ပြန်လာသူတွေကို အမြန်ဆုံးနေရာချမယ်လို့ မောင်တော အုပ်ချုပ်ရေးမှူး ပြော


2018.03.18
rohingya-refugees-622 မြန်မာနိုင်ငံကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေးတဲ့ မွတ်စလင်တွေကို တွေ့ရစဉ်
Photo: BenarNews

ဘင်္ဂလားဒေ့ရှ်နိုင်ငံက ပြန်လာတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေကို စခန်းသစ်တွေမှာ ထာဝရ နေထိုင်ခိုင်းမှာ မဟုတ်ဘဲ သူတို့မူလနေထိုင်ခဲ့တဲ့ ကျေးရွာတွေ သို့မဟုတ် အနီးဆုံးနေရာတွေမှာ ဖြစ်နိုင်သမျှ အမြန်ဆုံး နေရာချပေးမယ်လို့ ရခိုင်ပြည်နယ် မောင်တောခရိုင် အုပ်ချုပ်ရေးမှူး ဦးရဲထွတ်က စနေနေ့ မနေ့က  ပြောကြားလိုက်ပါတယ်။

အဲဒီလိုပြန်လာမယ့် မွတ်စလင်တွေကို ပြန်လည်နေရာချထားပေးဖို့အတွက် မောင်တောမြို့ကနေ ကားနဲ့ ၂ နာရီလောက်သွားရတဲ့ နေရာမှာ တည်ဆောက်နေတဲ့ ဒေသကို သတင်းထောက်တွေ သွားရောက်ကြည့်ရှုတဲ့ အခါမှာတော့ အိမ်သုံးလုံးပဲ ဆောက်လို့ပြီးစီးသေးတာကို တွေ့ရတယ်လို့ AFP သတင်းမှာ ဖေါ်ပြထားပါတယ်။

ဒါပေမဲ့ မောင်တောမြို့နယ် အုပ်ချုပ်ရေးမှူး ဦးမြင့်ခိုင်က မိသားစု ၁ဝဝ အတွက် နေအိမ်တွေကို ၂ လအတွင်း ပြီးစီးအောင်တည်ဆောက်မှာဖြစ်ကြောင်း ပြောကြားတယ်လို့ ဆိုပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။