ကုလအစီရင်ခံစာ မြန်မာအစိုးရ တုံ့ပြန်


2018.04.18

ရိုဟင်ဂျာ မွတ်စလင်တွေကို သူတို့အိမ်တွေကနေ စွန့်ခွာထွက်ပြေးစေဖို့အတွက် လိင်အကြမ်းဖက်မှုကို နည်းဗျူဟာတစ်ရပ်အနေနဲ့ အသုံးပြုခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေပါဝင်တဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ တင်သွင်းခဲ့တဲ့ အစီရင်ခံစာဟာ အထောက်အထား မခိုင်လုံတဲ့ စွပ်စွဲပြောကြားချက်တွေအပေါ်မှာ အခြေခံပြီး ဖြစ်လာတာလို့ သမ္မတရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေး က ပြောပါတယ်။ ကုလသမဂ္ဂ လုံခြုံရေးကောင်စီကို တင်ပြတဲ့ အစီရင်ခံစာမှာ မြန်မာ့တပ်မတော်ဟာ ရိုဟင်ဂျာ မွတ်စလင်အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေရှိတယ်ဆိုပြီး နာမည်ပျက်စာရင်းထဲ ထည့်သွင်းထားတာ ဖြစ်ပါတယ်။

သမ္မတရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးကို RFA သတင်းထောက် မသီရိမင်းဇင် က ဆက်သွယ်မေးမြန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။