ရခိုင်ပြည်နယ် နွားသူခိုး သောင်းကျန်း


2016.07.21

ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်မှာ ကျွဲနွားပျောက်ဆုံးတာတွေများနေပြီး၊ လယ်ယာလုပ်ငန်းအတွက်ပါ ထိခိုက်နေပြီလို့ ဒေသခံတွေက ပြောကြပါတယ်။ ၂၀၁၀ ကနေ ၂၀၁၅ ခုနှစ်အတွင်း အနည်းဆုံး အကောင်ရေ တစ်ထောင်လောက်ပျောက်ခဲ့တယ်လို့ ပေါက်တောမြို့နယ်က ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်ထွီး က ပြောပါတယ်။ ဒါကြောင့် ဒီကိစ္စကို သက်ဆိုင်ရာက အရေးယူဖြေရှင်းပေးနိုင်အောင် ကြိုးစားဆောင်ရွက်မယ်လို့လည်း ဆိုပါတယ်။

ဦးအောင်ကျော်ထွီးကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါပြီ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။