နမ့်စီဘွန်ဒေသ ရေမဆေးလုပ်သား ပစ်ခတ်ခံရမှု မေးမြန်းချက်


2017.05.17
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့နယ်၊ နန်စီဘွန်ဒေသက ဦးပိုင်ကုမ္ပဏီဝင်းထဲကို ရေမဆေး ကျောက်ရှာဖွေသူ ၇၀၀ ကျော်က ဒီနေ့မနက် ၈ နာရီခန့်ကဝင်ရောက်ပြီး မြေစာပုံကိုရှာဖွေခဲ့ တာကြောင့် လုံခြုံရေးရဲတပ်ဖွဲ့တွေနဲ့ ပဋိပက္ခဖြစ်ပွားပြီး ရေမဆေးသမား ၄ ဦး သေဆုံးခဲ့တယ်လို့ ခန္တီးဒေသခံတွေက ပြောပါတယ်။

အဲဒီဒေသက ကျောက်မျက်လုပ်ကွက်တွေအတွင်း တရားမဝင်ကျူးကျော်နေထိုင်သူတွေအနေနဲ့ အခုလ ၃၀ ရက်နေ့ နောက်ဆုံးထားဖယ်ရှားပေးဖို့ပုဒ်မ ၁၄၃ ကို မြို့နယ် အုပ်ချုပ်ရေးမှူးရုံးက အခုလ ၁၅ ရက်နေ့က ထုတ် ပြန်ထားပြီး ဒီနေ့မနက်မှာ ဦးပိုင်ဝင်းထဲကို ရေမဆေးသမားတွေက ဝင်ရောက်တာကြောင့် ရဲတပ်ဖွဲ့တွေ ဘက် က ပစ်ခတ်မှုတွေရှိခဲ့တယ်လို့ ခန္တီးမြို့ခံ ကိုအောင်ဆန်းမြင့် က ပြောပါတယ်။

ခန္တီးမြို့ခံ ကိုအောင်ဆန်းမြင့် ကို RFA သတင်းထောက် မဝေမာထွန်း ကဆက်သွယ်မေးမြန်း ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။