သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2018-04-19
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဖိတ်ခေါ်နေတဲ့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ် NCA လမ်းကြောင်းအတိုင်းသွားမှသာ ငြိမ်းချမ်းရေးရဖို့ လမ်းစမြင်ကြောင်း ကချင်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ ခက်အောင်က ပြောပါတယ်။
2018-04-19
ကချင်ပြည်နယ် တနိုင်း-ဟူးကောင်းဒေသမှာ တပ်မတော်နဲ့ ကေအိုင်အေတို့ရဲ့ တိုက်ပွဲတွေကြောင့် ဘေးလွတ်ရာကို ထွက်ပြေးနေရသူတွေ မူလရပ်ရွာတွေမှာ ပြန်လည်နေထိုင်လို့ရပြီဖြစ်ကြောင်း ကချင်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ ခက်အောင်က ပြောပါတယ်။
2018-04-19
ရှမ်းပြည်နယ်တောင်ပိုင်း ပင်းတယမြို့နယ်နဲ့ ကလောမြို့နယ်အတွင်းမှာရှိတဲ့ ကျေးရွာ ၃ ရွာက အိမ်ခြေ ၃ဝဝ လောက်မှာ ရေရှားပါးပြတ်လပ်သွားတာကြောင့် အရပ်ဘက် လူမှုအထောက်အကူပြု အဖွဲ့အစည်းတွေက သောက်ရေသုံးရေးအတွက် အကူညီပေးနေရပါတယ်။
2018-04-19
ကချင်ပြည်နယ် စည်ပင်သာယာရေးအဖွဲ့မှာ လေလံလိုင်စင်အောင်ပြီး ငွေကောက်နေတဲ့ မြို့ဝင်ဘီးခွန်ဂိတ် ၁၉ ခုကို ပြည်နယ်အစိုးရအဖွဲ့က ဒီကနေ့စပြီး ဘီးခွန် မကောက်ခံဖို့ ညွှန်ကြားလိုက်ပါတယ်။
2018-04-19
ထိုင်းနိုင်ငံ ရနောင်းမြို့မှာ ထိုင်းကျောင်းသူတစ်ယောက်ကို သတ်တယ်ဆိုပြီး တရားစွဲဖမ်းခံထား ရတဲ့ မြန်မာအလုပ်သမား ၄ ယောက်ကို ရနောင်းမြို့တရားရုံးက ထောင်ဒဏ်နဲ့ ငွေဒဏ်တွေ ချမှတ်လိုက်ပါတယ်။
2018-04-19
နိုင်ငံသားစိစစ်မှ သက်သေခံကတ်ပြား NVC (National Verification Card) ကိုင်ဆောင်ထားသူ အားလုံး တစ်နိုင်ငံလုံးမှာ လွတ်လပ်စွာသွားလာခွင့် ရနေပြီဖြစ်ကြောင်း အဲဒီအတွက် လူဝင်မှု ကြီးကြပ်ရေး ပုံစံ ၄ ကို ဖြည့်ရမယ်လို့ လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီးက ပြောပါတယ်။
2018-04-19
ကျန်းမာရေးဝန်ကြီးဌာနရဲ့ ဆေးဝါးဝယ်ယူဖြန့်ဖြူရေး ညှိနှိုင်းအစည်းအဝေးကို နေပြည်တော်မှာ ဧပြီလ ၁၈ ရက်နေ့က ကျင်းပခဲ့ရာမှာ ကျန်းမာရေးဝန်ကြီး ဒေါက်တာမြင့်ထွေး တက်ရောက်ခဲ့ပါတယ်။
2018-04-18
ကုလသမဂ္ဂ ထိပ်တန်းအရာရှိတဦးက နိုင်ငံတကာအသိုင်းအဝန်းအနေနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံရောက် ရိုဟင်ဂျာတွေအတွက်သာ အာရုံစိုက်မနေကြဘဲ ရခိုင်ပြည်နယ်မှာ လက်ရှိနေထိုင်လျှက်ရှိတဲ့ ကျန် ရိုဟင်ဂျာ မွတ်စလင် ၄ သိန်းခန့်ရဲ့ ဒုက္ခဆင်းရဲတွေကိုလည်း မမေ့ကြပါနဲ့လို့ မနေ့က ပြောကြား လိုက်ပါတယ်။
2018-04-18
