သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2021-01-12
တပ်မတော်၊ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီနဲ့ ပါတီတချို့က တောင်းဆိုခဲ့သလို လွတ်တော်အထူးအစည်းအဝေး ခေါ်ယူပေးရန် အစီအစဉ်မရှိဘူးလို့ ပြည်ထောင်စုလွှတ်တော်ရုံးက မနေ့က ထုတ်ပြန်ပြောကြားခဲ့တာနဲ့ စပ်လျဉ်းပြီး ဝေဖန်ပြောကြားချက်တချို့ကို တင်ပြထားပါတယ်။
2021-01-12
တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တွေ အပါအဝင် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီနဲ့ ပါတီတချို့က ကိုယ်စားလှယ်တွေ တောင်းဆိုထားသလို လွှတ်တော်အထူးအစည်း အဝေးတစ်ရပ် ခေါ်ယူပေးဖို့ အစီအစဉ်မရှိဘူးလို့ ပြည်ထောင်စုလွှတ်တော်က ဒီကနေ့ ထုတ်ပြန်ပါတယ်။
2021-01-12
တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိနဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ ဒီကနေ့ တစ်နာရီကြာ တွေ့ဆုံဆွေးနွေးမှုအတွင်း ရခိုင်ဒေသငြိမ်းချမ်းရေးကိစ္စကို အဓိကထားဆွေးနွေးခဲ့ကြပါတယ်။
2021-01-12
ရခိုင်ပြည်နယ်ကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် နေရပ်စွန့်ခွာ ထွက်ပြေးသွားတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ အရေးကိစ္စကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိတို့ နေပြည်တော်မှာ ဒီကနေ့ တွေ့ဆုံစဉ်မှာ ဆွေးနွေးခဲ့ကြပါတယ်။
2021-01-12
တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဝမ်ယိ မြန်မာနိုင်ငံခရီးစဉ် မတိုင်ခင် တစ်ရက် အလိုမှာမန္တလေး- ကျောက်ဖြူ ရထားလမ်းစီမံကိန်းရဲ့ နားလည်မှု စာချွန်လွှာကို မြန်မာနိုင်ငံဘက်က ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးဝန်ကြီးဌာနနဲ့ တရုတ်နိုင်ငံကုမ္ပဏီ China Railway Eryuan Engineering Group တို့ လက်မှတ်ရေး ထိုးခဲ့ကြပါ။
2021-01-12
နယ်ခြားစောင့်တပ်ဖွဲ့ BGF ခေါင်းဆောင်တွေ စီးပွားရေးလုပ်ချင်တယ်ဆိုရင် တပ်ကနေ နုတ်ထွက်ပြီး အရပ်ဝတ်နဲ့ တရားဝင် လုပ်ကိုင်ဖို့ တပ်မတော်က ဒီလထဲမှာပဲ သတိပေးထားပါတယ်။
2021-01-12
ရခိုင်ပြည်နယ်က တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးနေကြရတဲ့ ဒေသခံတွေ လုံလုံခြုံခြုံနဲ့ နေရပ်ပြန်နိုင်ရေး ပြည်နယ်အစိုးရက ထိရောက်တဲ့အကူအညီတွေ ပေးဖို့တိုက်တွန်းကြောင်းအဆိုကို ဒီနေ့ကျင်းပတဲ့ ရခိုင်ပြည်နယ်လွှတ်တော် အစည်းအဝေးမှာ တင်သွင်းခဲ့ပါတယ်။
2021-01-12
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီရဲ့ ကယားပြည်နယ်ခရီးစဉ်မှာ ဒေသခံပါတီတွေဖြစ်တဲ့ ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီနဲ့ ကယန်းအမျိုးသားပါတီကို တွေ့ဆုံမယ့် နေရာညှိနှိုင်းမှု မပြေလည်တာကြောင့် တွေ့ဆုံပွဲ ပျက်သွားပါတယ်။
