သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2023-03-18
NUG သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော်က တော်လှန်ရေးအင်အားစုတွေနဲ့ ပြည်သူတွေကို ယူကရိန်းကို အကူအညီပေးသလို အလုံးအရင်းနဲ့ ပေးဖို့ တောင်းဆိုပါတယ်။
2023-03-18
ကုလသမဂ္ဂဟာ မြန်မာစစ်ခေါင်းဆောင်တွေရဲ့ ဖိအားပေးမှုအပေါ်မှာ အလျော့ပေးလိုက်တာ ဖြစ်တဲ့အကြောင်း လန်ဒန်အခြေစိုက် မြန်မာ့အရေးလှုပ်ရှားမှုအဖွဲ့ (Myanmar Accountability Project) က ပြောပါတယ်။
2023-03-18
မြန်မာနိုင်ငံမှာ အကြမ်းဖက်တိုက်ခိုက်မှုတွေရပ်တန့်ပြီး ငြိမ်းချမ်းရေးအတွက် တွေ့ဆုံဆွေးနွေးကြဖို့ ကုလသမဂ္ဂဆိုင်ရာ ဗီယက်နမ် သံအမတ်က တိုက်တွန်းလိုက်ပါတယ်။
2023-03-18
သာကေတ အမှတ် (၂) ရဲစခန်းအနီးမှာ မတ်လ ၁၇ ရက်က ရဲတပ်ကြပ်နှစ်ဦးနဲ့ ရဲတပ်သားသစ်တစ်ဦးတို့ သေနတ်နဲ့ ပစ်ခတ်ခံရပြီး နှစ်ဦးသေဆုံးကာ တစ်ဦးက ဒဏ်ရာပြင်းထန်ထန် ရခဲ့ပါတယ်။
2023-03-18
စစ်ကိုင်းမြို့နယ်အတွင်း စစ်ကောင်စီတပ် နယ်မြေရှင်းလင်းရေးလုပ်ခဲ့ပြီး ဘုန်းကြီးတစ်ပါးနဲ့ အမျိုးသမီးတစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေ ပြောပါတယ်။
2023-03-18
ခင်ဦးမြို့နယ်မှာ မတ်လ ၁၇ ရက်နေ့က စစ်ကောင်စီတပ် နယ်မြေရှင်းလင်းရေးလုပ်ခဲ့တဲ့အတွက် ရွာရှစ်ရွာက အရပ်သားတစ်သောင်းနီးပါး ထွက်ပြေးနေရပါတယ်။
2023-03-18
မတ္တရာမြို့နယ်မှာ ငါးရက်အတွင်း စစ်ကောင်စီတပ်က ရွာကိုးရွာကို မီးရှို့ဖျက်ဆီးခဲ့ပြီး ဒေသခံတစ်သောင်းကျော် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ပြောပါတယ်။
2023-03-18
ကျောက်ကြီး မုန်းမြို့နယ်ရှိ ကျေးရွာတွေကို စစ်ကောင်စီတပ်က မတ်လ ၁၇ ရက်မှာ လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် အရပ်သား ၁၁၆၂ ဦး အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရပါတယ်။
2023-03-17
စစ်ကောင်စီဟာ စစ်ရာဇဝတ်မှုတွေကျူးလွန်နေလည်း လေယာဉ်လောင်စာဆီတွေ ဆက်လက်ဖြန့်ဖြူးနေတဲ့ ကုမ္ပဏီတွေရှိနေတာ ထပ်တောင်တွေ့ရတယ်လို့ နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့(AI)၊ ဗြိတိန်အခြေစိုက် Global Witness နဲ့ Burma Campaign UK တို့က ပြောကြားပါတယ်။
2023-03-17
ရခိုင်ပြည်နယ်ရဲ့ လက်ရှိအခြေအနေဟာ ဒုက္ခသည်တွေ စိတ်ချလက်ချနဲ့ ရေရှည်ပြန်နေလို့ရတဲ့ အနေအထားမဟုတ်သေးဘူးလို့လည်း စတီဗင်ဒူဂျာရက်က ဒီကနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုလိုက်ပါတယ်။
2023-03-17
ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းဒေသ နန်းနိမ့်ရွာက လူသတ်မှုနဲ့ပတ်သက်လို့ အဲဒီဒေသရဲ့ ဌာနတိုင်းရင်းသားတွေဖြစ်တဲ့ ပအိုဝ်း၊ အင်းသားနဲ့ ကရင်နီတို့ ဆွေးနွေးမှာ ဖြစ်ပါတယ်။
2023-03-17
ဘင်္ဂလားဒေ့ရှ်ရောက်နေတဲ့ ရိုဟင်ဂျာဒုက္ခသည် ငါးသိန်းကျော်ပဲရှိတယ်လို့ စစ်ကောင်စီ နိုင်ငံခြားရေး တာဝန်ရှိသူတစ်ဦးက ဒီကနေ့ထုတ် မြန်မာ့အလင်းသတင်းစာနဲ့ မေးမြန်းခန်းမှာ ပြောဆိုထားပါတယ်။
2023-03-17
အာဏာသိမ်းပြီးနောက် ကချင်ပြည်နယ်မှာ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားတာတွေ များလာသလို မူးယစ်ဆေးစွဲတဲ့ အမျိုးသမီးတွေလည်း များလာပါတယ်။
2023-03-17
ဆမီးမြို့ရှိ စစ်ဘေးဒုက္ခသည် တစ်ထောင်ကျော်ကို နေရပ်ပြန်ဖို့ စစ်ကောင်စီက ပြောဆိုခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။
2023-03-17
စစ်တွေမြို့မှ မိန်းကလေးတစ်ဦး နေအိမ်ကပျောက်ဆုံးသွားပြီးနောက် ရိုက်နှက်ခံရလို့ သေဆုံးသွားတယ်လို့ RFA ကို ပြောပါတယ်။