဥပဒေ ကန့်ကွက်ဟောပြောပွဲတွေနဲ့ ဆန္ဒပြ ပွဲတွေမှာပါဝင်ခဲ့ကြတဲ့ ကျောင်းသား ကျောင်းသူတွေရဲ့ အုပ်ထိန်းသူတွေကို ကျောင်းအုပ်ချုပ်ရေးတွေက ခေါ်ယူသတိပေးတာတွေရှိကြောင်း ဒီနေ့ ရန်ကုန်မြို့ ပုဇွန်တောင် မြို့နယ်မှာ သတင်းစာရှင်းလင်းပွဲကျင်းပပြီး တက္ကသိုလ်ကျောင်းသားများ သမဂ္ဂအဖွဲ့ဝင်တွေက ပြောခဲ့ ပါတယ်။
2014-09-14
မြန်မာအမျိုးသမီးတွေ နိုင်ငံရေးနိုးကြားမှု တိုးတက်မြင့်မားဖို့၊ နိုင်ငံရေးမှာ ပိုမိုပါဝင်နိုင်ဖို့၊ အမျိုးသားတွေ နဲ့ တန်းတူအခွင့်အရေးရရှိဖို့၊ စတဲ့ အကြောင်းတွေနဲ့ ပတ်သက်ပြီး ပုလဲမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင် နဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်း လူ့ဘောင်အဖွဲ့က မမီးမီးတို့ကို ဆက်သွယ်ပြီး ဦးခင်မောင်ညိန်းက တင်ပြဆွေးနွေး ထားပါတယ်။
2014-09-14
ပညာရေးဥပဒေမူကြမ်းကို ကန့်ကွက်မူဆက်တိုက်ပြု လုပ်နေတာနဲ့ ပတ်သက်ပြီး တက္ကသိုလ် အာဏာ ပိုင်တွေဘက်ကလည်း တင်းကြပ်မူုတွေ ပြုလုပ် လာတယ်လို့ ဆိုပါတယ်။
2014-09-13
ပညာရေးဥပဒေမူကြမ်းကို ကန့်ကွက်မူဆက်တိုက်ပြုလုပ်နေတာနဲ့ ပတ်သက်ပြီး တက္ကသိုလ် အာဏာပိုင်တွေဘက်ကလည်း တင်းကြပ်မူုတွေ ပြုလုပ်လာတယ်လို့ ဆိုပါတယ်။
2014-09-13
ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် မန္တလေးခရိုင်အဖွဲ့ဝင် မဖြူနှင်းထွေးကို လက်ပံတောင်းတောင်ကြေးနီစီမံကိန်းဒေသမှာ မေလကဖြစ်ခဲ့တဲ့ ရွာသားတွေနဲ့တရုတ် ဝန်ထမ်း တွေရဲ့ ပဋိပက္ခ နဲ့ပတ်သက်လို့ ရဲတပ်ဖွဲ့က မနေ့ကနေ့လည်မှာ မန္တလေး မြို့နေအိမ်ကနေ ဖမ်းဆီး ခေါ်ဆောင်သွားတယ်လို့သိရ ပါတယ်။
2014-09-13
ကျောင်းဆရာ၊ဆရာမတွေရဲ့ အခွင့်အရေး၊ ပညာရေးအဆင့်မြှင့်တင်ရေးအတွက် အသင်းအဖွဲ့တွေ၊ သမဂ္ဂတွေ ဦးဆောင်ဖွဲ့စည်းလှုပ်ရှားရာမှာ ပါဝင်တဲ့ ရန်ကုန်တက္ကသိုလ်က ဆရာ၊ဆရာမတွေကို အစိုးရ အာဏာပိုင်တွေက နယ်ဝေးတက္ကသိုလ်ကောလိပ်တွေ ကို ပြောင်းရွှေ့နေတယ်လို့ သိရပါတယ်။
2014-09-13