2021-01-12
နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၁၂၄ (က) နဲ့ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ဦးဝီရသူကို ရုံးတင်စစ်ဆေးမှု မရှိတဲ့အတွက် ရုံးထုတ်ပေးဖို့ အမျိုးသားရေး တက်ကြွလှုပ်ရှားသူတွေက ဇန်နဝါရီလ ၁၂ ရက် ဒီနေ့ မနက်ပိုင်းမှာ အနောက်ပိုင်းခရိုင် တရားရုံးရှေ့မှာ လာရောက်တောင်းဆိုခဲ့ကြပါတယ်။
2021-01-11
တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိနဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ မနေ့က တွေ့ဆုံရာမှာ မြန်မာ-တရုတ် စီးပွားရေးစင်္ကြန်စီမံကိန်း၊ နှစ်နိုင်ငံနယ်စပ်တည်ငြိမ်ရေး၊ ငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး ကိစ္စတွေကို ဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။
2021-01-11
တိုင်းရင်းသားပါတီတွေက ရွေးကောက်ပွဲ အနိုင်ရ ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ ဖွဲ့စည်းထားတဲ့ NLD ကိုယ်စားလှယ်အဖွဲ့ဟာ ကယားပြည်နယ်က ဒေသခံပါတီတွေနဲ့ တွေ့ဆုံဖို့ ကယားပြည်နယ် လွိုင်ကော်မြို့ကို ရောက်နေကြပါပြီ။ မနက်ဖြန် တွေ့ဆုံပွဲလုပ်ဖို့ စီစဉ်ထားပေမယ့် ကာယကံရှင် တိုင်းရင်းသားပါတီတွေ ဒီကနေ့ညအထိ ဖိတ်ကြားမခံရသေးပါဘူး။
2021-01-11
နိုဝင်ဘာလ ၈ ရက်နေ့ရွေးကောက်ပွဲ အနိုင်ရ လွှတ်တော်ကိုယ်စားလှယ် အသစ်တွေ ပါဝင်မယ့် လွှတ်တော်အသစ် ပြန်မစခင် လွှတ်တော်ဟောင်းကို နောက်ဆုံးတစ်ကြိမ် ပြန်ခေါ်ပေးဖို့ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တွေက ဒီကနေ့ တောင်းဆိုလိုက်ပါတယ်။
2021-01-11
ထိုင်းနိုင်ငံ စမွတ်ဆာခွန်ခရိုင် ပုစွန်ဈေးမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး တွေ့လို့ဆိုပြီး သီးခြားစောင့်ကြည့်ရေးဌာနကို ပြီးခဲ့တဲ့ သီတင်းပတ်က ပို့ထားတဲ့ မြန်မာအလုပ်သမား အယောက် ၇၀၀ ကို ရောဂါ မရှိတော့ဘူးဆိုပြီး ပြန်ပို့လိုက်ပါပြီ။ ပိုးမတွေ့လို့ ပြန်ပို့တယ်ဆိုပေမယ့် အလုပ်ဆက်လုပ်ဖို့ ဆိုရင် ပိုးကင်းရှင်းကြောင်း လက်မှတ်ပြရမယ်လို့ သတ်မှတ်ထားတဲ့အတွက် အလုပ်သမားတွေ အခက်အခဲဖြစ်နေပါတယ်။
2021-01-11
ချင်းပြည်နယ် မြောက်ပိုင်း၊ တီးတိန်မြို့နယ်၊ တွီးထန်ကျေးရွာမှာ ကိုဗစ်ရောဂါပိုး ကူးစက်ပြန့်ပွားတာကို မထိန်းချုပ်နိုင်သေးလို့ လာမယ့်ဇန်နဝါရီလ (၂၃) ရက်နေ့အထိ ရွာကို အသွားအလာ ဆက်ပိတ်ထားမယ်လို့ ပြည်နယ် ပြည်သူ့ကျန်မာရေးနှင့် ကုသရေးဦးစီးဌာနကနေ ထုတ်ပြန်ပါတယ်။
2021-01-11
နိုဝင်ဘာလ ၈ ရက်နေ့က ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာ မဲစာရင်းမှားယွင်းမှုနဲ့ မဲမသမာမှုဖြစ်စဉ်ပေါင်း ၄၅ သိန်းကျော်အထိ ရှိခဲ့တယ်လို့ တပ်မတော်က ထုတ်ပြန်ထားပါတယ်။