သမ္မတရဲ့ လွတ်ငြိမ်းခွင့်ကို Pen Myanmar ကြိုဆို


2018.04.18
amnesty-prisoners-mdy-622.JPG သမ္မတရဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ မန္တလေးထောင်ကနေ လွတ်မြောက်လာသူတွေကို ၂၀၁၈ ခုနှစ် ဧပြီလ ၁၇ ရက်နေ့ ကတွေ့ရစဉ်
Photo: Khaymani Win/RFA

နိုင်ငံတကာ ယဉ်ကျေးမှုနဲ့ လူ့အခွင့်အရေးအဖွဲ့ Pen ရဲ့ မြန်မာပြည်ဆိုင်ရာဌာနခွဲက ဧပြီလ ၁၈ ရက်နေ့စွဲနဲ့ ကြေညာချက် တစောင် မနေ့က ထုတ်ပြန်ပြီး နိုင်ငံတော်သမ္မတရဲ့ လွတ်ငြိမ်းချမ်းသာခွင့်အမိန့်ကို ကြိုဆိုလိုက်ပါတယ်။

အဲဒီ Pen Myanmar ရဲ့ကြေညာချက်မှာ ခေတ်အဆက်ဆက် အစိုးရတွေက နိုင်ငံရေးအကျဉ်းသားတွေကို  လွတ်ပေးရာမှာ လွတ်ငြိမ်းချမ်းသာခွင့် အပြည့်အဝမပေးဘဲ ဆိုင်းငံ့ပြစ်ဒဏ်တွေအဖြစ် သတ်မှတ်ပြီး လွှတ်ပေးခဲ့တာဖြစ်ကြောင်းနဲ့ လက်ရှိ သမ္မတ ဦးဝင်းမြင့်က ဧပြီလ ၁၇ ရက်နေ့က ထုတ်ပြန်ခဲ့တဲ့ လွတ်ငြိမ်းချမ်းသာခွင့် အမိန့်မှာတော့ အဲဒီလို ဆိုင်းငံ့ပြစ်ဒဏ်ချမှတ်တဲ့ ပုဒ်မ ၄ဝ၁  ပါ သတ်မှတ်ချက်တွေကို ပယ်ဖျက်ပေးလိုက်တဲ့အတွက် Pen Myanmar အဖွဲ့က ကျေးဇူးအထူးတင်ရှိကြောင်း ဖေါ်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။