ဟုမ္မလင်းမှာ ညီအစ်ကိုနှစ်ယောက် ပစ်သတ်ခံရတဲ့အကြောင်း မေးမြန်းချက်


2018.04.18

စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ် ရွှေပြည်အေးမြို့သစ်မှာ နှစ်ဆန်းတစ်ရက်နေ့ မနေ့က ညီအစ်ကိုနှစ်ယောက်ကို ရွှေပြည်အေးရဲတပ်ဖွဲ့ ဒုတပ်ကြပ်တစ်ဦးက သေနတ်နဲ့ ပစ်ခတ်ခဲ့တဲ့အတွက် အဲဒီအရပ်သားနှစ်ဦးဟာ ဦးခေါင်းထိမှန်ဒဏ်ရာနဲ့ သေဆုံးခဲ့ပါတယ်။

ဥပဒေကြောင်းအရ သေဆုံးသူဘက် အပါအဝင် ရဲတပ်ဖွဲ့ဝင်အတွက်ပါ အမှန်တရားဖြစ်စေဖို့ ဆက်လက်လုပ်ဆောင်သွားမယ်လို့ စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ်က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမျိုးညွန့်က ပြောပါတယ်။

ဟုမ္မလင်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမျိုးညွန့်ကို RFA သတင်းထောက် ကိုအောင်သိင်္ခက ဆက်သွယ်မေးမြန်းထားပါတယ်။

 

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။