သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2016-07-22
မြန်မာနိုင်ငံသား အလုပ်သမားတွေကို အလုပ်ရှာဖွေပေးနေတဲ့ ထိုင်းအလုပ် ရှာဖွေရေး အေဂျင်စီ ၂၄ ခုနဲ့ ကိုယ်စားလှယ် ၆ ယောက်ကို မြန်မာအစိုးရက အမည်ပျက်စာရင်း သွင်းလိုက်ပါတယ်။
2016-07-22
တန်းတူညီမျှတဲ့ပြည်ထောင်စု၊ အခွင့်အရေး တူတဲ့ပြည်ထောင်စု၊ အာဏာတူ တဲ့ပြည်ထောင် စုဖြစ်လာဖို့ လာမယ့် ၂၁ ရာစု ပင်လုံ ညီလာခံက လုပ်ဆောင်ရမယ်လို့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ပါတီ အထွေထွေ အတွင်းရေးမှူး ဦးစိုင်းညွန့်လွင် က ပြောပါတယ်။
2016-07-22
ရှမ်းပြည်နယ်မြောက်ပိုင်း ပလောင်ကိုယ်ပိုင်အုပ် ချုပ်ခွင့်ရဒေသ မန်တုံမြို့နယ်က ဒေသခံတွေဟာ TNLA နဲ့ RCSS တပ်တွေ တိုက်ပွဲတွေ ပြန်လည်ဖြစ် ပွားလာမှာ စိုးရိမ်နေရတာကြောင့် နမ္မတူမြို့ ပန်ဟိုက်ရပ်ကွက် ရွှေမြင်တင်ဘုန်းတော်ကြီးကျောင်း နဲ့ လီဆူဘုရားကျောင်းတွေမှာ ခိုလှုံနေကြပါတယ်။
2016-07-22
နိုဝင်ဘာလမှာ ကျင်းပမယ့် အမေရိကန် သမ္မတရွေးကောက်ပွဲအကြို အခြေအနေတွေ၊ ရွေးကောက်ပွဲ ရလဒ်က မြန်မာနိုင်ငံအပေါ် သက်ရောက်လာနိုင်ခြေတွေနဲ့ပတ်သက်ပြီး အမေရိကန်အခြေစိုက် ၁၉၉ဝ ပြည့်နှစ် အမတ်ဟောင်း ဒေါက်တာတင့်ဆွေကို RFA အဖွဲ့သား ဦးသစ်ဆင်းက ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။
2016-07-22
မြန်မာနိုင်ငံရဲ့ပညာရေးစနစ် (အခြေခံပညာကဏ္ဍ) အဆင့်မြှင့်တင်ရေးနဲ့ ပတ်သက်ပြီး ပညာရေးဝန်ကြီးဌာနတာဝန်ရှိသူတွေနဲ့ ပညာရေးအဖွဲ့အစည်းတွေ နေပြည်တော်မှာ ဇူလိုင် ၂၁ ရက်နေ့ မနေ့ကစပြီး ဆွေးနွေးပွဲကျင်းပနေပါတယ်။
2016-07-21
ကချင်ပြည်နယ် မိုင်ဂျာယန်မှာ ကျင်းပမည့် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းတွေရဲ့ မျက်နှာစုံညီအစည်းအဝေးလို့ခေါ်တဲ့ ထိပ်သီးညီလာခံတစ်ရပ် ကျင်းပရတာနဲ့ ပတ်သက်ပြီး ဦးဆောင်ကျင်းပသူတစ်ဦးဖြစ်တဲ့ ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ ခေါင်းဆောင် KIO ဒုဥက္ကဌ ၂ ဖြစ်သူ ဗိုလ်ချုပ် ဂွမ်မော်ကို RFA သတင်းထောက် ဦးအောင်မိုးမြင့် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။
2016-07-21
ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်မှာ ကျွဲနွားပျောက်ဆုံးတာတွေများနေပြီး၊ လယ်ယာလုပ်ငန်းအတွက်ပါ ထိခိုက်နေပြီလို့ ဒေသခံတွေက ပြောကြပါတယ်။ ၂၀၁၀ ကနေ ၂၀၁၅ ခုနှစ်အတွင်း အနည်းဆုံး အကောင်ရေ တစ်ထောင်လောက်ပျောက်ခဲ့တယ်လို့ ပေါက်တောမြို့နယ်က ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်ထွီး က ပြောပါတယ်။ ဒါကြောင့် ဒီကိစ္စကို သက်ဆိုင်ရာက အရေးယူဖြေရှင်းပေးနိုင်အောင် ကြိုးစားဆောင်ရွက်မယ်လို့လည်း ဆိုပါတယ်။
2016-07-21
နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့ အသေးစားနဲ့ အလတ်စား စီးပွားရေးလုပ်ငန်းတွေ ထွန်းကားဖို့လိုပြီး ဒီကဏ္ဍအတွက် ဘဏ်လုပ်ငန်းက ပံ့ပိုးတဲ့အခါ သတိပြုသင့်တဲ့အချက်တွေကို ဒေါ်စမ်းစမ်းတင် က တင်ပြထားပါတယ်။
2016-07-21
မြန်မာနိုင်ငံမှာ ဘာသာအလိုက် ကိုးကွယ်သူ အရေအတွက် ဘယ်လောက် ရှိသလဲ ဆိုတာကို ၂၀၁၄ ခုနှစ်ပြည်လုံးကျွတ်သန်းခေါင်စာရင်းအရ ထုတ်ပြန်ကြေညာလိုက်ပါတယ်။
2016-07-21
နေပြည်တော် အားကစားရွာမှာကျင်းပတဲ့ အခြေခံပညာအဆင့် ပညာရေးမြှင့်တင်ပွဲအခမ်းအနားကို နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက် မိန့်ခွန်းပြောကြားခဲ့ပါတယ်။
2016-07-21
နေပြည်တော် အားကစားရွာမှာ ကျင်းပတဲ့ "အခြေခံ ပညာအဆင့် ပညာရေးမြှင့်တင်ပွဲ" အခမ်းအနား ကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည် တက်ရောက် မိန့်ခွန်းပြောခဲ့ပါတယ်။
2016-07-21
မြန်မာနိုင်ငံမှာ ဘာသာအလိုက် ကိုးကွယ်သူအရေအတွက် လူဦးရေစာရင်းကို ၂ဝ၁၄ ခုနှစ် ပြည်လုံးကျွတ်သန်းခေါင်စာရင်းအရ ထုတ်ပြန်ကြေညာလိုက်ပါတယ်။
2016-07-21
ရန်ကုန်တိုင်းဒေသကြီး အတွင်း အထပ်မြင့်အဆောက်အဦး ၁၂ လုံးကို မူလခွင့်ပြုထားတဲ့ အထပ်အရေအတွက်ထက် လျှော့ချပြီး ဒီဇိုင်းပြန်လည်ရေးဆွဲဖို့ ညွှန်ကြားခဲ့တာကို ပြင်ဆင်ပေးဖို့ ဆောက်လုပ်ရေးလုပ်ငန်းရှင်တွေက တောင်းဆိုလိုက်ပါတယ်။
2016-07-21
ရှမ်းပြည်မြောက်ပိုင်း၊ ပလောင်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ မန်တုံမြို့နယ်က ဒေသခံတွေဟာ TNLA နဲ့ RCSS တပ်တွေအကြား တိုက်ပွဲတွေ ပြန်ဖြစ်လာမှာ စိုးရိမ်တဲ့အတွက် နမ္မတူမြို့၊ ပန်ဟိုက်ရပ်ကွက်က ရွှေမြင်တင်ဘုန်းတော်ကြီးကျောင်းနဲ့ လီဆူဘုရားကျောင်းတွေမှာ ခိုလှုံနေကြပါတယ်။
2016-07-21
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ အထပ်မြင့်အဆောက်အဦ ဆောက်လုပ်ခွင့်ဆိုင်ရာ ညွှန်ကြား ချက်အသစ်ကြောင့် အမေရိကန်ဒေါ်လာ ၅ ဘီလျံကျော် နစ်နာဆုံးရှုံးနေတယ်လို့ ရန်ကုန်မြို့ အခြေစိုက် ဆောက် လုပ်ရေးလုပ်ငန်းရှင်တွေက ပြောပါတယ်။