သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2018-03-18
ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ်ထဲမှာ ပလောင်ပြည်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA နဲ့ RCSS/SSA ရှမ်းပြည် ပြန်လည် ထူထောင်ရေးကောင်စီတို့ မတ်လဆန်းကတည်းက စပြီး တိုက်ပွဲတွေ ဆက်တိုက်ဆိုသလို ဖြစ်ပွားနေတဲ့ အတွက် ဒေသခံတွေလည်း ထွက်ပြေးနေကြရ ပါတယ်။
2018-03-18
ဘင်္ဂလားဒေ့ရှ်နိုင်ငံက ပြန်လာတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေကို စခန်းသစ်တွေမှာ ထာဝရ နေထိုင် ခိုင်းမှာ မဟုတ်ဘဲ သူတို့မူလနေထိုင်ခဲ့တဲ့ ကျေးရွာတွေ သို့မဟုတ် အနီးဆုံးနေရာတွေမှာ ဖြစ်နိုင်သမျှ အမြန်ဆုံး နေရာချပေးမယ်လို့ ရခိုင်ပြည်နယ် မောင်တောခရိုင် အုပ်ချုပ်ရေးမှူး ဦးရဲထွတ်က စနေနေ့ မနေ့က ပြောကြား လိုက်ပါတယ်။
2018-03-18
မတ်လ ၁၇ ရက်နေ့ည မေးပါရစေဦး အစီအစဉ်မှာ "လွှတ်တော်အထိ ရောက်လာတဲ့ ကမန် တိုင်းရင်းသားအရေး" ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆွေးနွေးကြမှာဖြစ်ပါတယ်။ လက်ရှိရခိုင်ပြည်နယ်က ဒုက္ခသည်စခန်းတွေမှာ နေထိုင်ကြတဲ့ ကမန် တိုင်းရင်းသားတွေ အခြေအနေ ရန်ကုန်ကို ပြောင်းလာကြသူ ကမန်တိုင်းရင်းသားမိသားစုတွေရဲ့ အခြေအနေ သူတို့တွေအတွက် အစိုးရက ဘာတွေ လုပ်ပေးသင့်သလဲဆိုတဲ့အပေါ် ကမန်တိုင်းရင်း သားတွေရဲ့အမြင်ကို ဆွေးနွေးကြမှာ ဖြစ်ပါတယ်။
2018-03-17
မြန်မာနိုင်ငံက ရိုဟင်ဂျာပြဿနာဟာ ဒေသတွင်း လုံခြုံရေးကို အကြီးအကျယ် ခြိမ်းခြောက် လာနိုင်တယ်လို့ အိမ်နီးချင်း အရှေ့တောင်အာရှနိုင်ငံတွေကို မလေးရှားဝန်ကြီးချုပ် Najib Razak က စနေနေ့က သတိပေးလိုက်ပါတယ်။
2018-03-17
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပေါ် သြစတြေးလျနိုင်ငံရှိ ရိုဟင်ဂျာတွေရဲ့ ကိုယ်စားလှယ်ရှေ့နေတချို့က တရားစွဲဆိုခဲ့တာကို သြစတြေးလျနိုင်ငံတော် ရှေ့နေချုပ် Christian Porter ခရစ်ရှန်း ပေါ်တာက စနေနေ့ မနေ့က ပယ်ချလိုက်ပါတယ်။
2018-03-17
ငြိမ်းချမ်းရေးရဖို့အတွက် တိုင်းရင်းသား လူမျိုး၊ ပါတီ စတဲ့ မတူကွဲပြားမှုတွေကို ဘေးဖယ်ထားပြီး အားလုံး အတူတကွ ပူးပေါင်းဆောင်ရွက်ကြဖို့ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်က လူငယ်တွေကို ဒီနေ့ တိုက်တွန်းလိုက်ပါတယ်။
2018-03-17
တနင်္သာရီတိုင်းဒေသကြီးအတွင်း ဆီအုန်းစိုက်ပျိုးဖို့ မြေနေရာရယူထားတဲ့ ကုမ္ပဏီတွေဟာ ဆီအုန်း စိုက်ပျိုးဖို့ထက် သစ်ထုတ်လုပ်ဖို့ အဓိကလုပ်ဆောင်နေတဲ့အကြောင်း စိမ်းလန်းအမိမြေအသင်း က ဒီနေ့ အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။
2018-03-17
ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိပ်မူအုပ်စု ကန်ခမ်စုပေါင်းစွန့်ပစ်မြေစာပုံ မနေ့ညက ပြိုကျတာကြောင့် ရေမဆေးကျောက်ရှာနေသူ ၆ ဦးလောက်နဲ့ ကျောက်စိမ်းတောင် ကုမ္ပဏီရဲ့ မြေစာသယ်ယာဉ် ၂ စီး မြေစာပိပြီး နစ်မြုပ်ပျောက်ဆုံးနေပါတယ်။
2018-03-17
ကယားပြည်နယ်၊ ဒီမော့ဆိုမြို့နယ်က ဘုရားဖြူကျေးရွာအုပ်စုတစ်စုလုံးက လူဦးရေ ၁ ထောင်ကျော်ဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင်အဖြစ် ဝင်ရောက်တဲ့အတွက် ပါတီဝင် အဆိုပြုလွှာ ပေးအပ်ပွဲ အခမ်းအနားကို ဘုရားဖြူကျေးရွာမှာ ဒီကနေ့ ကျင်းပခဲ့ပါတယ်။
2018-03-17
NLD ပါတီ ထိပ်ပိုင်းခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဦးဝင်းထိန်ဟာ ပါတီကနေ နုတ်ထွက်ခွင့် တင်ထားခြင်းမဟုတ်ဘဲ သူ့အနေနဲ့ ပါတီမှာ ဆက်ပြီးတာဝန်ထမ်းဆောင်ဖို့ သင့်မသင့် ဆုံးဖြတ်ပေးဖို့ ပေးပို့တာဖြစ်တယ်လို့ ပါတီဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်တစ်ဦးက ဒီနေ့ ပြောပါတယ်။
2018-03-17
ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ပလောင်ပြည်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA ဟာ မတ်လဆန်းကတည်းကစပြီး RCSS/SSA ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီနဲ့ စစ်ရေးတင်းမာနေသလို တပ်မတော်နဲ့လည်း တိုက်ပွဲဖြစ် ပွားနေပါတယ်။
2018-03-16
သောကြာနေ့တိုင်း RFA မြန်မာပိုင်းကနေ အပတ်စဉ် ထုတ်လွှင့်နေတဲ့ “မှတ်မှတ်သားသား စကားများ” အစီအစဉ်ဖြစ်ပါတယ်။
2018-03-16
မြန်မာနိုင်ငံဆိုင်ရာ EU ဥရောပသမဂ္ဂရုံးက လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူတွေကို ပေးအပ်တဲ့ ၂ဝ၁၈ ခုနှစ်အတွက် Schuman Award ဆုကို Myanmar Now သတင်းဌာနရဲ့ အယ်ဒီတာချုပ် ကိုဆွေဝင်း၊ လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူ ချယ်ရီဇာဟောင် (Cheery Zahau) နဲ့ မွန်ပြည်နယ်က အမျိုးသမီးအခွင့်အရေး ကာကွယ်စောင့်ရှောက်သူ ဒေါ်ခင်သန်းထွေးတို့ ရရှိခဲ့ပါတယ်။
2018-03-16
တောင်ကိုရီးယားနိုင်ငံက စက်ရုံတစ်ခုမှာ သွားရောက်လုပ်ကိုင်နေစဉ် အသက်ဆုံးပါးခဲ့ရတဲ့ မြန်မာအလုပ်သမား ကိုဝင်းထွဋ်ဇော် ဆိုသူရဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို သူ့မိသားစုက လှူဒါန်းခဲ့တဲ့အတွက် ကိုရီးယားနိုင်ငံသား ၄ ဦးရဲ့ အသက်တွေကို ကယ်ဆယ်နိုင်ခဲ့တယ်လို့ မနေ့က သတင်းရပါတယ်။
2018-03-16
နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ အာဆီယံ-သြစတြေးလျ အထူးထိပ်သီး အစည်းအဝေးကို တက်ရောက်ဖို့ သြစတြေးလျနိုင်ငံကို ဒီကနေ့ ထွက်ခွာသွားပြီဖြစ်ပါတယ်။