သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2024-09-23
ရေစကြိုမြို့နယ် မအူအောက်ဆိပ်ရွာကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အမျိုးသမီး နှစ်ဦး သေဆုံးပြီး လေးဦး ဒဏ်ရာရခဲ့ပါတယ်။
2024-09-23
ရှမ်းပြည်နယ်မြောက်ပိုင်းက မြို့တချို့ထံ စစ်ကောင်စီတပ်က စစ်အင်အားအလုံးအရင်း ပို့ဆောင်နေတယ်လို့ မျက်မြင်တွေ့ရှိတဲ့ ဒေသခံတွေက စက်တင်ဘာလ ၂၃ ရက်နေ့မှာ RFA ကို ပြောပါတယ်။
2024-09-23
အင်းလေးဒေသက ရေဘေးဒုက္ခသည်တွေဟာ အကူအညီ လိုအပ်နေဆဲဖြစ်တယ်လို့ ဒေသခံတွေနဲ့ ကူညီကယ်ဆယ်ရေး လုပ်နေသူတွေက RFA ကို ပြောပါတယ်။
2024-09-23
သံဖြူဇရပ်မြို့နယ် ဝဲကလိရွာအခြေစိုက် အမှတ် (၄) တပ်မတော် တန်းမြင့်သင်တန်းကျောင်းက စစ်ကြောရေးစခန်းမှာ ဖမ်းဆီးစစ်ဆေးခံနေရတဲ့ ပိုင်ရှင်မဲ့ လူမှုကူညီရေးအသင်းက အသင်းဝင်ကိုးဦး အချိန်တစ်ပတ်နီးပါး ကြာလာတဲ့အထိ မိသားစုနဲ့ အဆက်အသွယ် မရသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။
2024-09-23
ရန်ကုန်မြို့၊ အင်းစိန်ဗဟိုအကျဉ်းထောင်က နိုင်ငံရေးအကျဉ်းသားတွေ အပါအဝင် အကျဉ်းသား ငါးရာနီးပါးကို စက်တင်ဘာလ ၂၂ ရက်နေ့ မနက်အစောမှာ ဒိုက်ဦးနဲ့ သာယာဝတီထောင်တွေဆီ ပြောင်းရွှေ့လိုက်ပါတယ်။
2024-09-22
ငါန်းမြာကြီးရွာ ဗုံးကြဲတိုက်ခိုက်ခံရမှုမှာ ရုပ်အလောင်းသုံးခုကို ထပ်မံရှာတွေ့တာကြောင့် ကလေးနဲ့ အမျိုးသမီးတွေအပါအဝင် စုစုပေါင်းသေဆုံးသူ ၁၄ ဦးအထိ ရှိလာပြီလို့ ဒေသခံတွေနဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။
2024-09-22
စစ်ကောင်စီတပ် တိုက်လေယာဉ်ကကြဲချတဲ့ ဗုံးလေးလုံးထဲက သုံးလုံးက နောင်ချိုမြို့ တဖန်ကုန်းရပ်ကွက်ထဲ ကျရောက်ပေါက်ကွဲခဲ့တာလို့ ဖော်ပြပါတယ်။
2024-09-22
နှစ်နိုင်ငံ ပြည်တွင်းသုံးငွေနဲ့ ပေးချေပြီး ကုန်သွယ်ခြင်းအားဖြင့် ငွေကြေးလဲလှယ်ဖို့ မလိုအပ်တော့တာကြောင့် ကုန်ကျစရိတ် လျှော့ချနိုင်ဖို့ မျှော်လင့်တယ်လို့လည်း ဖော်ပြပါတယ်။
2024-09-22
ရေဘေးသင့်ခဲ့တဲ့ အိမ်ထောင်စုတွေကိုလည်း ရေဖိုးနဲ့ မီးဖိုး တစ်လကင်းလွတ်ခွင့်ပေးတာ အပါအဝင် အစီအစဉ်အတော်များများကို အစိုးရက စီစဉ်နေတယ်လို့ ဝန်ကြီးက ပြောပါတယ်။
2024-09-22
ဇီးကွက်ဟာ သူ့ချစ်သူနဲ့အတူ အာဏာသိမ်းစစ်ကောင်စီ ဆန့်ကျင်ရေးတိုက်ပွဲမှာ ပါဝင်လာတဲ့ သူနာပြုဆရာမ တစ်ဦးပါ။ ဒါကြောင့်ပဲ မိသားစု စားဝတ်နေရေးအတွက် အားထားနေရတဲ့ သမီးဖြစ်သူကို မိခင်က အမွေပြတ် စွန့်လွှတ်လိုက်ပါတယ်။
2024-09-22
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ဆိပ်ခွန်ရွာမှာ စစ်ကောင်စီတပ်က စက်တင်ဘာလ ၂၁ ရက်နေ့မှာ လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် ရွာခံအမျိုးသမီးတစ်ဦး သေဆုံးပြီး သုံးဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။
2024-09-22
ပဲခူးတိုင်း၊ တောင်ငူခရိုင်နဲ့ ညောင်လေးပင်ခရိုင်အတွင်းက စစ်တောင်းမြစ်ဝှမ်းတစ်လျှောက်မှာ ရှိတဲ့ ရွာတွေက လူသုံးသိန်းကျော် ရေဘေးသင့်ခဲ့ပြီး အကူအညီတွေ လိုအပ်နေတယ်လို့ KNU က စက်တင်ဘာလ ၂၂ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
2024-09-22
ဖယ်ခုံမြို့နယ် လတိန်ရွာကို စက်တင်ဘာ ၂၁ ရက်မှာ စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်တာကြောင့် အရပ်သားတစ်ဦး သေဆုံးပြီး ကလေးနဲ့ အမျိုးသမီးတွေ အပါအဝင် ကိုးဦး ဒဏ်ရာရခဲ့တယ်လို့ IEC က ပြောပါတယ်။
2024-09-22
မြင်းခြံမြို့နယ်၊ ချေဆေးရွာကို စက်တင်ဘာ ၂၂ ရက်နေ့မှာ စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ အမျိုးသမီး နှစ်ဦး သေဆုံးပြီး ကိုယ်ဝန်ဆောင်တစ်ဦး အပါအဝင် နောက်ထပ် အမျိုးသမီး သုံးဦး ဒဏ်ရာရသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2024-09-22
ညောင်ဦးမြို့ ငှက်ကြီးခေါင်းချ ကျောင်းတိုက်အတွင်းက နှစ်တစ်ရာကျော် သက်တမ်းရှိတဲ့ ရှေးဟောင်း နှစ်ထပ်ကျောင်းဆောင်တစ်ခု စက်တင်ဘာလ ၂၁ ရက်နေ့ ညပိုင်းမှာ မီးလောင်ပျက်စီးခဲ့တယ်လို့ ညောင်ဦးမြို့နယ် မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။