ပလောင်ဒုက္ခသည်အရေး တွေ့ဆုံမေးမြန်းချက်
2016.07.21
ရှမ်းပြည်မြောက်ပိုင်း၊ ပလောင်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ မန်တုံမြို့နယ်က ဒေသခံတွေဟာ TNLA နဲ့ RCSS တပ်တွေအကြား တိုက်ပွဲတွေ ပြန်ဖြစ်လာမှာ စိုးရိမ်တဲ့အတွက် နမ္မတူမြို့၊ ပန်ဟိုက်ရပ်ကွက်က ရွှေမြင်တင်ဘုန်းတော်ကြီးကျောင်းနဲ့ လီဆူဘုရားကျောင်းတွေမှာ ခိုလှုံနေကြပါတယ်။ ဒီဒုက္ခသည်တွေရဲ့ အခြေအနေနဲ့ပတ်သက်ပြီး့မန်တုံမြို့နယ်တအာန်း-ပလောင်အမျိုးသားပါတီ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်နန်းမိုကို RFA သတင်းထောက် ကိုကံသာက တွေ့ဆုံမေးမြန်းထားပါတယ်။