နိုင်ငံတကာ ယဉ်ကျေးမှုနဲ့ လူ့အခွင့်အရေးအဖွဲ့ Pen ရဲ့ မြန်မာပြည်ဆိုင်ရာဌာနခွဲက ဧပြီလ ၁၈ ရက်နေ့စွဲနဲ့ ကြေညာချက်တစောင် မနေ့က ထုတ်ပြန်ပြီး နိုင်ငံတော်သမ္မတရဲ့ လွတ်ငြိမ်းချမ်းသာခွင့် အမိန့်ကို ကြိုဆိုလိုက်ပါတယ်။
2018-04-18
အမေရိကန်ဒေါ်လာ ၄၈၄ သန်းကုန်ကျမယ့် ကုလားတန်ဘက်စုံစီမံချက်ရဲ့ တစိတ်တပိုင်းအနေ နဲ့ မြန်မာနယ်စပ် မီဇိုရမ်ပြည်နယ် Zorinpui နဲ့ ချင်းပြည်နယ် ပလက်ဝကို ဆက်သွယ်မယ့် ၁၀၉ ကီလိုမီတာရှိတဲ့လမ်းကို အိန္ဒိယက စတင်ဖောက်လုပ်နိုင်သွားပါပြီ။
2018-04-18
ကချင်ပြည်နယ် တနိုင်းမြို့နယ် အောင်လော့ကျေးရွာမှာ တပ်မတော်နဲ့ ကေအိုင်အေတို့ တိုက်ပွဲတွေဖြစ်ပွားမှုကြောင့် ပိတ်မိနေတဲ့ ဒေသခံ ၂၀၀၀ ကျော်ကို အမြန်ဆုံးလွတ်မြောက်အောင် ဆောင်ရွက်ပေးဖို့ ကချင်ပြည်နယ် ဝန်ကြီးချုပ်ကို ကချင်ပြည်နယ် အမျိုးသမီးများကွန်ရက်အဖွဲ့က မနေ့က စာပေးပို့ တောင်းဆိုလိုက်ပါတယ်။
2018-04-18
ရိုဟင်ဂျာ မွတ်စလင်တွေကို သူတို့အိမ်တွေကနေ စွန့်ခွာထွက်ပြေးစေဖို့အတွက် လိင်အကြမ်းဖက်မှုကို နည်းဗျူဟာတစ်ရပ်အနေနဲ့ အသုံးပြုခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေပါဝင်တဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ တင်သွင်းခဲ့တဲ့ အစီရင်ခံစာဟာ အထောက်အထား မခိုင်လုံတဲ့ စွပ်စွဲပြောကြားချက်တွေအပေါ်မှာ အခြေခံပြီး ဖြစ်လာတာလို့ သမ္မတရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေး က ပြောပါတယ်။
2018-04-18
စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ် ရွှေပြည်အေးမြို့သစ်မှာ နှစ်ဆန်းတစ်ရက်နေ့ မနေ့က ညီအစ်ကိုနှစ်ယောက်ကို ရွှေပြည်အေးရဲတပ်ဖွဲ့ ဒုတပ်ကြပ်တစ်ဦးက သေနတ်နဲ့ ပစ်ခတ်ခဲ့တဲ့အတွက် အဲဒီအရပ်သားနှစ်ဦးဟာ ဦးခေါင်းထိမှန်ဒဏ်ရာနဲ့ သေဆုံးခဲ့ပါတယ်။
2018-04-18
ရိုဟင်ဂျာ အသိုင်းအဝိုင်းအပေါ် အကြမ်းဖက် မှုတွေကို မဟာဗျူဟာချ ကျူးလွန်ခဲ့တယ်ဆိုပြီး မြန်မာ့တပ်မတော်ကို ကုလသမဂ္ဂက နာမည်ပျက် စာရင်းထဲမှာ ထည့်သွင်းလိုက်တဲ့အပေါ် စိတ်မကောင်းဖြစ်ရကြောင်းနဲ့ ကုလသမဂ္ဂရဲ့ လုပ်ကိုင်ဆောင်ရွက်မှုတွေဟာ သံသယရှိ စရာဖြစ်နေကြောင်း လူ့အခွင့်အရေးလှုပ်ရှား သူတွေက ထောက်ပြနေကြပါတယ်။
2018-04-18
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ဗီယက်နမ်နိုင်ငံကို ၂ ၇က်ကြာခရီးစဉ်အဖြစ် မနက်ဖြန်သွားရောက်မှာ ဖြစ်ပါတယ်၊ ရခိုင်ပြည်နယ် ပြဿနာကြောင့် ဥရောပနဲ့ အနောက်နိုင်ငံကြီးတွေရဲ့ ရင်းနှီးမြှုပ်နှံမှု နည်းပါးးလာတဲ့အချိန် အရှေတောင်အာရှနိုင်ငံတွေရဲ့ ရင်းနှီးမြုပ်နှံမှုတွေ ပိုပြီးရရှိဖို့အတွှွက် ဒီခရီးစဉ်အတွင်း ဗီယက်နမ်အစိုးရနဲ့ စီးပွားရေးကဏ္ဍကို အလေးထားဆွေးနွေးနိုင်တယ်လို့ သုံးသပ်ကြပါတယ်။