သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2017-05-18
နိုင်ငံတော်သမ္မတထံ ပေးပို့ထားတဲ့ ကြိုတင်မမျှော်မှန်းနိုင်တဲ့ သဘာဝဘေး အန္တရာယ်တွေအတွက် ၂ဝ၁၆ ခုနှစ် ၊ ပြည်ထောင်စုရဲ့ ဘဏ္ဍာငွေအရအသုံးပါ ဥပဒေပါ သီးသန့်ရန်ပုံငွေ ကျပ် သန်း တစ်သောင်း တစ်ထောင်သုံးရာကျော် ခွဲဝေသုံးစွဲတဲ့ကိစ္စကို ပြည်ထောင်စု အဆင့် အဖွဲ့အစည်းတွေက ပြည်ထောင်စုလွှတ်တော်မှာ ဒီကနေ့ တင်ပြခဲ့ပါတယ်။
2017-05-18
ဒုတိယအကြိမ် ၂၁ ရာစု ပင်လုံညီလာခံ တက်ရောက်ဖု့ိ့ ကိုယ်စားလှယ် ၉ဝဝ ခန့် ဖိတ်ကြားသွားမှာဖြစ်ပြီး အဲဒီထဲမှာ အပစ် ရပ်လက်မှတ် မထိုးရသေးတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေကို အထူးဖိတ်ကြားခံရသူတွေအဖြစ် ဖိတ်ကြားသွား မှာဖြစ်တယ်လို့ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောပါတယ်။
2017-05-18
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက သူရဦးတင်ဦး ကျန်းမာလာစေဖို့အတွက် ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနဲ့ အမျိုးသားဒီမိုကရေစီအဖွဲွ့ချုပ် အဖွဲ့ဝင်တွေဟာ ဒီကနေ့ ညနေပိုင်းက ရွှေတိဂုံစေတီမှာ ဆုတောင်းပွဲကျင်းပခဲ့ပါတယ်။
2017-05-18
မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီအသွင် ကူးပြောင်းရေးကာလဟာ စတင်ဆဲ ကာလဖြစ်တာကြောင့် ဒီမိုကရေစီ ဖက်ဒ ရယ်ပြည်ထောင်စုကို တည်ဆောက်ဖို့ အခက်အခဲအကျပ်အတည်းကို ကျော်လွှားရဦးမှာဖြစ်ပြီး လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ ပြည်သူတွေအကြား ဒီမိုကရေစီအလေ့အကျင့်တွေ အားကောင်းစေဖို့ ပူးပေါင်း ကူညီဆောင်ရွက်ကြဖို့ ပြည်သူ့လွှတ်တော် ဥက္ကဌ ဦးဝင်းမြင့် က တိုက်တွန်း ပြောလိုက်ပါတယ်။
2017-05-18
စတုတ္ထအကြိမ် ပန်းခမ်းညီလာခံက ဖွဲ့စည်းလိုက်တဲ့ ပြည်ထောင်စု နိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေး ကော်မတီ အဖွဲ့ဝင် ၇ ဖွဲ့ဟာ တဖွဲ့ချင်းစီ မဟုတ်ဘဲ ကော်မတီ အဖြစ် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ - ၂၁ ရာစု ပင်လုံ ဒုတိယအစည်းအဝေးကို တက်ရောက်ဖို့ အသင့်ရှိတဲ့ အကြောင်း ကြေညာချက်တစ်စောင် မနေ့က ထုတ်ပြန် လိုက်ပါတယ်။
2017-05-17
အမေရိကန်ဒေါ်လာ သန်းပေါင်း ၃၈ဝ လောက် အသုံးပြုမယ့် အမျိုးသားအဆင့် HIV/AIDS မဟာဗျူဟာ စီမံကိန်း ၂ဝ၁၆- ၂ဝ၂ဝ မိတ်ဆက်ပွဲအခမ်းအနား ကို နေပြည်တော် Park Royal ဟိုတယ်မှာ ဒီကနေ့ ကျင်းပခဲ့ရာမှာ ကျန်းမာရေးနဲ့ အားကစားဝန် ကြီး ဒေါက်တာမြင့်ထွေး တက်ရောက်ခဲ့ပါတယ်။
2017-05-17
မန္တလေးတိုင်း အမရပူရမြို့နယ်နဲ့ စဉ့်ကိုင်မြို့နယ်မှာ လယ်မြေသိမ်းဆည်းခံထားရတဲ့ တောင်သူတွေ က နှစ်ပေါင်းများစွာက သိမ်းဆည်းခံရတဲ့ လယ်မြေတွေ ပြန်လည်ရရှိဖို့အတွက် ရန်ကုန်မြို့က မြန်မာ ဂျာနယ်လစ်ကွန်ယက် ရုံးခန်းမှာ မေလ ၁၇ရက်နေ့မှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ပြီး တောင်းဆိုလိုက်ပါတယ်။
