သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2021-04-20
မွန်ပြည်နယ် ပေါင်မြို့နယ် အရှေ့ဘက်ခြမ်းက ကျေးရွာတွေမှာ ဧပြီလ ၂၀ ရက်နေ့က စစ်အာဏာဆန့်ကျင်ရေး ရွာထဲလှည့်လည်ဆန္ဒပြနေတာပါ။
2021-04-20
မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ မြရည်နန္ဒာအိမ်ရာအနီးက အမှိုက်ပုံမှာ ဧပြီ ၂၀ ရက်၊ ဒီနေ့မနက် ၆ နာရီ လောက်က ကားအဖြူနဲ့ အမျိုးသားအလောင်းတစ်လောင်း လာပစ်သွားတယ်လို့ သိရပါတယ်။
2021-04-19
စစ်ကောင်စီတပ်တွေရဲ့ မတရား သတ်ဖြတ် ဖမ်းဆီး နှိပ်စက်ခံရတဲ့ အမျိုးသမီးတွေ နဲ့ ကလေးသူငယ်တွေအတွက် ကမ္ဘာ့ကုလသမဂ္ဂ၊ အာဆီယံနဲ့ သက်ဆိုင်ရာအဖွဲ့အစည်းတွေကို တရားဝင်တိုင်ကြားဆောင်ရွက်ဖို့ စီစဉ်နေပြီလို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ အမျိုးသမီး၊ လူငယ်နဲ့ ကလေးသူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နော်စူစန်နာ လှလှစိုးက ပြောပါတယ်။
2021-04-19
အမှတ် ၉၉ ခြေလျင်တပ်မဌာနချုပ်က ဦးစီးအရာရှိ (ဒုတိယတန်း- စစ်ရေးစစ်ထောက်) ဗိုလ်မှူး ဟိန်းသော်ဦး ဟာ အာဏာသိမ်းစစ်ကောင်စီကို ဆန့်ကျင်ဖီဆန်ပြီး ပြည်သူတွေနဲ့ပူးပေါင်းဖို့အတွက် မူဆယ်-လားရှိုးလမ်း နမ့်ဖက်ကာ ဒေသကနေ မြန်မာပြည်မြောက်ပိုင်းတနေရာကို ဒီရက်ပိုင်းအတွင်း ရောက်ရှိလာခဲ့ပါတယ်။
2021-04-19
စစ်အာဏာသိမ်းပြီး လူတွေအများအပြားသေဆုံးအောင် အကြမ်းဖက်သတ်ဖြတ် ဖြိုခွဲနေတာတွေကို ရပ်တန့်စေဖို့ ကုလသမဂ္ဂနဲ့ အာဆီယံနိုင်ငံတွေက မြန်မြန် ဆန်ဆန်နဲ့ အားကောင်းတဲ့ဆောင်ရွက်မှုတွေ လုပ်ကြဖို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း မစ္စတာ ဘန်ကီမွန်းက တိုက်တွန်းလိုက်တဲ့အကြောင်း AP သတင်းမှာ မနေ့က ဖော်ပြထားပါတယ်။
2021-04-19
စစ်အာဏာသိမ်းပြီးနောက်ပိုင်းဖြစ်လာတဲ့ မြန်မာနိုင်ငံက လူအသေအပျောက် များနေတဲ့ အကျပ်အတည်းကို ငြိမ်းငြိမ်းချမ်းချမ်း အဖြေရှာနိုင်ဖို့ အာရှနိုင်ငံက ခေါင်းဆောင်တွေ အထူးကြိုးစားပေးကြဖို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် António Guterres က မနေ့ကပဲ တိုက်တွန်းလိုက်တယ်လို့ ကုလသမဂ္ဂရဲ့ သတင်းစဉ်မှာ ဖော်ပြထားပါတယ်။
2021-04-19
ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းမှုနဲ့ဆက်စပ်ပြီး လူပုဂ္ဂိုလ် ၁၀ ယောက်၊ စစ်တပ်ပိုင် မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက် (MEHL) နဲ့ မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်းလီမိတက်တို့ကို ပိတ်ဆို့ဒဏ်ခတ် အရေးယူ လိုက်တယ်လို့ ဥရောပသမဂ္ဂကောင်စီက မနေ့က ကြေညာလိုက်ပါတယ်။
2021-04-19
စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်သူတွေကို စစ်ကောင်စီ လက်အောက်ခံ တပ်တွေက ပစ်ခတ် သတ်ဖြတ် ဖမ်းဆီးရုံတင်မက ငွေညစ် တောင်းရမ်းတာ၊ ပိုင်ဆိုင်မှုတွေကို သိမ်းယူတာတွေပါ လုပ်လာကြပါတယ်။
2021-04-19
"ကျွန်တော်တို့နိုင်ငံမှာ အရေးအကြီးဆုံးလူနာကိုပြောပါဆိုရင် နိုင်ငံတော် ကိုယ်တိုင်က အရေးကြီးလူနာ၊ အရေးပေါ်လူနာပဲဗျာ့၊ ဒါကြောင့်ဆရာဝန်တွေ ကျန်းမာရေးဝန်ထမ်းတွေ အားလုံးပေါင်းပြီး အကြမ်းဖက် အာဏာသိမ်း စစ်ကောင်စီကို ဆန့်ကျင်နေကြတာဖြစ်တယ်"
2021-04-19
စစ်တပ်နဲ့ရဲတပ်ဖွဲ့ဝင်တွေ အကြမ်းဖက်ဖြိုခွင်း ဖမ်းဆီးမှုတွေကြောင့် ဧပြီလ ၁၈ ရက် မနေ့ နေ့လယ်ပိုင်းကနေ ဧပြီလ ၁၉ ရက် ဒီနေ့ထိ ၂၄ နာရီလောက်အတွင်း RFA က အတည်ပြုလို့ရသမျှ တစ်နိုင်ငံလုံးမှာ သေဆုံးသူ တစ်ယောက်နဲ့ အဖမ်းခံရတဲ့သူ အယောက် ၃၀ ကျော်ရှိခဲ့ပြီး မီးရှို့ခံရတဲ့ ဖြစ်ရပ်တွေလည်းရှိခဲ့ပါတယ်။
2021-04-19
မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်မှာ စစ်အာဏာရှင်ဆန့်ကျင်ရေးအတွက် ဧပြီ ၁၉ ရက်၊ ဒီနေ့ မွန်းလွဲ ၂ နာရီခွဲအချိန်မှာ ဆန္ဒပြကြွေးကြော်ခဲ့ကြတာ ဖြစ်ပါတယ်။
2021-04-19
ဧပြီလ ၁၆ ရက်နေ့ကမှ ဖွဲ့စည်းလိုက်တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကို ပြည်ပမှာ နိုင်ငံတကာ အသိအမှတ်ပြုအောင် လုပ်သွားမှာဖြစ်သလို၊ ပြည်တွင်း မှာလည်း ပြည်သူလူထုနဲ့ ပူးပေါင်းပြီး စစ်ကောင်စီ အုပ်ချုပ်လို့မရအောင် လုပ်ဆောင်သွားမယ်လို့ NUG ပြည်ထဲရေးဝန်ကြီး ဦးလွင်ကိုလတ် က ပြောလိုက်ပါတယ်။
2021-04-19
မန္တလေးတိုင်း၊ မြင်းခြံမြို့၊ အမှတ် (၃)၊ အမှတ် (၄)၊ အေးကျင်းရပ်ကွက်က စစ်အာဏာရှင်ဆန့်ကျင်နေတဲ့ မြို့ခံတွေရဲ့ ခံတပ်ကို ဧပြီ ၁၉ ရက်၊ နေ့လယ်မှာ စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေ လာရောက်ဖြိုခွင်းခဲ့ပြီး နေအိမ်တစ်လုံးနဲ့ ဆိုင်ကယ်တွေ မီးလောင်ပျက်စီးခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။
2021-04-19
ကချင်ပြည်နယ် မိုးညှင်းမြို့မှာ ဧပြီ ၁၉ ရက်၊ ဒီနေ့ မနက်ပိုင်း (၉) နာရီခွဲလောက်က စစ်ကောင်စီကို အလိုမရှိကြောင်း သပိတ်စစ်ကြောင်းမှာပါဝင်သူ လူငယ်နှစ်ဦး ဖမ်းဆီးခံခဲ့ရတယ်လို့ သပိတ်စစ်ကြောင်းမှာ ပါဝင်သူတွေက ပြောပါတယ်။
2021-04-19
ကချင်ပြည်နယ်၊ ဖားကန့်မြို့မှာရှိတဲ့ တပ်မ (၃၃) ရဲ့ ဗျူဟာကုန်းမှာ ဧပြီ ၁၈ ရက်၊ မနေ့ည ၈ နာရီ အချိန်လောက် ကစပြီး တပ်မတော်နဲ့ ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) တို့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ အနီးမှာနေထိုင်တဲ့ ဒေသခံတွေက ပြောပါတယ်။