စင်ကာပူနိုင်ငံမှာ မြန်မာအိမ်ဖော်တွေ အခွင့်အရေးဖိနှိပ်ချိုးဖောက်ခံနေရတဲ့ အတွက် မြန်မာအစိုးရက စင်ကာပူနိုင်ငံကို အိမ်ဖော်အလုပ်သမားစေလွှတ်တာတွေ ခေတ္တရပ်နားထားတယ်လို့ မြန်မာပြည်ပ အလုပ်အကိုင် အေဂျင်စီဖယ်ဒရေးရှင်း အဖွဲ့က ပြောပါတယ်။
2014-09-13
အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး လက်မှတ်ရေး ထိုးပြီးနောက် ကျင်းပမယ့် နိုင်ငံရေးဆွေးနွေးပွဲတွေ အတွက် နိုင်ငံရေးပါတီတွေအားလုံးရဲ့ ဘုံသဘော တူညီချက်ရရှိဖို့ နိုင်ငံရေးပါတီ ၅၃ ခု ဒီနေ့ စတင်ဆွေးနွေးနေပါတယ်။
2014-09-13
ခါကာဘိုရာဇီ တောင်ကိုတတ်ရောက် ခဲ့ပြီး ပျောက်ဆုံးနေတဲ့ တောင်တက်သမား နှစ်ဦးကို တရုတ်နိုင်ငံက အဖွဲ့ဝင် ၉ဦးပါဝင်တဲ့ အပြာရောင် မိုးကောင်းကင် (Blue Sky) ကယ်ဆယ်ရေးအဖွဲ့ဟာ ဒီနေ့ မြန်မာနိုင်ငံကို ရောက်ရှိ လာပါတယ်။
2014-09-13
မြန်မာနိုင်ငံက လူကုန်ကူးခံရသူအများစု ဟာ တရုတ်နိုင်ငံကို ရောင်းစားခံနေကြရ တာဖြစ်တယ်လို့ ပြည်ထဲရေးဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ကိုကိုက ပြောကြားလိုက်ပါတယ်။
2014-09-13
မြန်မာနိုင်ငံမှာ တရုတ်ရင်းနှီးမြှပ်နှံမှု ကုမ္ပဏီလုပ်ငန်းတွေနဲ့ မြန်မာပြည်သူတွေအကြား အမြင်မရှင်းတာတွေကို ကူညီဆောင်ရွက်ပေးဖို့ ရန်ကုန်မြို့မှာရောက်ရှိနေတဲ့ တရုတ် ကွန်မြူနစ် ပါတီအရာရှိတွေက ပြည်တွင်းနိုင်ငံရေး ပါတီတွေ နဲ့ တွေ့ဆုံပြီး တိုက်တွန်းလိုက်ပါတယ်။
2014-09-12
ရှမ်းပြည်တပ်မတော်တောင်ပိုင်း RCSS/ SSA နဲ့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး အဖွဲ့ PNLO တို့ကြား နယ်မြေအငြင်းပွားမှုနဲ့ ပတ်သက်ပြီး စက်တင်ဘာလ ၁၁ ရက်နေ့က ဆွေးနွေးခဲ့ရာမှာ ပြေလည်မုူ မရဘဲ အဆုံးသတ်ခဲ့ရပါတယ်။
2014-09-12
သမ္မတဦးသိန်းစိန် ဥရောပခရီးစဉ်အတွင်း ပြော ကြားခဲ့တာတွေနဲ့ ပတ်သက်ပြီး မန္တလေးမြို့မှာ အဖွဲ့အစည်းတချို့က ဒီကနေ့ ကန့်ကွက်ဆန္ဒပြခဲ့ ကြပါတယ်။
2014-09-12
ဦးဝင်းတင်ဖောင်ဒေးရှင်းကနေ နိုင်ငံရေး အကျဉ်းသားတွေအတွက် ထောက်ပံ့ငွေ ပေးအပ်ပွဲ အခမ်းအနားကို ရန်ကုန်မြို့က တော်ဝင်နှင်းဆီခန်းမ မှာ ဒီနေ့ ပြုလုပ်ခဲ့ပါတယ်။