2017-05-17
ကချင်ပြည်နယ် ဖားကန့် ကျောက်စိမ်းတွင်းတွေအကြောင်း မှတ်တမ်းရုပ်ရှင် ရိုက်ကူးခဲ့တဲ့ Global Witness အဖွဲ့က ဒီကနေ့ မှတ်တမ်းရုပ်ရှင်ပြသဖို့ စီစဉ်ထားပေမယ့် ခွင့်ပြုချက် မရခဲ့ပါဘူး။ အစိုးရက ပြသခွင့် မပေးတာမဟုတ်ဘဲ Park Royal Hotel က သတင်းစာရှင်းလင်းပွဲသာ ပြုလုပ်ခွင့်ပေးခဲ့တာ ဖြစ်ပါတယ်။
2017-05-17
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့နယ်၊ နန်စီဘွန်ဒေ သက ဦးပိုင်ကုမ္ပဏီဝင်းထဲကို ရေမဆေး ကျောက် ရှာဖွေသူ ၇၀၀ ကျော်က ဒီနေ့မနက် ၈ နာရီခန့်က ဝင်ရောက်ပြီး မြေစာပုံကိုရှာဖွေခဲ့ တာကြောင့် လုံ ခြုံရေးရဲတပ်ဖွဲ့တွေနဲ့ ပဋိပက္ခဖြစ်ပွားပြီး ရေမဆေး သမား ၄ ဦး သေဆုံးခဲ့တယ်လို့ ခန္တီးဒေသခံတွေ က ပြောပါတယ်။
2017-05-17
မြန်မာနိုင်ငံမှာ မော်တော်ဆိုင်ကယ် မတော်တဆ မှုတွေကြောင့် တစ်နှစ်ကို လူ ၂ ထောင်ကျော်လောက် အသက်ဆုံးရှုံးနေရပါ တယ်။
2017-05-17
မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်က ကန်ထရိုက်လယ်ယာစနစ် ဆောင်ရွက်မယ်ဆိုပေမယ့် ဒါနဲ့ပတ်သက်တဲ့ ဥပဒေပြဌာန်းထားတာမရှိသေးဘဲ မှန်မှန်ကန်ကန်နဲ့ အောင်မြင်အောင် ဖော်ဆောင်နိုင်ရင် ရှေ့ပြေးဆောင်ရွက် တာကို လက်ခံကြိုဆိုကြမှာမို့ ဘက်စုံထောင့်စုံက သုံးသပ်ဆောင်ရွက်သင့်တဲ့အကြောင်း ဒေါ်စမ်းစမ်းတင် ကတင်ပြထားပါတယ်။
2017-05-17
Global Witness က ရိုက်ကူးထား တဲ့ ကျောက်စိမ်းနဲ့ စစ်ဗိုလ်ချုပ်များ Jade and the Generals ရုပ်ရှင်မှတ်တမ်းကို ရန်ကုန်မြို့က Park Royal ဟိုတယ်မှာ ပြသဖို့ စီစဉ်ခဲ့ပေ မယ့် ပြသခွင့်မရခဲ့ပါဘူး။
2017-05-17
ရခိုင်ပြည်နယ် မြောက်ဦးမြို့ သျှစ်သောင်း ဘုရားမှာထိန်းသိမ်းထားတဲ့ အာနန္ဒစန္ဒြား မင်းကျောက်စာကို ကမ္ဘာ့ရှေးဟောင်းအမွေအနှစ် စာရင်း ဝင်နိုင်ရေးအတွက် သာသနာရေးဝန်ကြီး ဌာန ပြည်ထောင်စု ဝန်ကြီး သူရဦးအောင်ကိုနဲ့ မြောက်ဦးဒေသခံတွေ မြောက်ဦး မြို့မှာ ဒီကနေ့ တွေ့ဆုံဆွေးနွေး ခဲ့ကြပါတယ်။
2017-05-17
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့နယ်၊ နန်စီ ဘွန်ကျောက်စိမ်းလုပ်ကွက်မှာ ဒီကနေ့ မ နက်အစောပိုင်းက ရေမဆေးကျောက်ရှာဖွေ သူတွေနဲ့ လုံခြုံရေးတပ်ဖွဲ့တွေအကြား ပဋိပက္ခဖြစ်ပြီး ပစ် ခတ်မှုရှိခဲ့တာကြောင့် ရေမဆေးကျောက်ရှာဖွေသူ ၄ ဦးသေ ဆုံးပြီး ၁၁ ဦးဒဏ်ရာရခဲ့ပါတယ်။
2017-05-17
The Voice သတင်းစာမှာ"ကျည်ထောင်စု သစ္စာ" သရော်စာ ရေးသားသူ ဗြိတိသျှ ကိုကိုမောင် နဲ့ အယ်ဒီတာချုပ် ဦးကျော်မင်းဆွေတို့ကို တပ် မတော်က ၆၆(ဃ) နဲ့ ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရဲစခန်းမှာ ဒီနေ့ အမှု ဖွင့်လိုက်ပါတယ်။